
ဘေဂျင်း၊ ဇွန် ၂၂
ရုပ်ရှင်ကြည့် ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှုကို ရရှိထားတဲ့ တရုတ်အမျိုးသမီး သရုပ်ဆောင် ကျန်းကျိယီနဲ့ ဆောင်းဟေကျို (အွန်စော) ဇာတ်ကားသစ်ကို ဇူလိုင်လမှာ စတင်ရိုက်ကူးတော့မယ်လို့ Xinhua သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
The Crossing လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားကို တရုတ် နာမည်ကျော် ဒါရိုက်တာ ဂျွန်ဝူးက ရိုက်ကူးမှာဖြစ်ပြီး ချစ်ခြင်းဖွဲ့ သရုပ်ဖော် ဇာတ်ကားဖြစ်တယ်လို့ ဒီသတင်းမှာ ဆိုထားပါတယ်။
အကျော်အမော် သရုပ်ဆောင် ကျန်းကျိယီနဲ့အတူ ဂျပန်ထိုင်ဝမ် နွယ်ဖွား အမျိုးသား သရုပ်ဆောင် တာကီရှီကာနီရှီယိုနဲ့ ကိုရီးယား အမျိုးသမီး သရုပ်ဆောင် ဆောင်းဟေကျိုတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ချစ်ခြင်း သရုပ်ဖော်ထားတာ ဖြစ်ပြီး တရုတ် Titanic ဖြစ်လာလိမ့်မယ်လို့ ဇာတ်ကား ရိုက်ကူး ထုတ်လုပ်သူတွေက မီဒီယာတွေကို ပြောကြားထားပါတယ်။
The Crossing ကို Beijing Galloping Horse ရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်တာ ဖြစ်ပါတယ်။
၁၉၄၉ခုနှစ်က တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်ကို သွားတဲ့ ရေနွေးငွေ့ သင်္ဘောတစ်စီး ကုန်တင်သင်္ဘောနဲ့ တိုက်မိပြီး နစ်မြုပ်ခဲ့ရတဲ့ ဇာတ်လမ်းကျောရိုးကို ယူထားပြီး အချစ်ဇာတ်လမ်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ကျန်းကျိယီဟာ တရုတ်ကွန်ဖူး သိုင်းကားတွေ ရိုက်တာကနေ အနားယူတော့မယ်လို့ မကြာသေးခင်က ပြောဆိုထားခဲ့ပါတယ်။
No comments:
Post a Comment