Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 13, 2013

အနုပညာနဲ့နိုင်ငံရေးမရောထွေးသင့်ဟုဆိုတဲ့ ဇင်ယော်မောင်မောင်သို့/-

အနုပညာနဲ့နိုင်ငံရေးမရောထွေးသင့်ဟုဆိုတဲ့ ဇင်ယော်မောင်မောင်သို့/-
ဇင်ယော်ဆိုတာကစွမ်းအားရှင်ရဲ့စကားဝှက်ပါ။ ပန်းကြာဝတ်မှုန်ကားကိုတော့မကြည့်ဘူးပါဘူး။အေးဗျာသိတာတခုတော့ရှိတယ်အဲ့ဒါပေါ်လစီကား။ပေါ်လစီကားဆိုတာကိုခဏထားပါ။ပိုက်ဆံဘယ်လောက်အကုန်အကျခံထား တယ်ဆိုတာလဲစိတ်မဝင်စားဘူး။စိတ်ဝင်စားတာတခုတော့ရှိတယ်ဗျာ့။၈၈အရေးအခင်းအကြောင်းလေးပါတာသိတယ်။အဲ့ဒီအကြောင်းအရာလေးကိုပဲစိတ်ဝင်စားတယ်ဗျာ။၈၈ဘာကြောင့်ဖြစ်ရတာလဲ?၈၈မှာတုန်းကတကယ် ပဲတိုင်းပြည်ချောက်ထဲကျတော့မှာလား?ချောက်ထဲကျတော့မှာလားချောက်ထဲဆွဲချနေကြတာလား?ဘယ်သူတွေကလုပ်ခဲ့တာလဲ?သိရသလောက်အဲ့ဒီဇတ်ကားက၈၈ကိုသေးသိမ်အောင်မှေး မှိန်အောင် လုပ်တဲ့ဇတ်ကားလို့ပဲမြင်တယ်။စစ်တပ်(ထောက်လှမ်းရေး)ကချောက်ထဲဆွဲချ၊စစ်တပ်က ကယ်တင်ရှင်ဝ င် လုပ်တယ်လို့ပဲမြင်ပါတယ်။သမိုင်းမှန်ကိုတော့ကာယကံရှင်တွေကပိုသိမှာပေါ့နော်။၈၈ကိုမှေးမှိန်အောင် လုပ်တဲ့လုပ်ရပ်ကိုလက်မခံနိုင်ပါဘူး။စွမ်းအားရှင်မောင်မောင်ရေတက်သစ်စမော်ဒယ်မကလေးတွေကိုခြေတော်တင်ပြီးပြုစုပြိုးထောင်ပေးနေတာ အ င်မတန်မှဂုဏ်ယူစရာပါ။စစ်တပ်ကောင်းစားစဉ်အချိန်အခါမှာပြည်သူကြိုက်တာမကြိုက်တာမသိ ဖေါ်လန် ဖား ပေါ်လစီကားတွေရိုက်နေတာတွေကကောဗျာအနုပညာနဲ့ရောထွေအောင်လုပ်အမြတ်ထုတ်တာမဟုတ်ဘူးလား?အနုပညာဆိုတာပြည်သူအတွက်လို့အမှန်တကယ်ခံယူတယ် ဆိုရင်ပြည်သူမကြိုက်တဲ့အနုပညာတင်ဆက်မှုတွေကို ရွှေတောင်ပုံကြီးထွက်နေ ပါစေဘယ်တော့မှမ လုပ်ပါ ဘူး။ခုတော့ဗျာကိုယ်ကတော့လုပ်ချင်ရာလုပ်မယ်သူများလုပ်တာကိုကြလက်မခံနိုင်တာအတော်ကိုတရားကျ စရာကောင်းလှပါတယ်။

No comments:

Post a Comment