Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 18, 2013

‘မာယာရှင်’ဆိုတဲ့ အသံတိတ်ဇာတ်ကားနဲ့ အနုပညာခြေလှမ်းစတင်ခဲ့သူ ဝါရင့်သရုပ်ဆောင်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်နဲ့ တွေ့ဆုံခြင်း

ယနေ့ခေတ် အနုပညာလောကမှာ အောင်မြင်မှုပန်းတိုင်ဆီ အရောက်လှမ်းသီနိုင်ပေမယ့် အဲဒီအောင်မြင်မှုကို ထိန်းသိမ်းနိုင်တဲ့ အနုပညာရှင် တွေကို  လက်ချိုး ရေတွက် လို့ရပါတယ်။ အထူးသဖြင့် အောင်မြင်ကျော်ကြားနေတဲ့ အမျိုးသမီး အနုပညာရှင်တွေ ဟာ အိမ်ထောင်ရက်သားကျလို့ ရင်သွေးတွေ မွေးဖွားကြပြီး နောက်ပိုင်းမှာတော့ အနုပညာ လောကမှာ မြင်တွေ့ရခဲပါ တယ်။ တစ်ခေတ်တစ်ခါက အသံတိတ်ဇာတ်လမ်းနဲ့ အနု ပညာလောကထဲ စတင်ဝင်လာ ပြီးအောင်မြင်မှုတွေ ရယူပိုင် ဆိုင်ထားရှိပြီး  ယနေ့ထိတိုင် အနုပညာလောကမှာ အောင် မြင်ထင်ရှားနေသလို ပရိသတ် တွေ  ရင်ထဲမှာလည်း  နေ ရာယူထားနေဆဲ ဝါရင့်ရုပ်ရှင် သရုပ်ဆောင်တစ်ဦးကတော့ အကယ်ဒမီမြင့်မြင့်ခင်ပဲ ဖြစ် ပါတယ်။သားသမီး ငါးယောက် ကိုမွေးဖွားထားပြီး မြေးတွေ တောင်ရနေတဲ့အရွယ်ထိ တောင် အနုပညာလောကမှာအနု ပညာ ရှင်တွေက လေးစားချစ်ခင်ကြ သလို ပရိသတ်တွေနဲ့လည်း ယနေ့ထိတိုင် အနုပညာစိတ်ရင်း ခံနဲ့ ထိတွေ့နေဆဲလို့ ဆိုရမှာပါ။ ဒါကြောင့်ဒေါ်မြင့်မြင့်ခင်နဲ့ တွေ့ ဆုံခိုက်အောင်မြင်ထင်ရှား ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ တစေ့ တစောင်းဘဝအမှတ်တရများကို မေးမြန်းကြည့်ခဲ့ပါတယ်။
မေး- အောင်မြင်ကျော်ကြားမှု နောက်ကွယ်မှာ အမေရင်းနှီး ပေးဆပ်ခဲ့ရတဲ့ ဘဝအမှတ်တရ၊ စာမျက်နှာထက်က အမှတ်တရကို ပြန်လည်အောက်မေ့ ကာ ပြောပြစေချင်ပါတယ်။
ဖြေ – ကျောင်းတက်ရင်း စစ် ဖြစ်သွား လို့ အတန်းပညာကို မသင်ယူလိုက်ရဘူး။ စစ်ပြီးမှ စီးကရက်ဟတ်မှာ ကျောင်းပြန် တက်ရင်း အနုပညာပိုးဝင်လာ တယ်။ စိန်ဂျွန်းကြက်ခြေနီမှာစေတနာ့ဝန်ထမ်းဝင်လုပ်တယ်။ စနေ၊တနင်္ဂနွေမှာဆိုရင် လူနာတွေကို လိုက်ကြည့်ရင်းကနေ ရန်ပုံငွေကပွဲရှိလို့ဆိုပြီး အပြင် လူမပါဘဲ လုပ်အားပေးတဲ့လူ တွေထဲကသာမင်းသား၊မင်းသမီး ရွေးရင်း