Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 24, 2013

ကိုယ်တွင်းအင်္ဂါ ငါးခုအစားထိုး ခံထားရသူမှ သမီးလေးမွေးဖွား

23 March 2013  |

ကိုယ်တွင်း အင်္ဂါငါးခု အစားထိုး ကုသမှု ခံယူထားတဲ့ အသက် ၂၆ နှစ်အရွယ် Fatena A1 Ansari ဆိုတဲ့ အမျိုးသမီးဟာ မီယာမီ ဆေးရုံမှာ ကျန်းမာတဲ့ သမီးငယ် လေးကို မွေးဖွားခဲ့ တယ်လို့ သိရပါ တယ်။ သူမဟာ အသက် ၁၉ နှစ် အရွယ်မှာ အူတွင်းသွေး ပြန်ကြောမှာ သွေးကြော ပိတ်ဆို့ မှုကြောင့် ၂၀ဝ၇ ခုနှစ်မှာ အဲဒီ ဆေးရုံမှာပဲ ခွဲစိတ် ကုသမှု ခံယူခဲ့ ရပါတယ်။ သူမ အနေနဲ့ အသည်း၊ မုန့်ချိုအိတ်၊ အစာအိမ်၊ အူသေးနဲ့ အူမကြီးတွေကို အစားထိုး ကုသမှု ခံယူခဲ့ ရတယ်လို့ ဆိုပါတယ်။ အစားထိုး ကုသမှု ခံယူပြီး နောက်ပိုင်းမှာ သူမနဲ့ သူမ အမျိုးသားအနေနဲ့ ကလေးလိုချင် တာကြောင့် ဖန်ပြွန် သန္ဓေသား နည်းလမ်းနဲ့ ကလေး ရယူခဲ့ပါတယ်။ ဖတီးမားဟာ ကမ္ဘာ့ ပထမဆုံး ကိုယ်တွင်း အင်္ဂါငါးမျိုး အစားထိုး ကုသမှု ခံယူပြီး ကလေး မွေးဖွားသူ ဖြစ်တယ်လို့ သားဖွား ဆရာဝန်ဖြစ်သူ ဒေါက်တာ ရှယ်လီက ပြောကြား ပါတယ်။ 

No comments:

Post a Comment