Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 6, 2013

လူတောတိုးရမှာ ကြောက်သော ရောဂါ

ကို ထက်'s photo.
လူတောတိုးရမှာ ကြောက်သော ရောဂါ

သူစိမ်းများနှင့် တွေ့ရသည့်အခါ ရှက်တတ်ကြ ကြောက်တတ်ကြသည်မှာ
လူအများစုကြီးတွင် ဖြစ်နေကျ သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်၏။ သူစိမ်းတွေနဲ့
တွေ့ရမည်၊ လူရှေ့ထွက် စကားပြောရမည် စသဖြင့် သူစိမ်းများနှင့် ပထမဆုံး
ပြောဆိုဆက်ဆံရသည့်အခါ လူတိုင်းနီးပါး နှလုံးခုန်တွေ မြန်မည်၊ လက်ဖဝါး
ခြေဖဝါးတွေ ချွေးပြန်မည်၊ ရင်ထဲက တစ်လှပ်လှပ် ဝမ်းထဲက တစ်ဇပ်ဇပ်
တုန်လာမည်ပဲ ဖြစ်သည်။

ထိုသို့သော အဖြစ်များကို လူတိုင်းနီးပါး ကြုံကြမည်ဖြစ်သော်လည်း
ပုံမှန်အခြေအနေရှိသော အများစုကြီးကား စကြုံရသည့် တစ်ခေါက်
နှစ်ခေါက်လောက်တွင်သာ မနေတတ် မထိုင်တတ်လောက်အောင် ဖြစ်ကြ၍
ကြုံပါများလာသောအခါ ကျင့်သားရသွားပြီး အေးအေးဆေးဆေး ဖြစ်သွားတော့သည်။
ပုံမှန်မဟုတ်သူများကား မည်မျှပင်ကြုံကြုံ ကြုံတိုင်းမှာ အထက်ပါအတိုင်း
ခံစားချက်များက အသစ် အသစ် ပေါ်လာကြသည်ချည်းဖြစ်သည်။ အကြောက်တွေ လွန်နေမည်၊
အရှက်တွေ လွန်နေမည်၊ သူစိမ်းတွေနား ရောက်တိုင်း ထိုသို့ ရှက်သည့်
ကြောက်သည့်စိတ်ကြီးက အလိုလို ပေါ်လာမည်။ ထိုသို့ဖြစ်ခြင်းသည်
စိတ်ရောဂါတစ်မျိုးဖြစ်သည်။ လူတော မတိုးရဲသည့်စိတ်ရောဂါဟု
ခေါ်လို့ရနိုင်သည်။

လူတောမတိုးရဲသည့် စိတ်ရောဂါဆိုသည်မှာ အဘယ်နည်း။

လူတောမတိုးရဲသည့် စိတ်ရောဂါ၏ အဓိက ဇစ်မြစ်မှာ အရှက်လွန်ခြင်းဖြစ်သည်။
ထိုဝေဒနာရှိသူများသည် လူတွေနဲ့ တွေ့ဆုံဆက်ဆံရမှာ ကြောက်သည်ဟု ဆိုခြင်းထက်
ရှက်သည်ဟုဆိုလျှင် ပိုမှန်သည်။ ကိုယ် ဘာလုပ်လုပ် သူများတွေက
လိုက်ကြည့်ပြီး လှောင်နေကြမလားဆိုသည့်စိတ်ကြီးက ထိုလူတွေရင်ထဲမှာ
တစ်ချိန်လုံးကြီးစိုး ခြောက်လှန့်နေသည်။ ရလဒ်အဖြစ် ထိုဝေဒနာသည်များသည်
နေ့စဉ်ဘဝ ဆက်ဆံရေးများမှာပင် ပေါ့ပေါ့ပါးပါး မရှိကြဘဲ တစ်ချိန်လုံး
သတိအနေအထားနှင့် ဖြစ်နေတတ်ကြသည်။

