Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 5, 2013

အိုမင်းမှုကို တိုက်ဖျက်နိုင်သည့် အစားအစာများ




ကိုကိုးမှုန့်/ကိုကိုးဖျော်ရည်
ကိုကိုးမှုန့်သည် အရေပြားကျန်း မာရေးအတွက် စားသုံးကြသည့် အစားအစာများအနက် နောက်ဆုံးမှ သတိရလေ့ရှိသည့် အစားအစာ တစ်ခုဖြစ်သည်။ ကိုကိုးပါဝင်သည့် ချောကလက်ကိုစားသုံးခြင်းဖြင့် ခရမ်းလွန်ရောင်ခြည်ဒဏ်မှ နှစ်ဆ ကာကွယ်ပေးနိုင်သည်။
စပျစ်သီး
ဝိုင်နီနှင့် စပျစ်သီး၌ resveratrol အမည်ရှိဒြပ်ပေါင်းတစ်မျိုးပါ ၀င်ပြီး ရောင်ရမ်းမှုဆန့်ကျင် (anti-inflammatory) အာနိသင်နှင့် ခရမ်းလွန်ရောင်ခြည်ကာကွယ် အာနိ သင်များရှိသည်။
သံလွင်ဆီ
သံလွင်ဆီတွင်ပါဝင်သော phenolic ဒြပ်ပေါင်းများက အရေပြားအိုမင်းရင့်ရော်ခြင်းကိုနှေးကွေးစေ သည်။
ငါးကြီးဆီ
ဆော်လမွန် (salmon)၊ ငါးမည်းလုံး (tuna)၊ ထရောက်ရေချိုငါး (trout)၊ ငါးပိန္နဲစေ့ (sardine) နှင့် မက်ကရယ်ငါး (maclerel) စသည် တို့တွင် ပရိုတင်း၊ အိုအီဂါ-၃ အဆီ၊ ဗိုက်တာမင် B12 နှင့် အိုမင်းမှုဆန့်ကျင်ပစ္စည်းများပါဝင်သည်။
ပဲငံပြာရည်
ပဲငံပြာရည်တွင်ပါဝင်သော equol ဒြပ်ပေါင်းက အရေပြားတောင့် တင်းစေသော collagen အမျှင်များ၊ elastin အမျှင်များ ပေါများစေပြီး အရေပြားဓါတ်တိုးဆန့်ကျင်ပစ္စည်း များ၊ အိုမင်းမှုဆန့်ကျင်မျိုးဗီဇများ အားထောက်ပံ့ပေးနိုင်သည်။

ဇော်ကို
Source: WebMD
Health Updates Journal
Vol.2, No.17

Health Updates Journal<Thank

No comments:

Post a Comment