Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 18, 2013

မော်ဒယ်အေဂျင်စီအားလုံး သဘောတူသည့် မော်ဒယ်လုပ်ငန်းစာချုပ်သစ် ပြင်ဆင်

ဘုန်းနေလ(ဒဂုံတက္ကသိုလ်) | အင်္ဂါနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၄၉ မိနစ် 

     
ပြည်တွင်း၌ မော်ဒယ်လုပ်ငန်းဖြင့် လုပ်ကိုင်နေသော အေဂျင်စီကုမ္ပဏီများအားလုံး သဘောတူညီသည့် အချက်အလက်များကို ထည့်သွင်းရေးဆွဲမည့် မော်ဒယ်လုပ်ငန်းစာချုပ် သစ်ကို ပြင်ဆင်လုပ်ကိုင်နေပြီဖြစ်ကြောင်း Star Model Agency ကုမ္ပဏီမှ ဂျွန်လွင်က ဆိုသည်။ အဆိုပါရေးဆွဲသည့်အစီအစဉ်တွင် Star Model Agency? Myanmar Models Management နှင့် Super Star Model တို့မှ စတင်လုပ်ဆောင်နေကြပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြီး မဇ္ဈိမသို့ ပြောကြားသည်။

ယခုကဲ့သို့ နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ကိုင်လာသည့်အခါတွင် ပြည်ပကလည်း မြန်မာမော်ဒယ်တွေကို ကမ်းလှမ်းမှုရှိလာတဲ့အတွက် ယင်းကဲ့သို့ မော်ဒယ်လုပ်ငန်းနှင့် ပတ်သက်သည့် စာချုပ်သစ်အား ရေးဆွဲရခြင်း
ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

''အခုဆိုရင် နိုင်ငံခြားကုမ္ပဏီတွေကလည်း ဝင်လာနေကြပါပြီ။ အဲဒီအတွက် ကိုယ်တွေရဲ့ ဈေးကွက်နေအထားကို ကာကွယ်တဲ့အနေနဲ့ မော်ဒယ်တစ်ယောက်ကို အနည်းဆုံး ငါးနှစ်လောက် စာချုပ်,ချုပ်မယ်။ အခုလိုလုပ်ခြင်းအားဖြင့် အပြင်က နေလျှောကနေတဲ့ မော်ဒယ်တွေအနေနဲ့ အလုပ်လုပ်ခြင်း လျော့ပါးသွားလိမ့်မယ်။ အေဂျင်စီ
မော်ဒယ်တွေသာ အလုပ်လုပ်ပိုင်ခွင့် ပိုမိုအခွင့်အလမ်းတွေ ရရှိလာပါလိမ့်မယ်။ အဲဒီမှာ အေဂျင်စီပိုင်မော်ဒယ်တွေ အနေနဲ့က စည်းကမ်းဖောက်ဖျက်ရင် အရေးယူခံရမှာပါပဲ။ လျော်ကြေးတွေကို စာချုပ်ပါအတိုင်းဆိုရင် ကျပ်သိန်း ၅ဝ ကနေ ကျပ်သိန်း ၁ဝဝဝ အစရှိသဖြင့် ဘယ်နှဆဆိုပြီး လျော်ကြေးပေးရမှာရှိတယ်'' ဟု ပြောဆိုသည်။

ယင်းသို့သောမော်ဒယ်များအား စာချုပ်စာတမ်းများဖြင့် လုပ်ကိုင်မှုမှာ ယခင်အချိန်ကတည်းကရှိခဲ့သော်လည်း
ပြင်ပမှလုပ်ကိုင်သည့် မော်ဒယ်များအနေဖြင့် ပွဲအချိန်မီ ရောက်ရှိမလာခြင်း၊ ပျက်ကွက်ခြင်းများကြောင့်
အေဂျင်စီများအနေဖြင့် အခက်အခဲများရှိလာခဲ့သည့်အပြင် ကုမ္ပဏီများ၏ ယုံကြည်မှု လျော့ နည်းလာမှုတို့ကြောင့်
အေဂျင်စီအားလုံးစုပေါင်း ၍ စာချုပ်စီစဉ်ရခြင်းဖြစ်သည်။

