Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 3, 2013

လူသားနှင့် လောကဓံ

ဗုဒ္ဓစာပေတွင်. ကုသလာကုသလေ ဓမ္မေ မနတိ ဇာနာတီတိ မနုေဿာ ..အကောင်းအဆိုးကို ခွဲခြား၍ သိတတ်သောကြောင့် လူဟု ခေါ်ဆိုပေသည်။
=လူတို့သည်....တစ်ခြားဘ၀တစ်ခုမှ ပြောင်းရွှေ့လာသော..သတ္တ၀ါတစ်ဦး ဖြစ်သည်။ ဤသည်မှာ... ဘ၀သစ်တစ်ဖန် မွေးဖွားလာခြင်း ဖြစ်သည်..။
မွေးဖွားလာခြင်းသည်... ချမ်းသာ မဟုတ်ပါ...ဇာတိပိ ဒုက္ခာ=မွေးဖွားရခြင်းသည် ဆင်းရဲပါ..။ ထို့နောက် မွေးဖွားပြီးလျှင် လူ့ဘ၀တစ်လျှောက်လုံး ကျန်းမာစွာဖြင့် နေရသည်မဟုတ်...အိုရ၊ နာရ ၊ သေရဦးမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဒါ့ကြောင့် ပါဠိတော်တို့တွင်...ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခာ၊ မရဏမ္ပိ ဒုက္ခံ ဟု ဟောထားခြင်းပင် ဖြစ်ပါသည်။
===မွေးဖွားလာလျှင် အိုရမယ်၊ နာရမယ်၊ သေရမယ်... ဒါတွေ အားလုံးဟာ.. ဆင်းရဲတွေပါပဲ...။
=ဒီဆင်းရဲတွေမှ လွတ်မြောက်ချင်လျှင်.. မဂ္ဂင် (၈) ပါး အကျင့်မြတ်ကို လက်တွေ့ကျင့်သုံးကာ ဆင်းရဲတွင်းမှ လွတ်မြောက်ရေး လမ်းစဉ်ကို လိုက်နာကျင့်သုံး ရမည်။
==ဘ၀ထဲမှ ရုန်းမထွက်နိုင်လျှင်... နောက်ဘ၀သစ်တစ်ဖန် မွေးဖွားကာ.. နောက်ဘ၀သစ်တစ်ခုကို.. ရှင်သန်ရဦးမယ် ဖြစ်သည်..။ ဆင်းရဲတွေကို ခံစားရဦးမည် ဖြစ်သည်။ ဘ၀တွေ ဆက်ကာ ဆက်ကာ ဖြစ်နေတာကို ဘ၀သံသရာ ဟု ခေါ်၏။
=လောကမှာ အကဲ့ရဲ့ခံရသော သူဟူ၍ မရှိပါ။။ အားလုံး အကဲ့ရဲ့ ခံရဖူးသည်သာ..။
လူ့ဘ၀တစ်ခုပိုင်ဆိုင်လာလျှင်... လောကဓံတရားတို့နှင့် တွေ့ကြုံရင်ဆိုင် ရမည်ဖြစ်သည်...။
==ယင်းလောကဓံ တရားကို ခံနိုင်ရည်မရှိလျှင်.. ရူးသွတ်သွားနိုင်သည့်အထိ ဖြစ်တတ်ပါ၏။
==လောကဓံ တရား (၈) ပါးမှာ..
၁။ လာဘော = ပစ္စည်းရခြင်း၊
၂။ အလာဘော = ပစ္စည်းမရခြင်း၊
၃။ ယသော =အခြံအရံ များခြင်း၊
၎။ အယသော = အခြံအရံ မဲ့ခြင်း၊
၅။ နိန္ဒံ = ကဲ့ရဲ့ ခံရခြင်း၊
၆။ ပသံသံ =ချီးမွမ်းခံရခြင်း၊
၇။ သုခံ = ချမ်းသာခြင်း၊
၈။ ဒုက္ခံ = ဆင်းရဲခြင်း တို့ ဖြစ်သည်။..
===လူသားမှန်သမျှ ဒီတရား (၈)ပါးတို့နှင့် ကျိန်းသေပေါက် တွေ့ကြုံရမည်မှာ အမှန်ပင် ဖြစ်သည်....။ ခံနိုင်ရည် ရှိဖို့တော့ လေ့ကျင့်ရမည်။....
လူသားနှင့် လောကဓံ....၊ လောကဓံနှင့် လူသား.... ဒွန်တွဲနေသည်ဟု ဆိုရပေမည်...။

No comments:

Post a Comment