Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 28, 2013

လားရှိုးမြို့ မီးရှို့ခံရသည့် မိန်းကလေး၏ အခြေအနေမြင်ကွင်းအမှန်

 ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုးသမီးတစ်ဦးအားမီးရှို့မှု ဖြစ်ပွားခဲ့ကြောင်းလားရှိုးမြို့ အမှတ်(၁)ရဲစခန်းမှတာဝန်မှူး ဒုရဲအုပ်တစ်ဦးကပြောကြားသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ကျွန်တော်တို့အမှတ်(၁)ရဲစခန်းမှာ ဖမ်းထားပါတယ်။

ဓာတ်ဆီလောင်းပြီး မီးရှို့တာ ဟုတ်ပါ တယ်” ဟု ၎င်းက မြန်မာ့ခေတ်သို့ပြော ကြားသည်။ မီးရှို့ခံရသော အမျိုးသမီးသည် အသက်(၂၉)နှစ်ခန့်ရှိပြီး လားရှိုးဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ထားကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မီးရှို့သောသူမှာ ကိုနေဝင်းဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့မှလာရောက်သူတစ်ဦး ဖြစ်ကြောင်း လာရှိုးမြို့ခံမြန်မာ့ခေတ် သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ အမှတ်(၁)ရဲစခန်းရှေ့တွင် လူ(၂၀၀)ခန့်စုရုံးရောက် ရှိနေပြီးသံဃာတော်တချို့မှာ ရဲစခန်းတွင်းသို့ဝင်ရောက်ညှိ နှိုင်းနေကြောင်း၎င်းရဲစခန်းရှေ့ ရောက်ရှိနေသူတစ်ဦးက ပြောကြားသည်။

“အဖမ်းခံထားရတဲ့သူကိုသူတို့လက်ထဲ အပ်ဖို့လူ အုပ်ကြီးက အော်ဟစ်တောင်းဆို နေကြတယ်” ဟု ၎င်းက ပြောကြားသည်။ ယခုအချိန်၌ လားရှိုးမြို့မဈေးအနီးရှိ ဗလီအပါအဝင် တစ်မြို့ လုံး၌ လုံခြုံရေးအင်အားထူထပ်စွာ ချထားကြောင်း သိရသည်။

ထက်နောင်နောင်

See More Photo Here
https://www.facebook.com/media/set/?set=a.581890321851100.1073741826.281180298588772&type=1

အေးချမ်းမွန် Credit & Copy From >Thit Htoo Lwin blog

လားရှိုးမြို့နေ ဒေသခံများ အရေးအခင်း ဖြစ်ပွားမည်ကို စိုးရိမ်နေ



     နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )

မေ ၂၈ရက်၊ ၂၀၁၃ ခုနှစ်။
...
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အ၀င်ရှိ ဆီဆိုင်ရှေ့တွင် ပဋိပက္ခဖြစ်ပွားမှုကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။

မေလ (၂၈)ရက်နေ့ ညနေ ၅နာရီခန့်အချိန်တွင် လားရှိုးမြို့အ၀င်ရှိ ဆီဆိုင်ရှေ့တွင် မိန်းကလေးတစ်ဦးအား ဆွဲရမ်းခြင်းပြုလုပ်နေသူတစ်ဦးကို ဒေသခံလူငယ်အချို့က ရိုက်နှက်ခြင်းပြုလုပ်ရာမှ ပြသာနာကြီးထွားလာကာ လူထုမတည်ငြိမ်မှုများ ဖြစ်လာသည်ဟု ဒေသခံများက ဆိုသည်။

“ဆီဆိုင်က ကောင်မလေးကို လူတစ်ယောက်က ဆွဲလားရမ်းလားလုပ်လို့ လူငယ်တွေက၀ိုင်းရိုက်ကြ ရာကစပြီး တစ်မြို့လုံးမှာရုတ်ရုတ်သဲသဲဖြစ်နေတာ ၊ ဈေးထဲကဈေးဆိုင်တွေလည်း ညနေခင်းကတည်းက ပိတ်ထားကြတယ်၊ ဆိုင်ပိတ်ထားပေမယ့် တစ်ချို့ကအိမ်မပြန်ရဲကြဘူး” ဟု လားရှိုးမြို့ မန်ဆူဈေးမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ပဋိပက္ခဖြစ်ပေါ်စေခဲ့သည့် အကြောင်းအရင်းကို လားရှိုးမြို့ရှိ ရဲစခန်းမှ အတိအလင်း ထုတ်ဖော်မပြောပြနိုင်သေးသော်လည်း ဆူပူမှုစတင်ဖြစ်ပွားစေခဲ့သည့် လူငယ်အချို့ကို လားရှို့မြို့ရှိ ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် တာဝန်ကျအရာရှိတစ်ဦးက ဆိုသည်။

“အခြေအနေကို အတိအကျမသိရသေးပါဘူး၊ ကျွန်တော်တို့လဲစောင့်ကြည့်ရှာဖွေနေပါတယ်၊ သတင်းအတိ အကျသိရရင်တော့ပြောပြနိုင်ပါတယ်၊ အခုလက်ရှိအခြေအနေကတော့ ဘယ်လိုဖြစ်လာမလဲ မသိသေးလို့ ပြောပြလို့မရသေးပါဘူး” ဟု လားရှိုးမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် တာဝန်ကျအရာရှိတစ်ဦးက ပြောသည်။

လားရှိုးမြို့ရှိ ရဲတပ်ဖွဲ့ဝင်များကလည်း လူစည်းကာရာ နေရာများနှင့် အခင်းဖြစ်ပွားရာနေရာများ၌ လုံခြုံရေးအသင့် ယူထားပြီးဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

ပဋိပက္ခဖြစ်ပေါ်စေခဲ့သည့် လူငယ်များကို ထိန်းသိမ်းရန်ခေါ်သွားသော်လည်း ဒေသခံများအနေဖြင့် ရခိုင်ပြည်နယ် နှင့် မိတ္ထီလာမြို့ကဲ့သို့ ပြသာနာများ ကြီးထွားမည်စိုး၍ နေအိမ်အပြင်သို့ မထွက်ရဲကြတော့ကြောင်း ဒေသခံများက ဆိုသည

No comments:

Post a Comment