Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 9, 2013

မုသားဖော်စက်

မုသားဖော်စက်ကို လူသားများ အောင်မြင်စွာ တီထွင်နိုင်ခဲ့ပေသည်။ မည်မျှသေးငယ်သော မုသားစကားပင်ဖြစ်စေ ပြောတော့မည်ဆိုလျှင် လူ၏ ဦးဏှောက်ထဲမှ နက်ရှိုင်းသော တစ်နေရာတွင်မီးခိုးငွေ့အချက်ပြ ကိရိယာကဲ့သို့ အထိတ်တလန့်ဖြင့်အချက်ပေးသံမျိုး တုန့်ပြန်မှုတစ်ခုခု ဖြစ်လာသည်ဟူသော အချက်ကို အခြေခံပြီး တီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကိရိယာငယ်ဖြင့် လူသားတို့၏ မုသားကို ထောက်လှမ်း သိရှိနိုင်ခြင်း ဖြစ်လေသည်။ ဦးဏှောက်ထဲတွင် ထိုသို့ အထိတ်တလန့်ဖြစ်သွားသည်နှင့် အာရုံကြောတုန့်ပြန်မှုများဖြစ်စေ သို့မဟုတ် နျူရိုဟိုမုန်းများ ဖြစ်စေ သို့မဟုတ် နှစ်ခုစလုံးဖြစ်စေ ပေါ်ပေါက်လာတတ်သည်ဟု ဆိုပါသည်။ထိုသို့သော တုန့်ပြန်မှုများကို မုသားရှာစက်ဖြင့် မှတ်တမ်းတင်လိုက်သောအခါ အရေပြား၊ နှလုံးခုန်နှုန်း၊အသက်ရှုသံ စသည်တို့၏ လျှပ်စစ်စီးကြောင်းထဲတွင် ပြောင်းလဲမှုများဖြစ်ပေါ်နေသည်ကို တွေ့ရသည်ဟု ဆိုပါသည်။ ထို တုန့်ပြန်မှုများသည် စိတ်ပင်ပန်းတင်းကျပ်လာလျှင် ဦးဏှောက်က ပြုလုပ်လေ့ရှိသည့် တုန့်ပြန်မှုများနှင့် အတူတူပင်ဖြစ်သည်ဟု ဆိုပါသည်။ သို့ဆိုလျှင် မုသားပြောခြင်းသည် စိတ်ပင်ပန်းစေသော အရာဖြစ်သလော။ ကာကွယ်မှုအတွက်ဖြစ်စေ၊ သက်သာမှုအတွက် ပြောသည်ဖြစ်စေ၊ အပျော်အပျက်ပြောသည်ဖြစ်ပါစေ မုသားပြောခြင်းသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ၊ တင်းကျပ်မှုဖြစ်ကြောင်း သေချာနေပါသည်။ ဘုရားကလည်းသားတော်ရာဟုလာအား မုသားဆိုလျှင် အပျော်အပျက်တောင် မပြောမိစေနှင့် တင်းတင်းကြပ်ကြပ် ဆုံးမထားခဲ့ပါသည်။ မုသားပြောခြင်းမှ ဖြစ်ပေါ်လာသော သောက မှ ဗဟိုအာရုံကြောဖွဲ့စည်းမှု စနစ်ကြီးမှ အချက်ပြ လက္ခဏာ များတစ်ခုပြီးတစ်ခု ထွက်လာခဲ့ကာ မိမိ ခန္ဒာကိုယ် တွင် တခုခုမှားနေပြီဆိုသည်ကို ဆူညံစွာ အသိပေးလေ တော့သည်။ စိတ်ပညာသပ်သပ်ဖြင့်ပြောလျှင် မုသား ပြောခြင်းသည် သဘာဝမကျသော လုပ်ဆောင်မှုတစ်ခုဖြစ်ပေသည်။

ကျွန်ုပ်တို့သည် မုသားများကို နာကြင်ခြင်းကင်းစွာဖြင့် သက်တောင့်သက်သာ ပြောနိုင်ကြပါသည်။ နေ့ရောညပါ ပြောနိုင်ကြပါသည်။ နောက်ဆက်တွဲအနေဖြင့် ကျွန်ုပ်တို့၏ ချွေးအိပ်များ၊ ကျောက်ကပ်အနီးရှိ အကျိတ်များ တဖြည်းဖြည်းပျက်စီးစေသည်ဟု မုသားရှာစက်က အကြောင်းရှာပေးနိုင်ပါသည်။ ထိုမျှမကသော အစိတ်အပိုင်းများလည်း ပါနိုင်သည်။ မုသားစကားပြောခြင်းကြောင့် ခါးဆစ်နာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကျောအောင့်ခြင်း စသော သာမာန်ဖြစ်လေ့ရှိသည့် ရောဂါများ၏ အကြောင်းအရင်းးဟုတ်မဟုတ်ကို လေ့လာစူးစမ်းသင့်လှပါသည်။ လူသည် ပင်ကိုအားဖြင့် အမှန်တရားကို ပြောချင်ပါသည်။ ယင်းမှာ မျိုးရိုးဗီဇ ထဲတွင် ပါလာသည့် ဇီဝဗေဒ ဆိုင်ရာလက္ခဏာ တစ်ချက်ဖြစ်ဟန်တူပါသည်။ အတောင်သည် ငှက်၏ မူလ ပစ္စည်း ဖြစ်သကဲ့သို့လည်းကောင်း၊ အကြေးခွံသည် ငါး၏ မူလ ပစ္စည်း ဖြစ်သကဲ့သို့လည်းကောင်း အမှန်ကိုပြောလိုစိတ်သည် လူ၏ မူလ ပစ္စည်း ဖြစ်ဟန်တူပါသည်။ ထိုသို့မုသားဖော်စက်လို ပစ္စည်းလေး တစ်ခုပေါ်လာခြင်းအတွက် ကျွန်ုပ်ဝမ်းသာပါသည်။

-----------------------------

ကိုကြီးမိုင်း

No comments:

Post a Comment