Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

ကျန်းမာနေတုန်းမှာတရားအားထုတ်ကြပါ။


 
ဒီနေ့ အမေနဲ့ တစ်နာရီအတူတူတရားထိုင်ဖြစ်တယ်။
အစက သွေးလေ မညီမျှလို့ နေမကောင်းသလို တမနက်လုံးဖြစ်ချင်နေတာ တရား တစ်နာရီလောက်ထိုင် ပြီး မှ တော်တော်နေလို့ ကောင်းသွားတယ်။
နေမကောင်းထိုင်မကောင်းဖြစ်ပြီဆိုရင် တရားထိုင်လိုက်ခြင်း (သို့) တရားမှတ်လိုက်ခြင်းက အကောင်းဆုံး ဆေးပါဘဲ။
... နေလို့ မကောင်းဘူးဆိုတာ ဓာတ်ကြီးလေးပါး မညီမျှလို့ ပါ။ တရားထိုင်တဲ့ ခါ သွေးလေ တွေ ညီမျှ ပြီး ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတဲ့