Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 28, 2013

ရဲတိုက်၏ဆန္ဒထုတ်ဖော်ခြင်းနှင်ပတ်သက်၍ စိန်မေရီသာသနာ့အကျိုးတော်ဆောင်အဖွဲ့ ထုတ်ပြန်ချက်



သရုပ်ဆောင်ရဲတိုက်၏ဆန္ဒထုတ်ဖော်ခြင်းနှင့်ပတ်သက်သည့်ဖြစ်ရပ်မှန်ကို စိန်မေရီကာသီဒြယ် သာသနာ့ အကျိုးဆောင်အဖွဲ့မှတင်ပြချက်တစ်ခုထုတ်ပြန်ရာ အောက်ပါအတိုင်းဖြစ်ပါသည်။

စိန်ေ...မရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးသည်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ၏ အထွဋ် အမြတ် ထားရာဝတ်ပြုကိုးကွယ်သည့်နေရာဖြစ်သည်။
နံနက် ၈း၃၀နာရီ မှ နေ့ လည်၁၂း၀၀နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀ နာရီအထိ တစ်ကြိမ်၊ဘုရားဖူးဘာသာတူများနှင့်လာရောက်လေ့လာသူများနှင့် ၀တ်ပြုဆုတောင်း သူများ အတွက် နေ့  စဉ် ဖွင်လှစ်ပေးထားပါသည်။

မည်သည့်လာရောက်လေ့လာ၊၀တ်ပြုကိုးကွယ်သူမည်သူမဆိုလူမျိုးဘာသာမခွဲခြားဘဲလွတ်လပ်စွာ လာရောက် ခွင့်ပြုထားပါသည်။ ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ ထူးဆန်းသော ဗိသုကာ လက်ရာများတည်ရှိရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား သောသူများနှင့် ပညာရှင်များလည်း လာရောက်လေ့လာလေ့ရှိပါသည်။

မည်သည့်ဘာသာရေးအဆောက်အဦးမဆို၊ တစ်သီးတစ်ခြားသတ်မှတ်ထား သည့် ဓါတ်တော် မွေတော်များ ထားရှိရာသန့် ရှင်းသောနေရာများရှိတတ်ကြပါသည်။ဤကဲ့သို့သောနေရာများသို့ ၀င်ရောက်ခြင်းကို အထူး ကြပ်မတ် စောင့်ရှောက်ထားပါသည်။
ထိုကဲ့သို့ သတ်မှတ်ထားသည့် နေရာများကို လာရောက်ကြသည့် ဧည့်သည် တိုင်းသည် သင့်တင့်လျောက် ပတ် သည့် ရိုသေလေးစားမှု ရှိကြရမည်ဖြစ်သည်။

ယနေ့ဖြစ်စဉ်မှာ သူတော်စင်များသာဝင်ရောက်ရသည့်၊ ဓါတ်တော် မွေတော်များထားရှိရာ သန့်ရှင်းသည့်နေ ရာ ၊အထွဋ်အမြတ်ထားရာ(Sanctuary)အတွင်းသို့၊ မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်နှင့်ဆန့်ကျင်သည့် မတင့် တယ်သော အ၀တ်အစား(စွပ်ကျယ်လက်ပြတ်) နှင့် ၀င်ရောက်ကာ အထွဋ်အမြတ်ထားရာ ဗိ မာန်တော် ကိုကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ်မလျော်ကန်သောအပြုအမူမျိုး ပြုလုပ်ခြင်း၊ ကိုတွေ့ရှိ ရလေ ရာ သက်ဆိုင်ရာ မှသတိပေးပြောကြားခဲ့ခြင်းမှစ၍ မကျေမနပ် ဖြစ်သွားပုံရသည်။ ထိုမှတစ်ဖန်၊ တတိယ အကြိမ် ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်းထောက်များ၊ Media အဖွဲ့ဝင်များခေါ် လာပြီး အသင့်ရေး လာသောဆိုင်းဘုတ်ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရ၀ဏ်အတွင်း ၀င်ရောက် ကာ၊ မည်သည့် အာဏာပိုင်အဖွဲ့အစည်း၏ခွင့်ပြုချက်မျှရယူခြင်းမရှိဘဲတစ်ကိုယ်တော်ဆန္ဒပြခဲ့ပါသည်။သာသနာ့ အကျိုးဆောင် အဖွဲ့မှ အကြိမ်ကြိမ် မေတ္တာရပ်ခံ နေသည့်ကြားမှပင်ကာယကံရှင်မှကိုယ်ထိလက်ရောက် စတင် ကျူးလွန်ခဲ့ပါသည်။

ပိတ်ပင် တားမြစ်ခြင်းခံရသည်ဟု ကာယကံရှင်ကအပြစ်တင်စွပ်စွဲ ပြောဆိုနေသော်လည်း သုံးကြိမ် သုံးခါ တိုင် တိုင်ဝင်ရောက်ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏ စွပ်စွဲချက်နှင့် လုံးဝ ဆန့်ကျင် နေ သည်မှာ ထင်ရှား ပါ သည်။

အထက်ပါအပြုအမူများသည် ၊ ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည်ထား သည်ဟု ယူဆ နိုင်ပါသည်။
ကက်သလစ်သာသနာဘုရားကျောင်းတော်ဝင်းသည် ၀တ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်းအေး ရာနေရာဖြစ်ပြီး၊ မည် သည့်ဆန္ဒပြခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရား များ နှင့်ဖီလာဆန့်ကျင်နေပါသည်။

ယခုသတင်းMediaများတွင်ပါသောအကြောင်းအချက်များသည်ဖြစ်ရပ်မှန်နှင့်လွဲမှားစွာ ဖော်ပြ ထားခြင်းဖြစ် ရာ မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ် ရသည်ဖြစ်၍၊ ပြည် သူလူထု အနေနှင့် ဖြစ်ရပ်မှန်ကိုသိရှိရန်တင်ပြအပ်ပါသည်။

သာသနာ့အကျိုးဆောင်အဖွဲ့
စိန်မေရီကာသီဒြယ်သာသနာ၊
ရန်ကုန်မြို့ 



ကက်သလစ်တို့ အထွဋ်အမြတ်ထားရာ သန့်ရှင်းသောဂူဗိမာန်တွင် ကျောခိုင်းထိုင်နေပုံ

သန့် ရှင်းသော ဓါတ်တော်မွေတော်ထားရာဗိမာန်တော်ကိုကျောခိုင်းထိုင်နေပံ

No comments:

Post a Comment