Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 2, 2013

နောက်ဘ၀ကျရင် ပြင်သစ်မှာကလေးဖြစ်ချင်တယ်

ပြင်သစ်တွင် ကျောင်းသားများကို အိမ်စာပေးခြင်းအားတားမြစ်

Category: မောက္ခနိုင်ငံတကာသတင်း 

ပြင်သစ်နိုင်ငံတွင် ကျောင်းသားများကို အိမ်စာပေးရန်တားမြစ်ခြင်းအား သမ္မတကိုယ်တိုင်ထုတ်ပြန်လိုက် ကြောင်း သတင်းများအရ သိရှိရသည်။

ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်းဒေးသည် အခက်အခဲနှင့် ကြုံတွေ့နေရသည့် ပြင်သစ်နိုင်ငံပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲသည့်အနေဖြင့် ယင်းအမိန့်ကို စတင်ထုတ်ရခြင်းဖြစ်သည်ဟုဆိုသည်။

"အိမ်စာပေးလိုက်ရင် အိမ်ကမိဘတွေက လုပ်ပေးနေတဲ့ကျောင်းစာကို မျှတတယ်လို့ ကျွန်တော်မထင်ဘူး။ ဆင်းရဲတဲ့ မိဘတွေက ဘယ်မှာ အဲဒီလိုမျိုး လိုက်လုပ်ပေးနိုင်မှာလဲ။  ဒါဟာ ပြင်သစ်တွေ ပညာရေးဦးတည် ချက်နဲ့ လွဲနေတယ်ဆိုတာပြတာပဲ။ အမေရိကန်တွေမှာ ဒါမျိုးတွေကို ဆန့်ကျင်နေကြပြီ" ဟုသမ္မတ ကဆိုသည်။

ဟော်လန်းဒေး၏ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွင် ကျောင်းဆရာ ဆရာမများကို အရေ အတွက်တိုးချဲ့ရေး၊ တစ်ပတ် ၄ ရက်ကျောင်းတက်စနစ်အစား၊ ၄ ရက်ခွဲတက်ရေး၊ သင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ်ရေးနှင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေခွင့်မရခြင်းကို ပြန်လည်ဆန်းစစ်ရေး များ ပါဝင်သည်ဟုဆိုသည်။

"ပညာရေးဆိုတာ ဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စတွေထဲမှာပါတယ်။ ပညာရေးအစီအစဉ်ဆိုတာ လူမှုရေး အစီအစဉ်တစ်ခုပဲ။ ကျောင်းစာကို ကျောင်းမှာလုပ်စေတာ အကောင်းဆုံးပဲ။ ကျောင်းစာကို အိမ်ပေးလိုက် တာ အကျိုးရှိနိုင်တဲ့ ကိစ္စတစ်ခုလို့တော့ ကျွန်တော်မမြင်ဘူး" ဟု သမ္မတကဆိုသည်။

No comments:

Post a Comment