အမေက ဝင်ပြိုင်တာနဲ့ အနုပညာစလုပ်ဖြစ်ခဲ့တယ်။ ကျောင်းတက်နေရင်း မုဆိုးမ အမေကိုသနားလို့ လုပ်ကျွေးချင်လို့ဆိုပြီး ဝင်လုပ်ဖြစ်တာ။ အဲဒီတုန်းကမင်းသားရဲမြင့်ရဲ့ ရှုတင် ကားကလာကြိုနေကျမို့လို့ ထွက် ထွက်ကြည့်ရင်းကနေ အမေနဲ့ ရင်းနှီးသွားတယ်။ နောက်တော့ သူက မင်းသမီးလုပ်မှာလား လာစနေတာကိုသူငယ်ချင်း မာရီနာနဲ့တိုင်ပင်ပြီး လုပ်ကြည့် မှာ လားဆိုပြီး စလုပ်ဖြစ်တယ်။ အိမ်ကမသိအောင် ခိုးလုပ်တယ်။ တအား အားကျတဲ့မင်းသမီးက တင်တင်မူလေ။ တစ်နေ့ အစမ်းလေ့ကျင့်မယ်ဆိုပြီး အမေက အဝတ်အစားပါမလာတော့ တင်တင်မူရဲ့အဝတ်အစားနဲ့ အတော် လေးလိုက်ဖက်ပြီး ကွက်တိကျ လို့ သူ့အဝတ်အစားနဲ့ အစမ်း လေ့ကျင့်ခဲ့ရတယ်။
နောက် သူဌေး ရော၊ ဒါရိုက်တာရော ကြိုက် လို့ဆိုပြီးလာခေါ်တယ်။ မင်းသမီး စလုပ်ချိန်မှာပဲ နာမည်က ပြဿနာဖြစ်လာတယ်။ နာ မည်မရှိဘူး။ အိမ်နာမည်က ဘေဘီ၊ကျောင်းနာမည်က ရီ တာ။ အဲဒါနဲ့သူတို့က မြင့်မြင့် ခင်ဆိုပြီး  “မာယာရှင်”အသံ တိတ်ဇာတ်ကားမှာ မင်းသား ကျော်ဖေရဲ့ညီမအခန်းမှာ ပါဝင် သရုပ်ဆောင်ရတယ်။ တွဲသရုပ်ဆောင်ရတဲ့မင်းသားက ရဲမြင့် ပေါ့။ အဲဒီအချိန်ထိအမေက မသိသေးဘူး။ ဓာတ်ပုံကြော်ငြာ တွေဘာတွေတွေ့တော့ ပြော တယ် ဟဲ့ဘေဘီ ဒီမင်းသမီးက နင်နဲ့တူနေပါလားဆိုတာကိုကျွန်မကငြင်းတယ်ပေါ့။ နောက် တော့ကျောင်းပျက်တာများ လာ တော့ အမေရော၊ ဆရာမတွေ ရောရိပ်မိသွားတယ်။ အမေ့ အမေဆို တအားငိုတာ။ လုံးဝ မလုပ်စေချင်ဘူး။အရင်ကအနု ပညာသမားဆို အထင်အမြင် သေးကြတယ်လေ။ ဆွေမျိုးအသိုင်းအဝိုင်းတွေကြားမှာ အမေ က သူ့ကိုနှိမ်ချမှာရှက်တယ်ဆို ပြီး မလုပ်ဖို့တောင်းပန်တယ်။သားသမီးငါးယောက်ကို လုပ် ကျွေးနေတဲ့ အမေမုဆိုးမကို မကြည့်ရက်တော့ဘူး။ တအား လည်း လုပ်ပေးချင်တဲ့ဆန္ဒက ရင်မှာပြင်းထန်လာတော့  အမေ အတန်းပညာကိုလုံးဝစွန့်လွှတ် ပြီး အနုပညာကိုလုပ်လာတယ်။ ဒါပေမဲ့အမေ့ရဲ့သူဌေးက ကျောင်း တက်ပြီး အလုပ်လုပ်ပေါ့ဆိုပြီး ပြောတယ်။ ဒါပေမဲ့ မဖြစ်နိုင် တော့မှန်းသိတော့ အလုပ်ကိုရွေးချယ်သွားတယ်။ အောင် မြင်မယ်၊မအောင်မြင်ဘူးဆိုတာ ကိုလည်း ကြိုမတွေးဘူး။ သူဌေး ကလည်း