လူတောမတိုးရဲသည့် စိတ်ဝေဒနာရှင်များသည် မိဘ မောင်ဘွား အပေါင်းအသင်း
ရောင်းရင်း ခင်မင်သူများနှင့် ပြောဆိုဆက်ဆံရာတွင်မူ ပုံမှန်သာဖြစ်သည်။
သို့သော် သူစိမ်းများနှင့် တွေ့ပြီဆိုလျှင်တော့ ၎င်းတို့၏
အရှက်လွန်စိတ်များက အမြင့်ဆုံးထိ ထကြွလာကြတော့သည်။ သူစိမ်းများနှင့်
စကားပြောရမည်၊ လူအများရှေ့ စကားပြောရမည်ဆိုသည့်အခါများတွင် ထိုလူများ၏
ရှက်စိတ်သည် ငယ်ထိပ်ထိ တက်ဆောင့်သည်ဟု ဆိုနိုင်လောက်အောင်
အရှက်ကြီးရှက်ကာ စကားတစ်လုံးမှပင် မထွက်နိုင်လောက်အောင် ဆွံ့အ
နေတတ်ကြသည်။ လူအများကြားရောက်လျှင် သူများတွေ ငါ့ကို ကြည့်ပြီး ဘာတွေများ
လှောင်နေကြမလဲဆိုသည့် ကိုယ့်ကိုယ်ကို သတိထားပြီး ထိန်းလွန်းသောစိတ်ကြီးက
ဖိစီးလွှမ်းမိုးနေသဖြင့် လူတွေနှင့် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး
မဆက်ဆံနိုင်တော့ဘဲ လူတွေကြားထဲ နေရတာကို အလိုလို စိတ်ကုန်နေတတ်ကြတော့သည်။

လူ့ခန္ဓကိုယ်တွင်ပါဝင်သော အရေးပေါ်အခြေအနေ တုံ့ပြန်မှုစနစ်
ချို့ယွင်းခြင်းသည် လူတောမတိုးရဲဖြစ်စေသော အကြောင်းတစ်ချက်ဖြစ်သည်။
အန္တရာယ်တစ်စုံတစ်ခုနှင့် ဗြုန်းဒိုင်းကြီး ကြုံလာရပါက လူ့ခန္ဓာကိုယ်သည်
ဝုန်းဆို ဒိုင်းခနဲ အလိုအလျောက် တုံ့ပြန်တတ်သည့်စနစ်ရှိသည်။ ထိုသို့
တုံ့ပြန်မှုစနစ်ကို ဦးနှောက်အတွင်းမှ ထွက်လာသော အဒရီနယ်လင်ဟိုမုန်း
အနည်းအများက ထိန်းချုပ်သည်။ အရေးပေါ် အခြေအနေကြုံလိုက်ရသည်နှင့်
ဦးနှောက်သည် ထို အဒရီနယ်လင်ဟိုမုန်းများကို
အများအပြားထုတ်ပေးလိုက်ခြင်းဖြင့် လူသည် အရေးပေါ်တုံ့ပြန်မှုကို ပြုသည်။
ထိုစနစ်သည် အရေးပေါ်အခြေအနေကြုံလျှင်သာ အသုံးဝင်ပြီး ပုံမှန်အခြေအနေတွင်
ထိုစနစ် အလွန်အမင်း တက်ကြွနေပါက လူကို များစွာအန္တရာယ်ရှိစေမည်ဖြစ်သည်။
လူတောမတိုးရဲသော ဝေဒနာခံစားနေရသူများကား ထိုဟိုမုန်းများ
ဦးနှောက်အတွင်းမှ ပုံမှန်ထက်ပိုထွက်ရှိနေကြခြင်းကြောင့်ဖြစ်သည်။
ပုံမှန်ထက် ပိုထွက်နေသဖြင့် သူတို့အဖို့ တွေ့ရသမျှ ကြုံရသမျှသည်
ကြောက်စရာ အထိတ်တလန့် တုံ့ပြန်စရာများချည်း ဖြစ်နေတော့သည်။

လူတောမတိုးရဲ ဝေဒနာက လူတစ်ယောက်၏ ဘဝအပေါ်မည်သို့ သက်ရောက်မှုရှိသနည်း။

၁။ လူတောမတိုးရဲ မပြောရဲ မဆိုရဲခဲ့သဖြင့် လက်လွှတ်ဆုံးရှုံးခဲ့ရသည့်
အခွင့်အရေးများအကြောင်းကို ပြန်တွေးမိပြီး နှမြောတသကာ ကိုယ့်ကိုယ်ကိုလည်း
အားမလိုအားမရနှင့် မကျေနပ်စိတ်များ ဖြစ်ပေါ်နိုင်သည်။

၂။ ကျောင်းမှာ၊ အလုပ်ခွင်မှာ နေရာပေး အလေးထားမခံရသဖြင့် သိမ်ငယ်စိတ်ဝင်နိုင်သည်။

၃။ ရှက်လွန်းနေသဖြင့် လုပ်သင့်တာကို ထမလုပ်မိ၊ အစွမ်းပြသင့်တာကို
ထမပြမိသဖြင့် အခွင့်အရေးများ လက်လွတ်ကာ သူများနောက်ရောက်နေရသည့်
အရှုံးသမားစိတ်များ ဝင်လာနိုင်သည်။

