Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 29, 2013

Nails and Health လက်သည်းကပြောပြနေတဲ့ ကျန်းမာရေး

မျက်လုံးဟာ လူ့ဝိဥာဉ်ရဲ့တံခါးပေါက်လို့ တင့်စားသလိုဘဲ လက်သည်းခြေသည်းကလဲ အတူတူဘဲလို့ အရေပြားအထူးကု ဆရာဝန်တွေက ဆိုကြတယ်။ ဖတ်တဲ့သူ စိတ်ဝင်စားအောင် တမင်ပြောတာ မဟုတ်ပါ။ လူနာ လက်သည်းအရောင် ကြည့်ပြီး ဆေးအစစ်ခိုင်းတော့ အဆုပ်ထဲမှာ အရည်အောင်းနေတာ တွေ့နိုင်ပါတယ်။ အသဲရောင်ရောဂါ၊ နှလုံးရောဂါရှိတာကိုပါ လက်သည်းကနေဖေါ်ပြေနေနိုင်တယ်။ ဖန်းဂတ်စ် (မှို) ပိုးနဲ့ သွေးအားနည်းတာဆိုရင်လဲ ကြည့်တာနဲ့ တန်းသိပါတယ်။ အတွင်းထဲက ရောဂါဝေဒနာကို သဲလွန်းအဖြစ် ဆရာဝန်တွေက သုံးပါတယ်။ ဥပမာ (လူးပတ်စ်) ရောဂါ ဖြစ်နေသူမှာ သူများနဲ့မတူတဲ့သွေးကြောလေးတွေကို လက်သည်းအခြေမှာ မြင်နိုင်တယ်။ ပျောက်နိုင်ခဲလှတဲ့ (ဆိုရီယေးဆစ်) ရောဂါရှိနေရင် ၁ဝ% မှာ လက်သည်း ကွဲနေ ခွက်နေတာမြင်နိုင်တယ်။ လက်သည်းခြောက်နေ၊ ကြွတ်ဆတ်နေပြီး ကွဲအက်လွယ်နေရင် လည်ပင်းကြီးရောဂါလား စစ်ဆေးရမယ်။


၁။ Pale Nails ဖြူရော်ရော်
• Anemia သွေးအား (သံဓါတ်) နည်း၊
• Congestive heart failure နှလုံးရောဂါ၊
• Liver disease အသဲရောဂါ၊
• Malnutrition အာစာရချို့တဲ့ရောဂါ၊


၂။ White Nails လက်သည်းဖြူ
• Hepatitis အသည်းရောင်၊ ပုံထဲမှာ ဝါနေတာကိုလည်းမြင်ရတာဟာ (ဂျွန်းဒစ်) အသာဝါပါဖြစ်နေလို့။


၃။ Yellow Nails ဝါပြီး အခြေမှာ ခပ်ပြာပြာ
• Diabetes ဆီးချို
• Fungal infection ဖန်းဂတ်စ် မှိုရောဂါ၊ ပိုဆိုးလာရင် အခေကြတိုဝင်ပြီး လက်သည်းတွေထူမယ်၊ ကွာချလွယ်မယ်။
• Thyroid disease လည်ပင်းကြီးရောဂါ၊
• Lung disease အဆုပ်ရောဂါ၊
• Psoriasis (ဆိုရီယေးဆစ်) နှင်းကူနဲ့ဆင်တဲ့ရောဂါ။


၎။ Bluish Nails လက်သည်းပြာ
• Oxygen အောက်စီဂျင်နည်းနေခြင်း၊ အသက်မရှူခြင်း၊ အသက်ရှူမဝခြင်း၊
• Pneumonia နူမိုးနီးယား၊
• Heart problems နှလုံးမကောင်းခြင်း။


၅။ Rippled or pitted Nails ဖေါင်းကြွလက်သည်း
• Psoriasis (ဆိုရီယေးဆစ်) နှင်းကူနဲ့ဆင်တဲ့ရောဂါ။
• Inflammatory arthritis အဆစ်ရောင်ရောဂါ၊


၆။ Cracked or Split Nails ကွဲအက် လက်သည်း
• Thyroid disease လည်ပင်းကြီးရောဂါ၊
• Fungal infection ဖန်းဂတ်စ် မှိုရောဂါရှိနေရင် ကွဲအက်တာအပြင် ခပ်ဝါဝါနေမယ်။


၇။ Puffy Nail Fold ရောင်နေတဲ့လက်သည်း
• inflammation of the nail fold လက်သည်းအခြေရောင်ရမ်းနေခြင်း၊ နီနေတာလဲ မြင်ရမယ်။
• Lupus (လူးပတ်စ်) တွယ်ဆက်တစ်ရှူးရောဂါ၊


၈။ Dark Lines လက်သည်းအောက်ထဲမှာ အနက်ရောင်မျဉ်း
• Melanoma အရေပြားကင်ဆာ။


၉။ Gnawed Nails မလှမပလက်သည်း
• Nails biting လက်သည်းကိုက်တတ်တဲ့အကျင့်၊
• Anxiety စိုးရိမ်စိတ်ကဲနေခြင်း၊


၁ဝ။ Nails Are Puzzle ကျန်းမာရေးပဟေဠိ
လက်သည်းမှာ တခုခုထူးခြေားနေရင် ကိုယ်ထဲမှာ ဘာဖြစ်နေသလဲ ဆေးစစ်သင့်တယ်။ Dermatologist အရေပြားအထူးကုဆရာဝန်ပြပါ။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၃

No comments:

Post a Comment