Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 5, 2013

အရက်နာကျခြင်း




ရှေးမြန်မာ့ တိုင်းရင်းဆေး ကျမ်းများ အလိုအရတော့ ရောဂါ ကြီး ၉၆ပါး ရှိသည်ဟု ကြားဖူး သည်။ အင်္ဂလိပ် ဆေးပညာမှာ လည်း အရင်ရှိပြီးသား ရောဂါများ နှင့် အသစ်တွေ့ ရှိသည့် ရောဂါ များပါနှင့်ဆို ရောဂါတွေ ကများ ပြားလှသည်။ လူကို ဒုက္ခပေးတတ် သည့် ရောဂါ တိုင်းက သေစေနိုင် သည်တော့ မဟုတ်။ ဒီလိုပဲ ရောဂါ တိုင်းကို ပျောက်ကင်းအောင် ကုဖို့ ကလည်း မဖြစ်နိုင်။

ကင်ဆာလို သေစေ တတ်သည့် ပြင်းထန်လှ သောရောဂါ မျိုးကို ပျောက်ကင်း အောင်ကုသလို့ မရတာ သဘာဝ ကျပေမယ့် ၁၂လရာသီဖျား တတ်သည့် တုပ်ကွေးတို့လို၊ အမျိုးသမီးများ တစ်လ တစ်ကြိမ် ရာသီပန်း ပွင့်သည့် အချိန် နာ ကျင်ကိုက်ခဲ တာတို့လို ရောဂါ သေးလေး တွေကို ပျောက်ကင်း အောင်ကုသ မရနိုင်သည်ကတော့ မချင့်မရဲ ဖြစ်စရာ။

ဒီလိုမျိုး လူကို လည်းသေ စေမှာ မဟုတ်၊ ပျောက်အောင် လည်းကုလို့ မရသည့် ရောဂါ မျိုးထဲမှာ အရက်နာ ကျတာလည်း ပါသည်။ အဲ တစ်ခုတော့ ရှိသည်။ အရက်နာ ကျတာက ပျောက်အောင်ကုလို့ မရပေမယ့် ကာကွယ်လို့တော့ ရသည်။ အ ရက်နာမကျချင်ရင် အရက်မသောက် နဲ့။ အရက် မသောက်တဲ့သူ ဘယ် သောအခါမှ အရက်နာ မကျ။

ဒါ ပေမယ့် အရက်ဆိုတာ စွဲတတ် သည်။ အရက်ထဲမှာ လောက၏ အလှအပကို ရှာဖွေ တွေ့နေပြီဆို ရင် အရက်ဖြတ်ဖို့ ခက်ပြီ။ လော ကကြီးကို အရက်ပုလင်း ထဲကနေ ကြည့်ရင် ပိုပြီးသာယာသည်ဟု မြင်ရပြီ ဆိုရင် အရက်စွဲ နေပြီ။ ပျောက်ရင်လည်း သောက်သည်။ စိတ်ညစ်ရင်လည်း သောက်သည်။ အရက်ကို ကြိုက်လို့ သောက် တဲ့သူ၊ စိတ်ပျော် တတ်လို့ သောက်တဲ့သူ၊ သောက်ပစ်လိုက် မယ့် အမူးသမား။ အရက်သောက် လိုက်သည့်အခါ စိတ်ညစ်ညူး စရာတွေ ပျောက်ကင်း သွားသည် ဟုထင်သည်။ ဒုက္ခတွေ ပျောက် ကင်းသွား သည်ဟု ထင်သည်။ ဒုက္ခတွေ၊ စိတ်ညစ်စရာတွေ တကယ်ပျောက် မပျောက်တော့ မသိ။

နောက်နေ့ မနက်ရောက်တော့ အမှန်တကယ် စိတ်ညစ်စရာ တစ်ခုနှင့် မကြုံမဖြစ် ကြုံကြရပြီ။ ပါးစပ်မှ စားသောက် လိုက်သမျှ မှာ ပါလာ တတ်သည့် အဆိပ်အ တောက်တွေကို အသည်းမှ ခြေဖျက် ပေးရသည်။ အရက်သောက် လိုက်ရင် အရက်မှာ ပါလာသည့် အဆိပ်တွေကို အသည်းမှ ချေဖျက် ပေးသည်။ အရက် သောက်လိုက်ပြီး အချိန်အတိုင်း အတာ တစ်ခုကြာ ပြီဆိုရင် သွေးထဲမှ အယ်လ် ကိုဟောဓာတ်သည် သုညပြန် ဖြစ်သွား သည်။ အရက်နှင့် အတူ ပါလာသည့် အဆိပ်ဓာတ် တွေလည်း ကင်းစင်သွား သည်။

ဒါပေမယ့် အရက်ကြောင့် ခန္ဓာကိုယ် အတွင်းမှာ ဖြစ်ရသည့် ထိခိုက်ဒဏ်ရာ များက ဆက်လက် ဖြစ်ပွားပြီး ကျန်ခဲ့သည်။ အနီးစပ်ဆုံး ဥပမာ ပြရမည်ဆိုရင် အရက်နာကျ သူများကို ပဲကြည့်။ ခေါင်းတွေကိုက် ခဲ့ပြီး ကျန်ခဲ့သည်။ အစာအိမ် မကောင်း၊ စားသမျှပြန်အန် ထွက်သည်။ ဗိုက်နာ သည်။ ရေဆာသည်။ အခန့်မသင့်ရင် ဝမ်းလျှောမည်။ တုန်တုန်ယင်ယင်ဖြစ် သည်။

ဒါတွေက သွေးထဲမှာ အရက် မရှိတော့ပေမယ့်၊ အယ်လ်ကိုဟော ကို တိုင်းတာလို့ မရတော့ပေမယ့် ခန္ဓာကိုယ်ထဲမှာ ဆက်ပြီးဖြစ်ပွား နေသည့် ဒဏ်ရာများကို ဖော်ပြနေသည်။ အရက်နာ ဘာလို့ကျရသလဲ။ သိပ္ပံပညာရှင်တွေ အပြည့်အဝ မရှင်း နိုင်ကြသေး။ အကြောင်းတစ်ခုက သွေးထဲမှာ အရက် မရှိတော့ သဖြင့် အရက်ပြတ် ခြင်း၏ဒဏ်(withdrawl) ကိုခံရခြင်းဟု ဆိုသည်။

ဒါကြောင့် တုန်တုန်ယင်ယင် ဖြစ်ရသည်။ ဇောချွေး တွေ ပြန်ရသည်။ အရက်ပြတ် ခြင်း၏ လက္ခဏာတွေ။ နောက်အကြောင်း တစ်ခုကတော့ ရေဓာတ် ဆုံးရှုံးခြင်း ကြောင့်ဖြစ်သည်။ ခန္ဓာကိုယ်မှာ ဆီး အလွန်အကျွံ မသွားစေရန် ထိန်းချုပ် ပေးသည့် ဟော်မုန်း တစ်မျိုးရှိသည်။ အရက်က ထိုဟော်မုန်းကို တားမြစ် နိုင်စွမ်း ရှိသည်။ ဒီတော့ ဆီးတွေ ပိုထွက်ပြီး ရေဓာတ် ဆုံးရှုံးသည်။

