Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 5, 2013

Bagan အမည်ဖြင့် မြန်မာကီးဘုတ်အသစ်ထွက်ရှိ

Android ဖုန်း/Tablet တွေအတွက် Bagan အမည်ဖြင့် မြန်မာကီးဘုတ်အသစ်ထွက်ရှိလာပါတယ်။ ဒီ keyboard လေးကိုတော့ Bagan Innovation Technology မှရေးသားထားပါတယ်။ မြန်မာလက်ကွက်စနစ်( Zawgyi Font )နှင့် English လက်ကွက်စနစ်ပူးတွဲပါရှိသော Bagan Keyboard (BETA) version ကိုဖြစ်ပါတယ်။။ Bagan Keyboard အားအောက်ပါ link တွင်ရယူနိုင်ပါသည်။

http://www.myanmarmobileapp.com/2013/03/05/bagan-keyboard-beta/
 


၁။ မြန်မာလက်ကွက်နှင့် English လက်ကွက် ကိုကြိုက်နှစ်သက်ရာ တစ်မျိုးစီဖြစ်စေ ၊ နှစ်မျိုးစလုံးဖြစ်စေ ရွေးချယ်အသုံးပြုနိုင်ပါသည်။

၂။ Bagan Keyboard ကိုအသုံးပြုရန်အတွက် phone အား root လုပ်ထားရန်မလိုပါ။

၃။ မြန်မာစာနှင့် English စာနှစ်မျိုးစလုံးအတွက် စာလုံးတွဲများကို အစအဆုံး ရိုက်နှိပ်စရာမလိုသည့် အကြံပေးစနစ် (Suggestion System) ပါရှိပါသည်။

၎။ အသုံးများသည့်စကားလုံးတွဲများကို Suggestion System မှပေးထားသော အကြံပေးချက်များ မလုံလောက်သေးပါက မိမိစိတ်ကြိုက် ပေါင်းထည့်အသုံးပြုနိုင်သော User Dictionary စနစ်ပါရှိပါသည်။

၅။ စကားလုံးတွဲများကို မိမိစိတ်ကြိုက် ထည့်သွင်းရာတွင် User Dictionary တွင်သွားရောက်ထည့်သွင်းနိုင်သကဲ့သို့ စာရိုက်နေစဉ်တွင်လည်း စကားလုံးတွဲပေါ်တွင် Double Touch နှိပ် ၍ ဖြည့်သွင်းနိုင်ပါသည်။

No comments:

Post a Comment