Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 13, 2013

မိန်းမမြတ်ခွဲခြားနည်း

မိန်းမမြတ်ခွဲခြားနည်း

 ကျွန်တော်တို့ ပုရိသ ယောက်ျားတွေအနေနဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ်ကိုယ်တိုင် ချစ်လို့ ယူကြတာပဲ ဖြစ်ဖြစ်၊ မိဘက သဘောတူလို့ လက်ထပ်တာပဲဖြစ်ဖြစ်… ကို...ယ်ရဲ့ ဘ၀လက်တွဲဖော်မိန်းမရဲ့ သန္တန်ကို များစွာ သိရှိဖို့လိုပါတယ်။ ဒါကြောင့် ယူသင့်သော မိန်းမရဲ့ စရိုက်နဲ့ မယူသင့်သော မိန်းမတွေရဲ့ စရိုက် လက္ခဏာကို ဖော်ပြပေး လိုက်ပါတယ်။ သေချာကတော့ သာယာ တဲ့ အိမ်ထောင်ရေး တစ်ခုတည် ဆောက် ချင်ရင် အချစ်တစ်ခုတည်း နဲ့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဘယ်လိုထင်ကြပါသလဲဗျာ…...........

..........မယူသင့်သော အကြင်မိန်းမတို့၏ သန္တန်
ငြင်းခုံတတ်သည့် အလေ့ရှိသော
ငြူစူစောင်းမြောင်းပြောဆိုလေ့ရှိသော
မြင်မြင်သမျှ လိုချင်တက်မက်လေ့ရှိသော
များစွာချက်ပြုတ် စားတတ်သော
လင်ယောက်ျားမစားမီ အဦးအများစားတတ်သော
သူတစ်ပါး၏ အိမ်သို့ သွားတတ်နေတတ်သည့် အလေ့ရှိသော မိန်းမမျိုးကို သားတစ်ရာပင် ရငြားသော်လည်း လင်ယောက်ျားသည် စွန့်ပစ်ရာ၏

............ယူသင့်သော အကြင်မိန်းမတို့၏ သန္တန်

စားမှုဝတ်မှု တို့တွင် မိခင်ကဲ့သို့ နှစ်သက်ဖွယ် ပြုတတ်လျှင်
မမြင်အပ်ရာ၊ ရှက်ဖွယ်ရာ အမှုကိစ္စတို့တွင် နှမကဲ့သို့ လွန်စွာရှက်တတ်လျှင်၊
လင်ကို လုပ်ကျွေးပြုစုရာတွင် ကျွန်မကဲ့သို့ ရိုသေစွာ ပြုတတ်လျှင်
ဘေးရောက်သောအခါ တိုင်ပင်ဖော် တိုင်ပင်ဖက်ရလျှင်
အိပ်သောအခါတွင် မွေ့လျော်စေတတ်လျှင်
ရုပ်ဆင်းအင်္ဂါ တင့်တယ်စွာ ပြုပြင်တတ်လျှင်
အမျက်ထွက်သောအခါ သည်းခံတတ်လျှင် …………….. မိန်းမမြတ်ဟု ဆိုအပ်ပေ၏။

မိန်းမမြတ် တို့၏ အ၇ည်အချင်း

အပျိုေ၇ာ အအိုရော မိန်းမအားလုံးတို့နှင့် သက်ဆိုင်သော မြတ်စွာဘုရား ၏ ဆုံးမချက်များမှာ-

မိန်းမတို့ချမ်းသာချင်သည် ကောင်း၇ာသုဂတိသို့ ရောက်ချင်သည် ဆိုပါလျှင် အောက်ပါအချက်တို့နှင့် အများဆုံး ပြည့်စုံအောင် ကျင့်ကြံရန်လိုသည်။

(၁) သဒ္ဓါ တရားရှိဘို့လိုသည်။ရတနာသုံးပါး ဆရာမိဘ ရိုသေခါ
ကုသိုလ်ကံ အကုသိုလ်၏ အကျိုးအပြစ်ကိုယုံကြည်ရပါမည်။(သဒ္ဓါ)

(၂) မကောင်းမှု့ဒုစရိုက် ပြုရမှာ လုပ်ရမှာကို ရှက်တက် ရန်လိုပါသည်။
ရှက်တက်ပြီး ရှောင်ကြဉ် ရပါမည်။(ဟီရိ)

(၃) မကောင်မှု့ဆိုသောကိစ္စ ကို အကြောက်ကြီး ကြောက်သင့်ပါသည်။
အဝေးကရှောင်သင့်ပါသည်။(သြတ္တပ္ပ)

(၄) ဆတ်ဆတ်ထိမခံ အမျက်စောင်မာန် မကြီးရပါ၊စိတ်ရှည်ရှည်ထားခါ သည်း
ခံတက်ရပါသည်။(အက္ကောဓ)

(၅) ပညာဥာဏ်ရင့်သန်အောင်ကြိုးစားရပါသည်၊အတန်းပညာကိုမဆိုလိုပါ၊
ဆင်ခြင်ဝေဖန်တက်သည့် ၀ိစာရဏ ပညာနှင့်ပြည့်စုံရန် ကြိုးစား၇ပါမည်။(ပညာ)

(၆) သူတပါး၏ဂုဏ်ကျေးဇူးကို မဖျက်ဆီးရပါ၊သူ့သိက္ခာ၊လူ့သိက္ခာကိုစောင့်ထိန်းရ
ပါသည်။(အမနာပ)

(၇) သူတပါးအား မနာလိုဝန်တိုခြင်း မပြုရ၊ စောင်းမြောင်း ငြူစူခြင်း မပြုရ။(က္ကသာ)