ဒီတစ်ကားကိုတော့ ပြီးအောင်ရိုက်ခိုင်းတယ်။ လျော် ဖို့ပိုက်ဆံအမေတို့မှာမရှိဘူး လေ။ အဲဒါနဲ့ မင်းသမီးလုပ်လိုက် တာ။ အမေ့ရဲ့အစ်ကိုဆိုရင် စစ် ထဲကို  ဝင်သွားလိုက်တာ။ အောင်မြင်မှုတစ်ခုရဖို့ အမေ ရင်းခဲ့ရတာအမေ့ရဲ့အမေ မျက်ရည်ကျခဲ့ရတယ်။အစ်ကိုဆို လုံးဝ ရှက်လို့ဆိုပြီးစစ်ထဲဝင်သွား လိုက် တာမိသားစုတွေလည်းကွဲ သွား တာပေါ့။နောက်မှအမေ့ အပေါ် နားလည်မှုရ သွားကြတယ်။
မေး – အောင်မြင်မှုရလာခါစ အချိန်မှာမြင့်မြင့်ခင်ဆိုတဲ့ အမျိုး သမီးကို အနုပညာရုပ်ရှင်မင်း သမီးဆိုပြီးအားလုံးကလက်ခံမှု နဲ့ပတ်သက်ပြီးပြောပြပေးပါဦး။
ဖြေ-အမေ့ကို ရွှေပြည်စိုးကုမ္ပဏီ က ကြည်ကြည်စိုးဆိုတဲ့နာမည်နဲ့ ဇာတ် ကားရိုက်တယ်။ ဒါပေမဲ့ ပရိသတ်တွေကဟာ ဒါကြည် ကြည်စိုး မဟုတ်ပါဘူး။ မြင့်မြင့် ခင်ပါဆိုပြီးပြောတော့အမေ လည်း မြင့်မြင့်ခင်နာမည်နဲ့ပဲ ဆက်ပြီး အနုပညာလုပ်တယ်။ ခေါင်းဆောင်မင်းသမီးအနေနဲ့ “သက်လယ်” ဇာတ်ကားမှာ တင်တင်မူနဲ့တွဲရိုက်ရတယ်။ တအားဝမ်းသာတယ်။ပြီးတော့ ဒေါ်မေ သစ်နဲ့လည်း တွဲရိုက်ရတယ်။ အသံတိတ်ကနေ အသံထွက်ကို ရိုက်လာရတယ်။နောက် တဖြည်း ဖြည်းအောင်မြင်လာတော့ မေမေ ကဘာမှမပြောတော့ဘူး။ အမေလည်းအောင်မြင်ဖို့ ကြိုးစားခဲ့ တာတွေမေမေကသိတော့ နောက် သူလည်းဘာမှမပြော ဆိုတော့ ဘူး။ ကိုယ်လုပ်တဲ့ အိုက်တင် တွေကလည်း ဘဝကသင်ပေး ရင်းရင့်ကျက်လာတာပဲ။ အမေ ဆိုရင် ရှုတင်သွားရင် ကိုယ်တိုင် မိတ်ကပ်လိမ်းတယ်။ ပြီးတော့ အရင်က ဇာတ်ဝင်တေးဆိုရင် လည်း ကိုယ်တိုင်ဆိုရ တာလေ။ အရင်က အနုပညာရှင်ဆိုရင် တအားအထင်သေးတာ။ အခုမှ အနုပညာရှင်တွေကို ပရိသတ် က စိတ်ဝင်စားတာ။ အမေတို့ အပြင်သွားရင်တောင် မျက်နှာ လွှဲထားကြတာ။ ခေါ်ဖို့ပြောဖို့ဆို တာထက်လေ။အခုတော့ ပြောင်း လဲကုန်ပါပြီ။အမေတို့က စိတ်ထဲ မှာလည်းအနုပညာပဲ ချစ်တာပါ။
မေး- အမေ အနုပညာလောက မှာအောင်မြင်ဖို့အတွက် အမေ့ ရဲ့မေမေမျက်ရည်ကျခဲ့ရတယ် လို့ပြောတယ်နော်။အမေ အောင် မြင်ပြီးအိမ်ထောင်ကျ၊ သားသမီးတွေရလာ တဲ့နောက်မှာ မိခင်ရဲ့ စိတ်ကိုအမေ့ရင်မှာ ဘယ်လို ပြင်းထန်လဲဆိုတာတွေးမိလား။