ဒါကြောင့် ဘီယာဆိုင်၊ အရက်ဆိုင် တွေမှာ အိမ်သာတွေ အမြဲလူပြည့် သည်။ ဘီယာသောက်ပြီးရင် ဆီးများ များသွားသည်။ ဒီတော့ နောက်နေ့ မနက် အရက်နာကျသည့်အချိန်မှာ ရေငတ်သည်။ နုံးချည့် သွားသည်။ နောက်အကြောင်း တစ်ချက် ကတော့ အရက်သည် ခန္ဓာကိုယ်ထဲက သကြား ဓာတ်ကို ကျစေသည်။ ထို့အတွက် ကြောင့် လူကအား မရှိသလိုဖြစ်သည်။ အရိုးတွေ ထဲမှာ မာကျောမှု မရှိတော့ သည့်နှယ် ခံစားရသည်။ လူက လေးလံနေသည်။ အရက်ကို ချေဖျက်ဖို့ ရာအတွက် ခန္ဓာကိုယ်က အရက်ထက် ပြင်းသည့် ဓာတ်တွေကို ထုတ်ပေး ရသည်။ အရက်မသောက်ရင် ထိုဓာတ်ပေါင်း အပြင်းစားတွေ ထွက်လာမှာ မဟုတ်။

ထိုဓာတ်များ၏ အရှိန်ကြောင့် လူ သည် အရက်နာ ကျသည့်အခါ အန်ချင် သည်။ အရက်ကြောင့် အန်တာ မဟုတ်။ အရက်ကို ချေဖျက်ဖို့ ထုတ် ပေးသည့် ဓာတ်များကြောင့် အန်ရ ခြင်းဖြစ်သည်။ နောက်အရက်က ရောင်ရမ်းခြင်း (inflammation) ကို အားပေးသည်။ သွေးဖြူဥတွေကို လှုံ့ဆော်ပေးတတ်သည့် အာနိသင်ရှိ သည်။

သွေးဖြူဥများမှ တစ်ဆင့် Cytokines ခေါ်သော ရောင်ရမ်း လှုံ့ဆော်ပစ္စည်းများကို ထပ်မံထုတ် လွှတ်ပေးသည်။ ဒီလိုနှင့် အရက်နာကျ သည့်အခါတုပ်ကွေးမိသကဲ့သို့ တစ် ကိုယ်လုံးနာကျင်ကိုက်ခဲသည့် ဝေဒနာ ကို ခံစားကြရသည်။ အရက်နာ ကျသည့်အခါ ရုပ်ပိုင်း ဆိုင်ရာကိုသာ ထိခိုက် နစ်နာစေသည် မဟုတ်။ စိတ်ပိုင်း၊ အာရုံကြောပိုင်း ဆိုင်ရာများကိုပါ ထိခိုက် စေသည်။ အရက်နာကျရင် မျက်စိတွေဝါးနေ သည်။ အာရုံစိုက်လို့မရ။ အလုပ်မတွင် ကျယ်။ ငူငူငေါင်ငေါင်နှင့် တစ်နေကုန် သည်။ လေယာဉ်ပျံ ပိုင်းလော့တွေ ညဘက်အရက် သောက်ပြီး နောက်နေ့ မနက်လေယာဉ်ပျံ မောင်းသည့်အခါ စွမ်းဆောင်ရည် ကျသည်ကို သုတေ သနများအရ တွေ့ရသည်။ ကား မောင်းသမားများ မှာလည်း ထိုနည်း လျင်လျင်။ အရက်နာကျနေရင် စက် ယန္တယားတွေ ပုံမှန်ကိုင်တွယ် မောင်း နှင်ခြင်း မပြုနိုင်။ သို့ပေမယ့် မူးပြီး မမောင်းရ အရက်သောက်ပြီး မမောင်းရ ဆိုသည့် ဥပဒေ သာရှိသည်။ အရက်နာ ကျနေရင် ကားမမောင်းရ ဆိုသည့် ဥပဒေမရှိသေး။ ဒါပေမယ့် အရက်နာကျပြီး ယာဉ်၊ ယ္တယား တွေကိုင်တွယ် မောင်းနှင်လျှင် အန္တရာယ် က ကြီးလှသည်။  

ဒေါက်တာလွှမ်းမိုးဟန်

No comments:

Post a Comment