လူတောမတိုးရဲသည့် ဝေဒနာ ဘာကြောင့်ဖြစ်ရသနည်။

မွေးကတည်းက ခန္ဓာကိုယ်တွင်း ချို့ယွင်းလာမှု

မွေးကတည်းက မိဘများဆီက အမွေရလာသော မျိုးဗီဇများကြောင့်
မျိုးရိုးလိုက်ပြီး လူတောမတိုးရဲသည့်ဝေဒနာ ခံစားနေရသူများလည်း ရှိသည်။
မိဘဘိုးဘွားများဆီက လက်ခံရရှိထားသော မျိုးဗီဇများသည် လက်ခံရရှိသူ၏
ဦးနှောက်လုပ်ငန်းများအပေါ် လွှမ်းမိုးကာ စိတ်ဖိစီးမှုများ၊ ရှက်စရာ
ကြောက်စရာများ၊ စိတ်ရှုပ်ထွေးစရာများနှင့် ကြုံလာရပါက ဦးနှောက်၏
တုံ့ပြန်ပုံကို လွှမ်းမိုးသည်။ ရှက်ရှက်ရွံ့ရွံ့ တုံ့ပြန်အောင် လုပ်သည်။

မိဘတွေ၏ လွှမ်းမိုးမှုကြောင့်

မိဘလုပ်သူတွေကိုယ်တိုင်က ရှက်တတ်ရွံ့တတ်သူတွေဖြစ်နေလျှင် ကလေးသည်
မိဘအတုကိုခိုးပြီး ရှက်ရွံ့တတ်သူလေးများ ဖြစ်လာတတ်သည်။ ကလေးက အလိုလိုကမှ
ရှက်တတ် ကြောက်တတ်ရသည့်အထဲ မိဘ ဘိုးဘွားလုပ်သူများက ကလေးကို နေရာတစ်ကာ
ကာဆီးကာဆိး လုပ်နေဦးမည်ဆို ထိုကလေးမျိုး
လူတောတိုးရမှာကြောက်သည့်ဝေဒနာကို ပိုခံရဖွယ်ရှိသည်။

ဘဝနာခဲ့မှုများ

မွေးလာကတည်းက ခပ်ရှက်ရှက်သမားအဖြစ် မွေးလာသူသည် တစ်ချီဆို ဆိုသလောက်
ပြင်းထန်သော အရှက်ရစရာတစ်ခုခုနှင့် တိုးရသည့်အခါ နဂိုရှက်မှာ အပိုထပ်ကာ
လူတောတိုးရမှာ ကြောက်သွားသည်အထိ စိတ်ဒဏ်ရာကို ရသွားခြင်းကြောင့်လည်း
ဖြစ်နိုင်သည်။

ဝမ်းသာစရာကောင်းသည့်တစ်ချက်မှာ လူတောတိုးရမှာကြောက်သော ဝေဒနာသည်
ကုလို့မပျောက်သည့် ဝေဒနာမဟုတ်။ ဖြည်းဖြည်းချင်း စိတ်ရှည်ရှည်နဲ့
ကိုယ့်ကိုယ်ကို ပြုပြင်သွားမည်ဆို ပျောက်ကင်းနိုင်သော
ဝေဒနာတစ်ရပ်ဖြစ်သည်။ ဘေးက အပေါင်းအသင်းရောင်းရင်းများကလည်း ထိုလူများမှာ
စိတ်ဒဏ်ရာတွေ ထပ်မဖြစ်အောင် ကူညီဝိုင်းဝန်းကြရမည်။

ဘယ်သူတွေက ကူညီနိုင်သလဲ။

ဆရာဝန်များ။ ။ လူတောတိုးရမှာကြောက်သည့်ဝေဒနာရှင်များကို အဖြစ်မှန်ကို
အမှန်အတိုင်း မြင်နိုင်အောင် ကျွမ်းကျင်သော စိတ်ကုဆရာဝန်ကောင်းများက
ကူညီနိုင်သည်။ သာမန်ကိစ္စလောက်ကိုပင် အလွန်အမင်း ရှက်စရာကြီးအဖြစ်
မြင်နေသူများကို အမှန်အတိုင်းမြင်ပြီး ရှက်စိတ်မွှန်ခြင်း လျော့သွားအောင်
ဆရာဝန်ကောင်းများက ကူညီနိုင်သည်။ လူတောတိုးရမှာကြောက်သည့်ဝေဒနာသည်
လူတောများများတိုးပြီး ပြောဆိုဆက်ဆံလာလေ ပျောက်ကင်းဖို့များလေဖြစ်ရာ
လူတောမတိုးရဲဖြစ်နေသူများ ဖြည်းဖြည်းချင်း လူတောတိုးပြီး
ပြောဆိုဆက်ဆံနိုင်လာမည့် အစီအစဉ်များကို ကျွမ်းကျင်သော စိတ်ကုဆရာဝန်များက
ဝိုင်းဝန်းချမှတ်ပေးခြင်းသည် ဝေဒနာရှင်အတွက် များစွာထိရောက်မည်ဖြစ်သည်။

