Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 17, 2013

အင်ဒိုနီးရှားမှ လူသေပြုစုပွဲ


 အင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ (Ma' Nene festival) ကျင်းပနေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။

ယင်းပွဲသည် သေဆုံးသွားပြီဖြစ်သော မိမိဆွေးမျိုးသားချင်းများကို ပြန်လည်တူးဖော်ပြီး အဝတ်အစား သစ်များ ဝတ်ပေးခြင်း၊ အစားအသောက်များ ပူဇော်ပသပေးခြင်းတို့ကို ပြုလုပ်သောပွဲဖြစ်သည်။
ထိုကဲ့သို့ ပွဲကို သုံးနှစ်တစ်ကြိမ်ကျင်းပပြီး အလောင်းပြန်တူးဖော်ခွင့်ရရှိကြသည်။ အလောင်းပြန်တူးဖော်ခွင့် ရသော မိသားစုများမှ ၎င်းတို့ မိဘ၊ ဘိုးဘွား၊ သားသမီး၊ ဇနီးခင်ပွန်း အစရှိသဖြင့် ဆွေမျိုးရင်းချာတို့ အလောင်း ကို သန့် စင်ပေးပြီး အဝတ်အစားသစ်များဝတ်ပေးသည်။ အစားအသောက်များ ပူဇော်ပေးပြီး မြေနေရာသို့ ပြန်လည် မြှုပ်နှံပေးသည်။

ယင်းကဲ့သို့ ပွဲတော် Ma' Nene festival သည် အင်ဒိုနီးရှားတို့၏ ကမ္ဘာကျော် ရိုးရာပွဲ တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။

amily members hold up a mummy before giving it new clothes in a ritual in the Toraja district of Indonesia's South Sulawesi Province, August 23, 2012.

No comments:

Post a Comment