Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 4, 2013

ကျန်းမာရေးအတွက် ဒိန်ချဉ်




ဒိန်ချဉ်သည် အရန်သင့် စာသုံးနိုင်သော စားဖွယ်ရာများထဲမှ တစ်ခုဖြစ်ပြီး မရှိမဖြစ် အာဟာရများထဲမှ အံ့ဖွယ်ရာ အရင်းအမြစ်ဖြစ်ကြောင်း သိရသည်။ ဒိန်ချဉ်ကို နေ့စဉ်စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် ရရှိသော အကျိုးအာနိသင်များမှာ နွားနို့သောက်သုံးလိုခြင်း မရှိသူများအတွက် ဒိန်ချဉ်သည် ကယ်လ်ဆီယမ်ဓာတ်ကို ဖြည့်တင်းပေးသော အစားအစာ ဖြစ်သည်။ ကယ်လ်ဆီယမ်သည် ဒိန...်ချဉ်တွင် တွေ့ရသော အာဟာရဓာတ်များထဲမှ တစ်ခုဖြစ်ပြီး ကယ်လ်ဆီယမ်က အရိုးနှင့် သွားများ ကျန်းမာကြံ့ခိုင်ရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ဒိန်ချဉ်သည် အာဟာရကြွယ်ဝသော အရင်းအမြစ်ဖြစ်ပြီး ဒိန်ချဉ်ထဲတွင် ပရိုတင်းအလျှံပယ်ပါရှိပြီး ဒိန်ချဉ်ကို နေ့စဉ်စားသုံးခြင်းက ခန္ဓာကိုယ် တစ်သျှူးများ တည်ဆောက်ခြင်းနှင့် ပြင်ဆင်ခြင်းအတွက် မရှိမဖြစ် အရေးပါသော အာဟာရဓာတ် ဖြစ်သည်။ အလားတူပင် ဒိန်ချဉ်ထဲတွင် ပိုတက်ဆီယမ်သတ္ထုဓာတ်ပါရှိပြီး ပိုတက်ဆီယမ်က သွေးထဲရှိ ဆိုဒီယမ်ပမာဏကို ချိန်ညှိပေးကြောင်း သိရသည်။ ဒိန်ချဉ်တွင် နောက်ထပ်တွေ့ရှိရသည့် အာဟာရဓာတ်များမှာ ဗီတာမင် ဘီ 2 နှင့် ဗီတာမင်ဘီ 12 တို့ ဖြစ်သည်။ ဒိန်ချဉ်သည် ကိုလက်စထရောကို လျှော့ချပေးနိုင်သည်ဟု သိရသည်။ အလားတူပင် ဒိန်ချဉ်က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသကဲ့သို့ ဓာတ်မတည့်မှု ရောဂါလက္ခဏာများကို လျှော့ချပေးကြောင်း သိရသည်။ ထို့ပြင် ဒိန်ချဉ်သည် အစာအိမ်နှင့် သက်ဆိုင်သော ရောဂါများ သက်သာပျောက်ကင်းစေရေးကိုလည်း အထောက်အကူပြုသကဲ့သို့ ခန္ဓာကိုယ် အရေပြားအာဟာရဓာတ် ကြွယ်ဝကာ ချော့မွေ့စေရေးအတွက် အထူးပင် အထောက်အကူပြုကြောင်း သိရသည်။

No comments:

Post a Comment