မိသားစုများ အပေါင်းအသင်း ရောင်းရင်းများ ။ ။ ထိုလူများသည်လည်း
လူတောတိုးရမှာကြောက်သူများကို အကောင်းဆုံးကူညီနိုင်သူများဖြစ်သည်။
မိသားစုဝင်များ၊ အပေါင်းအသင်း ရောင်းရင်းများ၏ ဝိုင်းဝန်းအားပေးမှုဖြင့်
လူတောတိုးရမှာကြောက်သောသူသည် ၎င်း၏ ပြင်ပကမ္ဘာကလူများနှင့် ဆက်ဆံဖို့ ပိုမို
စိတ်အားရှိလာမည်ဖြစ်သည်။ လူတောမတိုးရဲရကောင်းလားဆိုပြီး ဝိုင်း
ဝေဖန်ခြင်း၊ ပြစ်တင်ခြင်း၊ ရှုတ်ချခြင်းများသည် ဝေဒနာရှင်များကို
အခြေအနေပိုဆိုးအောင်လုပ်သလိုသာဖြစ်ကြောင်းကိုလည်း သတိထားကြရမည်။

လူတောတိုးရမှာကြောက်ခြင်းကို ကျော်လွှားခြင်း

လူတောတိုးရမှာကြောက်ခြင်းကို ရင်ဆိုင်ကျော်လွှားဖို့ရန်မှာ စိတ်ရှည်ဖို့
လိုသည်၊ ကြောက်နေတာကြီးကိုပဲ ရင်ဆိုင်ရဲသည့် သတ္တိရှိဖို့လည်း လိုသည်၊
ကြောက်ကြောက်နှင့်ပင် လူတောများများတိုးဖြစ်အောင်
ကြိုးစားလေ့ကျင့်လိုသည့်စိတ်လည်း ရှိရမည်။ ထိုသို့ တစ်ဖြည်းဖြည်းချင်း
ရှေ့တိုးသွားသောနည်းဖြင့် လူတောထဲမှာ အရှက်လွန်ပြီး
မနေတတ်မထိုင်တတ်ဖြစ်နေသူများသည် တစ်ဖြည်းဖြည်း
နေတတ်ထိုင်တတ်ဖြစ်လာမည်ဖြစ်သည်။ ခြေလှမ်းသေးလေးများ တစ်လှမ်းချင်း
ဖြည်းဖြည်းချင်း လှမ်းသွားခြင်းဖြင့် တစ်လှမ်းလှမ်းလို့ အောင်မြင်တိုင်း
ရရှိလာမည့် စိတ်ကျေနပ်မှု ဂုဏ်ယူမှုက နောက်ခြေလှမ်းများ ဆက်လှမ်းချင်စရာ
စိတ်ခွန်အားကို ပေးမည်ဖြစ်သည်။ လူတောတိုးရမှာကြောက်ခြင်း၊ လူတောတိုးရမှာ
ရှက်လွန်းခြင်းများ တစ်ဖြည်းဖြည်းချင်း လွင့်စဉ်ပျောက်ကွယ်လာသည်နှင့်အမျှ
၎င်းတို့နေရာတွင် ကိုယ့်ကိုယ်ကို ယုံကြည်မှုများ၊
အကောင်းမြင်အပြုတွေးစိတ်များ ဝင်လာမည်ဖြစ်သည်။ ထိုသို့ ဖြည်းဖြည်းချင်း
ရှေ့တိုးသွားခြင်းဖြင့် လူတောတိုးရမှာ ရှက်ကြောက်သူများသည်
လူကြားရောက်ရင် ငါတော့ ဘယ်လိုရှက်နေတော့မှာပဲဆိုတာမျိုး တွေးနေမိခဲ့ရာမှ
လူကြားရောက်ရင် ငါတော့ ဘယ်လိုပျော်စရာနဲ့ တွေ့မှာပါလိမ့်လို့
တွေးနေမိသည့်ဘဝကို ကူးပြောင်းရောက်ရှိလာမည်ဖြစ်ပါကြောင်း… ။ ။
credit: unknow

ဆရာဝန်ကောင်းများက ကူညီနိုင်သည်။ လူတောတိုးရမှာကြောက်သည့်ဝေဒနာသည

No comments:

Post a Comment