Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 24, 2013

ကျန်းမာသော စားသောက်မှုပုံစံက အိပ်ရေးဝစေမည်


 
ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုပုံစံကို မှီဝဲခြင်းသည် အိပ်စက်မှုပြဿနာများကို ကင်းဝေးစေ မည်ဟု အမေရိကန်သုတေသီများက ထုတ်ဖော်ပြောဆိုလိုက်သည်။
Perelman School of Medicine နှင့် University of Pennsyl yania မှပြုလုပ်သော သုတေသနအရ အိပ်စက်မှုကာလကို နေ့စဉ်စားသုံးသော အစားအစာများ ကလည်း လွှမ်းမိုးမှုရှိကြောင်းသိရ သည်။
သုတေသနခေါင်းဆောင် Dr.Grandner Sittsက လူတွေဟာ စားသုံးတဲ့အာဟာရ အပေါ်မူတည်ပြီး နေ့စဉ်၆နာရီမှ ၈နာရီအထိပျမ်းမျှ အိပ်စက်ကြကြောင်း၊ နေ့စဉ်စားသုံးသော အစားအဟာရမမှန်ကန်လျှင် အိပ်စက်မှုကာလလျော့နည်းနိုင်ကြောင်း ပြောဆိုထားသည်။
လေ့လာမှုအရ သန့်ရှင်းသောရေကို သောက်သုံးမှုနည်းပါးခြင်း၊ အနီရောင်ရှိသောအသီးများ (ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး)မှရသော လူကိုပင်းနှင့်ကစီဓာတ်ရရှိမှုနည်းပါးခြင်းများ ကအိပ်မပျော်ခြင်းကို ဖြစ်စေကြောင်း နှင့်ဗီတာမင်စီဓာတ်နည်းပါလျှင် လည်းအိပ်စက်မှုကာလတိုတောင်း ကြောင်းကိုသိရှိရသည်။
ထို့ပြင်အခွံမာငါးများမှရရှိသော စီလီနီယမ်၊ အသားနှင့်အနှံများမှ ရရှိသော ပရိုတင်းနည်းပါးလျှင်လည်း အိပ်စက်မှုကာလ ပုံမှန်တစ်ညတာ ၆ နာရီမှ ၈ နာရီထက်နည်းပါးနိုင်ကြောင်းကို ဖော်ပြထားသည်။
အိပ်ရေး၀၀အိပ်လိုလျှင် theo-bromine ဓာတ်များကြွယ်ဝနေသော ချောကလက်နှင့် လက်ဖက်ရည် များ လျှော့သောက်ခြင်း၊ ပြည့်ဝဆီများကို ရှောင်ကြဉ်ခြင်းနှင့်ဥများနှင့် အဆီပါသောအသားများမှ ကိုလင်းဓာတ်ကို လျှော့ချခြင်း (လုံးဝရှောင်ကြဉ်ရန်မဟုတ်)များကို ပြုလုပ်သင့်ကြောင်း Dr.Grandner Sitts ကအကြံပြုထား သည်။
ယခုလေလ့ာမှုကို Journal of Appetiteတွင် ဖော်ပြထားခြင်းဖြစ် သည်။

ငြိမ်းအေး
Ref: IANS
Health Updates Journal
Vol-2,No-8

No comments:

Post a Comment