ဖြေ-အမေဟာ ငယ်ငယ်ကဆို ရင် သူနာပြုပဲဖြစ်ချင်တယ်။ သူ နာပြုဆိုတာ လူနာနဲ့ပိုထိတွေ့ တယ်။အမေပညာသင်လို့ရတဲ့ အရွယ်မှာ အမေပညာကိုစွန့် သွားတယ်။ဘာကြောင့်လဲဆို တော့ မုဆိုးမအမေကို သနား တယ်။ အမေကလေ ကလေးငါး ယောက်ကို ကျွေးမွေးပြုစုတာ တစ်ခါမှမညီးညည်းဘူး။ သားသမီး တွေအပေါ် တအားချစ်တာ။ ပညာလည်းတအားတတ်စေ ချင်တာ။ ဒါကိုအမေကလက်မခံဘဲ မေမေ့ ကိုပြန်လုပ်ကျွေးမယ်ဆိုပဲ တွေး နေတာ။ အမေအောင်မြင်မှု တွေရပြီးနောက် အိမ်ထောင် ကျတယ်။အိမ်ထောင်ကျပြီး သားသမီးတွေမွေးလာတယ်။ ငါးယောက်လုံးက မိန်းကလေး တွေ ချည်းပဲ။ အမေချစ်တယ်။ သူတို့အားလုံးကို ပညာတတ်ကြီး တွေ ဖြစ်စေချင်တယ်။ အမေသူတို့ကိုပြောတယ်။ အမေ ဒီ အိမ်ရှေ့နံရံပေါ်မှာအောင်မြင် မှုပညာရှင်တွေအနေနဲ့ ဦးထုပ် ဆောင်းပြီး သမီးငါးယောက် စလုံးရဲ့ပုံကို မြင်ချင်တယ်ပြော တယ်။ အမေ့တုန်းက ပညာမပြည့်စုံခဲ့ဘူး။ဒါကြောင့် သား သမီးတွေ အလှည့်ကျတော့ ဖြစ်စေချင်တယ်။ အမေ့ဆန္ဒ ပြည့်ဝသွားတယ်။ ပြီး တော့ အမေ့ရဲ့ အနုပညာကိုလည်း ပေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့  အမေအနုပညာကိုချစ် တယ်။ အမှန်အတိုင်းပြောရရင် အမေအနုပညာလောကကလူ တွေကို အိမ်ကလူတွေထက် ပို ချစ်တယ်။အမေ့သမီး ငါးယောက် စလုံးပညာတတ်၊ဘွဲ့ရဖြစ်ပြီးမှ အမေ့ရဲ့အမေကို သတိရလာ တယ်။ အဲဒီတုန်းက အမေ့ရဲ့ အမေဆန္ဒကလည်း ဒီလိုပဲဖြစ် မှာပဲ လို့ပေါ့။
မေး- ကိုယ်တိုင်အောင်မြင်နေ တဲ့ မင်းသမီးတစ်ယောက်အဖြစ် ရပ် တည်ပြီး အိမ်ထောင်ကျ၊ ကလေး ၅ယောက် မွေးဖွားပြီး တာတောင်အနုပညာအလုပ်ကို မရပ်မနားဘဲလုပ်နိုင်တဲ့အမေ့ရဲ့ အချိန်ကိုလည်းပြောပြပေးပါဦး။
ဖြေ-အလုပ်ဘယ်လောက်ပဲများ များသမီးတွေကို အချိန်ပေး တယ်။သမီးတွေကို လုပ်ကျွေးတယ်။ ဒါက မိခင်မေတ္တာ၊ မိခင်တာဝန် ပဲလေ။ အနုပညာအလုပ်ကို လည်း အမေလုံးဝမစွန့်လွှတ် ဘူး။ ကလေးငါးယောက် ရတဲ့ အထိမပြောနဲ့အခု မြေးတွေရ တဲ့အထိအမေ အနုပညာအလုပ် ပဲ လုပ်တယ်။ အမေပျော်တယ်။ အခုခေတ် တော်တော်များများ ကကလေးတစ်ယောက်ယူပြီး ရင်တော်ပြီပြောကြတယ်။ ပြီး တော့ ကလေးလည်းရရော အနု ပညာလောကကနေ မလုပ် တော့တဲ့ အထိ ဖြစ်တယ်။ အမေ တို့ဆိုရင်ကလေးငါးယောက်ကို တောင်နိုင်နိုင်နင်းနင်း အလုပ် အကျွေးပြုနိုင်ခဲ့သလို အိမ်မှု ကိစ္စ၊ ကလေးကိစ္စ၊ အလုပ်ကိစ္စ အားလုံး ကိုလည်း လုပ်နိုင်ခဲ့တာ ပဲ။ အမေ့သမီးတွေကို အမေ သူတို့အတွက် ဂုဏ်ယူတယ်။ အခု အနုပညာရှင်တွေက သူ တို့သားသမီးတွေကို အနုပညာ သမား မဖြစ်စေချင်ကြဘူး။ အမေ ကတော့ ဖြစ်စေချင်လွန်းလို့ သားသမီးတွေကို တွန်းတွန်းထိုးထိုးလုပ်ပေးခဲ့တာ မေဆွိတစ် ယောက်ပဲ အောင်မြင်တဲ့အနု ပညာရှင် တစ်ယောက်ဖြစ်သွား တယ်။အဲဒီအတွက် အမေပျော် တယ်။ အခုဆိုရင် အမေ့မြေး မလေးကလည်းအနုပညာစိတ် ဝင်စားတယ်။ အမေတအား ပျော်တယ်။ အမေ့ရဲ့အနုပညာ ကို လက်ဆင့်ကမ်းချင်တယ်။ ဘယ်လောက်ပဲ အလုပ်တွေများ နေပါစေ ကလေးကိုအချိန်ပေး ပါ။ကလေးများလို့ဆိုပြီး မအော် ပါနဲ့။မိသားစုသိုက် သိုက်ဝန်းဝန်း နဲ့ကပျော်စရာ ကောင်းတယ်။
မေး- အနုပညာသမားကောင်း တစ်ယောက်ဖြစ်ဖို့အတွက် အောင်မြင်နေတဲ့အချိန်မှာ အောင်မြင်မှုကိုထိန်း သိမ်းနိုင်ဖို့ ဘာတွေဆောင်ပြီးဘာ တွေ ရှောင်ဖို့၊ သိထားဖို့လိုအပ်ပါသလဲ။
ဖြေ – အမေတို့ခေတ်က ရင်းခဲ့ တဲ့ တန်ဖိုးက ကိုယ်ဒီလိုဖြစ်ဖို့ ကြိုးစားခဲ့တာ မနည်းဘူးလေ။ အောင်မြင်ပြီ ဟေ့ဆိုရင်လည်း အဲဒီအောင်မြင်မှုမှာ မမွေ့ လျော်ဘဲဆက်ရှာ၊ ဆက်ကြိုးစား တယ်။အဲဒါလည်းအောင် မြင် နေတဲ့အရာတွေကို မပျောက်စေ ဘဲတည်စေတယ်လေ။ ငါဒီ လောက်အောင်မြင်ပြီ၊ လုပ်စရာ မလိုတော့ဘူးဆိုရင်တော့ ခဏ လေးနဲ့ကွယ်ပျောက်သွားမှာပါ။ အခုခေတ်ကလေးတွေ ရေရှည် မထိန်းကြဘူး။ကိုယ်လုပ်နေတဲ့ အနုပညာကိုတန်ဖိုးထားတယ်။ အချိန် ကိုလေးစားတယ်။ အမေ ဆို ၁၅ နှစ် သမီးအရွယ်ကစလုပ်တာအခုဆိုရင် ၇၉ နှစ်ထဲ ရောက်ပြီ။ အနုပညာလောကကို ချစ်တယ်။ မြတ်နိုးတယ်။ ဒီက နေ့အထိ မြင့်မြင့်ခင်ဆိုပြီး ပရိသတ်တွေ သိသေးတယ်။ ဒီ ကနေ့အထိအမေရုပ်ရှင်ရိုက် တယ်၊သီချင်းဆိုတယ်။ အခုအချိန် ထိကိုကြိုးစားနေတုန်းပဲ။ တဒင်္ဂ ကျော်ကြားမှု ကိုမကြည့်ဘဲ ရေ ရှည်ကျော်ကြားမှုကို လိုလားပါ လို့တော့ ပြောချင်တယ်။ အမေတို့ခေတ်က အနုပညာသမား တွေက တအားစည်းလုံးတယ်။ ကိုယ်ပိုင် ဖုန်း၊ကားမရှိတော့ သွား ပြီဟေ့ဆိုရင်လည်း အဖွဲ့လိုက် တအားစည်းလုံး ပြီး ပျော်တယ်။
