Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 30, 2013

ပခုံးအရွယ်အစားလောက် ကြီးမားသည့် လည်ပင်းရှိသူ




တရုတ်ပြည်၊ ဂျီလင်း ခရိုင်မှ ဝမ်ဇီရှန် ဆိုတဲ့ အမျိုးသားဟာ လည်ပင်း တစ်ဝိုက်မှာ ကြီးမားတဲ့ အကျိတ်ကြီး ဖြစ်ပေါ် နေတယ်လို့ သိရပါတယ်။ ၂၀ဝ၅ ခုနှစ် ဟော်မုန်း ကုသမှု ခံယူပြီး နောက်ပိုင်း မှာ သူ့လည်ပင်းဟာ စတင်ထူထပ် လာတယ်လို့ ဆို ပါတယ်။ အဲဒီ အကျိတ်ဟာ အဆီကျိတ် ဖြစ်ပြီး အဆီဆဲလ်တွေ ကြီးထွားမှု လွန်တဲ့ ဘီနိုင်းအကျိတ် ဖြစ်တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ခွဲစိတ် ကုသဖို့ လိုအပ် ပေမယ့် ခွဲစိတ် နိုင်ဖို့အတွက် ငွေအလုံ အလောက် မရှိတာကြောင့် မခွဲနိုင် သေးဘူးလို့ ဆိုပါ တယ်။ အဆီကျိတ်ဟာ ပျော့ပျောင်းပြီး အရေပြား အောက်မှာ ပေါ်တတ် ပါတယ်။ များသော အားဖြင့် ပခုံး၊ လည်ပင်း၊ ရင်ဘတ်၊ လက်မောင်း ဒါမှမဟုတ် နောက်ကျောမှာ ဖြစ်တတ် ပါတယ်။ လူတစ်ရာမှာ တစ်ယောက်နှုန်း ဖြစ်ပေါ် တတ်ပြီး ဒုက္ခမပေး တတ် ဘူးလို့ သိရပါတယ်။ အကယ်၍ အဲဒီ အဆီကျိတ် ဟာ ကြီးမားနေရင် ဒါမှမဟုတ် မိမိအတွက် သက် သောင့်သက်သာ မရှိရင် ခွဲစိတ်ပြီး ဖယ်ရှား ပစ်ဖို့ လိုပါတယ်။ များသော အားဖြင့် အချင်းတစ်စင် တီမီတာနဲ့ သုံးစင်တီမီတာကြား အရွယ်သာ ရှိတတ် ပြီး အဆီဆဲလ်တွေ ကြီးထွားမှု များတာကြောင့် ဖြစ် တယ်လို့ ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး

No comments:

Post a Comment