Myanmar Models Management မှ ကိုဌေးမင်းထွန်းက ''ကုမ္ပဏီတွေအနေနဲ့ ပွဲတစ်ပွဲလုပ်ရင် မော်ဒယ်ဘယ်လောက်
သုံးမယ်ဆိုပြီး လျာထားတာပါ။ သူတို့အတွက် အစစအရာရာလုပ်ပေးပြီးမှ မလာရင်တော့ ကသိကအောက် ဖြစ်တာပေါ့။
နိုင်ငံခြားမှာဆိုရင်ကုမ္ပဏီတွေက အေဂျင်စီတွေ အေဂျင့်တွေနဲ့ပဲ အလုပ်လုပ်ကြတာပါ။ အေဂျင်စီနဲ့ အလုပ်အပ် ရင် သေချာတယ်ဆိုတာကို ကုမ္ပဏီတွေက အခုနောက်ပိုင်းမှာ သိသွားကြပါပြီ။ အပြင် ကုမ္ပဏီများ အနေနဲ့ အပြင်ကနာမည်ကြီးမော် ဒယ်တွေကို ကမ်းလှမ်းပြီး ဖိတ်ခေါ်ခိုင်းတယ် ဆိုရင်တော့ မလွဲမရှောင်လို့သာ အသုံးပြုရတာပါ။
အမှန်အတိုင်းပြောရင် နိုင်ငံခြားသားတွေ နဲ့ နောက်ပိုင်းအလုပ်တွေ လုပ်ကိုင်ရာမှာ အခက်အခဲတွေ၊ စည်းကမ်းတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ အပြင်ကမော်ဒယ်တွေကို မပေးချင်တာပါ။ နိုင်ငံတကာ စည်းမျဉ်းအနေနဲ့ အခု
နောက်ပိုင်းမှာ ပိုပြီးအသုံးပြုသွားမှာ ပါ။ အေဂျင်စီနဲ့ အလုပ်လုပ်ရင် သူ့ဘောင် အတွင်းက အကျိုးခံစားခွင့်တွေ၊ ရပိုင်ခွင့်တွေ၊ ဝန်ဆောင်မှုတွေ ရရှိမှာပါပဲ။ အေဂျင်စီရဲ့ဝန်ဆောင်မှုပေါ် မူတည်ပြီး သူတို့အနေနဲ့ ပေးရမယ့်
Service ကြေးတွေ ကွာဟသွားမှာပါ။ အေဂျင်စီအနေနဲ့လဲ စာချုပ်ပါအတိုင်း ဖောက်ဖျက်ရင် မော်ဒယ်နဲ့ ကုမ္ပဏီကို
လျော်ကြေးပေးရမှာပါပဲ။ ဒီက အနုပညာရှင်တွေက အေဂျင်စီတွေ လက်အောက်မှာနဲ့ အေးဂျင့်တွေရဲ့လက်အောက် မှာ အလုပ်မလုပ်တတ်သေးပါဘူး။ အခုကစပြီး အေဂျင်စီအနေနဲ့ စာချုပ်စာတမ်း တွေပြုလုပ်ပြီး မော်ဒယ်တွေကို စည်းမျဉ်းစည်း ကမ်းတွေနဲ့ အသားကျအောင် စီစဉ်ဆောင်ရွက်တော့မှာပါ။ အနုပညာကြေးအနေနဲ့ အေဂျင်စီက ၂ဝရာခိုင်နှုန်း ယူမှာပါ။ မမိုး (Talents & Models) က ခရီးသွားနေတဲ့အတွက် မတွေ့ရသေး ပါဘူး'' ဟု သုံးသပ်ပြောပြသည်။

Super Star မှ ဦးချိုကြီးက ''အင်တာနေရှယ်နယ်သွားဖို့ဆိုရင် စည်းမျဉ်းစည်းကမ်းတွေ ကအစ ဒီကမော်ဒယ်တွေ သိဖို့ လိုအပ်ပါတယ်။ နောက်ပြီး အရည်အချင်းတွေ၊ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံဖို့လည်း လိုအပ်ပါတယ်။ စာချုပ် ရှိရင်တော့
အရည်အချင်းလည်း ရှိလာပြီးတာရှည်လည်း လုပ်ကိုင်နိုင်မှာပါ။ စည်းကမ်းရှိမှုတွေလည်း ရှိလာပြီး မော်ဒယ်တွေရဲ့
အရည်အချင်းတွေ ပြည့်စုံလာမှာပါ။ နိုင်ငံတကာက အခုဆိုရင် ဝင်ရောက်လာပြီးဖြစ်တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ မော်ဒယ်တွေအနေနဲ့ ကိုယ်ရဲ့ဈေးကွက်ကို ကိုယ်ထိုးဖောက်ရမှာပါ။ အဲဒီလို ထိုးဖောက်ဖို့အတွက်
အေဂျင်စီတွေ၊ အေဂျင့်တွေရဲ့ စွမ်းဆောင်ချက်နဲ့အတူ မော်ဒယ်တွေရဲ့ အရည်အချင်းတွေ ပေါင်းစပ်ပြီးတော့မှသာ ထိုးဖောက်နိုင်မှာပါ'' ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ မော်ဒယ်များ၏ အရည်အချင်း၊ အရပ်အမောင်း၊ ရုပ်ရည်အလိုက် သတ်မှတ်မှုများသည် A အဆင့် အမျိုးသားသည် ငါးပေ ၁ဝလက်မအထက်၊ အမျိုးသမီး ငါးပေ ခြောက်လက်မအထက်သည် အနုပညာကြေး အဖြစ် တစ်သိန်းအဖြစ် သတ် မှတ်ထားကြောင်း၊ြ အဆင့်အနေဖြင့် အမျိုးသား ငါးပေ ရှစ်လက်မနှင့် အမျိုးသမီး ငါးပေ ငါးလက်မအောက်သည် ခုနစ်သောင်း ရှိပြီး ဃ အဆင့် အမျိုးသား ငါးပေ ရှစ်လက်မ အောက်နှင့် အမျိုးသမီး ငါးပေ နှစ်လက်မအောက်သည် ငါးသောင်းဝန်းကျင်အထိ အနု ညာကြေးများကို သတ်မှတ်ပေးဆောင်လျက် ရှိကြောင်းနှင့် ပွဲအမျိုးအစားပေါ် မူတည်၍ အနုပညာကြေး ကွာဟချက်ရှိကြောင်း Myanmar Models Management မှ ကိုဌေးမင်းထွန်းက ပြောကြားသည်။

No comments:

Post a Comment