Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 30, 2013

အရွယ်တင်ဖို့ဆိုရင်




အသက်အရွယ်အိုမင်းလာသည်နှင့် မှတ်ဥာဏ်များ ဦးနှောက်
ဆဲလ်များပျက်စီးသွားတတ်ခြင်းကို ယုံကြည်ပါသလား။

စမ်းသပ်လေ့လာချက်များအရ ထိုအဆိုသည် တကယ်တမ်း
အားဖြင့် အပြည့်အ၀မှန်ကန်ခြင်းမရှိပါ။ အသက် ၆၀ကျော် ၇၀အရွယ်များသည် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ
နှစ်စဉ်တစ်ရာခိုင်နှုန်းနီးပါး လျော့ကျသွားနိုင်သော်လည်း အသက် ၈၀ကျော်အရွယ်မှာမူ နှစ် ရာခိုင်နှုန်း မြင့်တက်လာ
သည်ကို တွေ့ရပြန်သည်။

လက်ရှိအသက်အရွယ်ထက် ဆယ်နှစ်ခန့်ငယ်ရွယ်သည်ဟု၊ ထင်ရသူများ၊ အရွယ်နှင့်မလိုအောင် ပေါ့ပါးစွာခံစားတတ်သူ၊
ပြုမူတတ်သူများအား စိတ်ပိုင်းဆိုင်ရာ လေ့လာချက်အရ အရွယ်တင်သူတို့အဖြစ် သတ်မှတ်နိုင်ပြီး၊ အောက်ပါ
အကြောင်းအရာများမှာအရွယ်တင်ခြင်း၏ အဓိကအကြောင်း
အရာများဖြစ်ကြသည်။

အရွယ်တင်သူများသည်

* ကိုယ့်အကြောင်းသာ ကိုယ်စိတ်ဝင်စားသည်။ ပကတိ ရှိရင်းစွဲ
အတိုင်း အရိုးသားဆုံးနေထိုင်သည်။

* ကိုယ့်ကိုယ်ကို ရှုံ့ချဝေဖန်ခြင်း အပြစ်တင်ခြင်းမပြု။

* ပေါ့ပါးသွက်လက်စွာ လူငယ်တစ်ယောက်လို အလုပ် ဆက်လုပ်
တတ်သည်။

* ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေတတ်သည်။ ကာလ
ဒေသနှင့် လိုက်ရောညီထွေ စိတ်ကိုမျှတစေတတ်သည်။

* ပျော်ပျော်ရွှင်ရွှင်နေတတ်သော စိတ်ထားကို မွေးမြူထားလေသည်။

ထို့ကြောင့် .. သင် အရွယ်တင်အောင် နေထိုင်ပါ .. ။

စာရေးဆရာမ လင်ဒါဖီးလ် (Lynda Field) ၏ 60 ways to
chage your life ဆိုသည့် စာအုပ်လေးကို မှီငြမ်းကိုးကား
လျှက် စိတ်ကူးနှင့်ပေါင်းစပ်ကာ ဘာသာပြန်ဆိုရေးသားထား
ခြင်းဖြစ်ပါသည်။

နန်းအသင်္ခယာ

No comments:

Post a Comment