မေး- ကိုယ့်ကိုယ်ကိုယ်မိန်းကလေး ဆိုပြီးကိုယ်မလုပ်နိုင်တာကို စိတ် ထိခိုက်တာမျိုးရှိလား။ ဒီနေ့ အောင်မြင်နေတဲ့ အမျိုးသမီးတွေ ရဲ့စိတ်ဓာတ်ကိုလည်း အမေ့လိုအနုပညာလောကမှာ အောင်မြင် နေတဲ့ မင်းသမီးတစ်ယောက်က ဝေဖန်ပေးပါဦး။
ဖြေ-ကိုယ့်ကိုယ်ကိုယ်မိန်း ကလေး ဆိုပြီးအမေကတော့ အားမနွဲ့ ဘူး။ မိန်းကလေးဆိုရင် အိမ်မှာ ထမင်း၊ ဟင်းချက်ရမယ်ဆိုတာ လည်းဘယ်စာဆိုမှ မထားခဲ့ဘူး။အခုဆိုအမျိုးသမီးတွေ ယောက်ျား တွေနဲ့ ရင်ပေါင်တန်းတဲ့အပြင် ကျော်တောင်ကျော်သွားပြီ။ အမေ ဆိုရင် ကလေးငါးယောက် ရှိလို့ အနုပညာလောကကို မစွန့်ခွာ ဘူး။ အခုအချိန်ထိအမေဟာ အနုပညာလောကမှာ ရှင်သန်သလို မိသားစုမှာလည်းအမေမားမား မတ်မတ်ရပ်နေခဲ့တယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ အမျိုးသမီးပါ။ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းတယ်ဆိုတာထက် ကျော်တောင် ကျော်သွားပြီထင်တယ်။ အမျိုး သမီးကို နှိမ့်ချပြီးပြောဆိုတာ တော့ မလိုချင်ဘူး။ ဒါကြောင့် အနုပညာလောကက မိခင်အမျိုးသမီးတွေကိုပြောချင်တယ်။ မိခင်နဲ့ အနုပညာဆိုတာ ဒွန်တွဲ ရှိနေတာပါ။ ကလေးကိုချစ်သလို ပဲ အနုပညာကို မြတ်နိုးကြတာ အမေသိတယ်။ ကလေးမွေးလို့ အနုပညာလောကကိုမထားခဲ့စေ ချင်ဘူး။အမျိုးသမီးတွေမှာ လည်း ဦးနှောက်ရှိပါတယ်။ ဘုရင်တွေ ရှိခဲ့သလိုထင်ရှားတဲ့ဘုရင်မ တွေလည်း ရှိပါတယ်။ အမေက တော့ အခုလို အမျိုးသမီးတွေရှေ့ထွက်လာတာကိုကြည့်ပြီး ဂုဏ် ယူတယ်။ အောင်မြင်ကျော်ကြား တဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုး သမီးတွေ ရှိသလိုအောင်မြင် ကျော်ကြားတဲ့ နိုင်ငံ့ခေါင်းဆောင်အမျိုးသမီးတွေလည်းရှိ တာပဲ။ ထိုနည်းတူ အောင်မြင် ကျော်ကြားတဲ့ စာပေ အနုပညာ ရှင် အမျိုးသမီးတွေ အများကြီးပါ။ ကမ္ဘာကြီးမှာအမျိုးသမီးတွေကပုခက်လွှဲတဲ့လက်ဖြစ်သလိုစွမ်း ဆောင်ရည်ကောင်းတဲ့အမျိုး သမီးတွေပေါ်ထွက်လာတာ အမျိုး သမီးတစ်ယောက်အနေနဲ့ ဂုဏ် ယူမိပါတယ်။
ထူးထူး

No comments:

Post a Comment