(၈) ကိုယ့်လိုလှမှာ ကိုယ့်လိုချမ်းသာမှာ မကြိုက်နိုင်သည့် စိတ်မျိုးမထားရ၊
သ၀န်မကြောင်ရ၊ သူများကိုယ့်လို ဖြစ်မလာပါစေနဲ့ဟု သဘောမထား၇ပါ။(မစ္ဆရိယ)

(၉) ကိုယ့်ကျင့်သီလ ထိန်းရပါမည်၊တက်နိုင်လျှင် ငါးပါးသီလကို လုံခြုံအောင်
စောင့်ထိန်းရ ပါမည်။(သီလ)

(၁၀) အကြားအမြင် အတွေ့အကြုံဗဟုသုတ များအောင်ဆည်းပူးရပါသည်။(သုတ)

(၁၁) အပျင်း မမွေ့ရပါ အပျင်းမထူရပါ အလုပ်ကိုကြိုးစားရပါမည်။(ကုသိတ)

(၁၂) မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် မနေရ၊ မပြောရ၊ အရာရာ သတိရှိရှိ

ဖြင့် ဆောင်ရွက်ရပါသည်။(သတိ)

ဖေါ်ပြပါ အချက်တဆယ့်နှစ်ချက်လုံးနှင့် ပြည့်စုံအောင် လိုက်နာကျင့်ကြံနိုင်သူမျိုးတော့ရှားပါလိမ့်မည်၊ ရှိတော့ရှိနိုင်သည်။ ထိုအချက်တွေထဲက ခပ်များများနဲ့ပြည့်စုံအောင်ကြိုးစားယူလျှင်တော့ ရနိုင်ပါသည်။အချက်တချက်လောက်ပြည့်စုံသည်ဆိုလျှင်ပင် ချမ်းသာသုခရနိုင်ပါသည်။ကောင်းရာသုဂတိရောက်နိုင်ပါသည်။ထိုအချက်များနှင့်မပြည့်စုံ ဆန့်ကျင်ခါ ကျင့်သုံးလျှင်မှု ဆင်းရဲ ဒုက္ခတွေ့ကြရမည်။သေလျှင်အပါယ်ငရဲသို့လဲ ကျတက်ပါသေးသည်။ ဥပမာ သဒ္ဒါရှိလျှင်ချမ်းသာမည် သဒ္ဒါ ကင်းမဲ့လျှင်ဆင်းရဲမည်။ ထိုကဲ့သို့ အချက်ဆယ့်နှစ်ချက်လုံးမှ တချက်စီအပြန်အလှန် နားလည်နိုင်ပါသည်။

မိန်းမများဆောင်ဖို့ရှောင်ဖို့ မြတ်စွာဘုရားဟောကြားချက်အတိုင်း လိုက်နာသောမိန်းမသည်မိန်းမကောင်းမန်းမမြတ် ပင်ဖြစ်သည်။ဆောင်ရမှာက.............................
သဒ္ဒါ ၊ ဟီရိ ၊ သြတ္တပ္ပ ၊ ပညာ ၊ သီလ ၊ဗဟုသုတ ၊ ခုနှစ်ချက်၊ ရှောင်ရမှာက ဒေါသ ၊ အမနာပ ၊ က္ကသာ ၊ မ စ္ဆရိယ ၊ ပျင်းရိခြင်း ကုသိတ ၊ခြောက်ချက်ဖြစ်၏။ အထူးမှာ မိန်းမသည် အလှစွမ်းအားကြောင့် ၄င်း၊ပစ္စည်းစွမ်းအားကြောင့်၎င်း ၊ဆွေမျိုး တောင့်သောကြောင့် ၄င်း၊ အားကိုရမည့် သားယောက်ျား ရှိသောကြောင့်၎င်း၊ကောင်းရာသုဂတိသို့ မေ၇ာက်နိုင်၊ ကိုယ်ကျင့်သီလ ရှိမှသာ ကောင်းရာ ဘ၀ သို့ရောက်နိုင်ပေသည်၊ ထို့ကြောင့်အကျင့်ကောင်းမှု့” အား ” ကိုပိုမွေးရန်လိုပေသည်။

ထို့အပြင် မိန်းမများတွင် ယောက်ျားများ ကြိုက်တက်သော အချက်တို့ကိုလည်း မြတ်စွာဘုရားက

ညွှန်ပြထားခဲ့၏ ယောက်ျားကြိုက်သောအချက်တို့မှာ -

အချောအလှ၊ဥစ္စာဓန၊ အကျင့်ကောင်းမှု့၊ အလိမ္မာရှိမှု၊........တို့ဖြစ်သည်။

ကုသိုလ်ရှိသော မိန်းမတို့မှသာ-

(၁) အမျိုးကောင်း မိဘ၀မ်းတွင် ၀င်စားခွင့်ရှိသည်။

(၂) လင်ကောင်းရသည်။

(၃) သားယောက်ျား ရနိုင်သည်။

(၄) လင်၏ချစ်ခင်ယုယမှုကို ခံယူရသည်။

ကုသိုလ်မ၇ှိသော မိန်းမတို့မှာမှု ဖော်ပြပါ ငါးရပ်တို့နှင့် မပြည့်စုံဖြစ်တက်သည်၊ထို့ကြောင့် မိန်းမဘ၀ တွင် အောင်မြင်ချင်သူတိုင်းသည် ကုသိုလ် ကို စုဆောင်း နိုင်ကြ ပါစေ လို့......................

မိန်းခလေတိုင်း မိမိတို့ကို မိမိတို့ ယခုဖော်ပြပါ အချက်တွေနှင့် ညီမညီကို သေသေချာချာ ဆန်စစ်လေ့လာ၍ အချိန်မှီပြုပြင်နိုင်ရန် အတွက်

Credit: forverfriends.ning

No comments:

Post a Comment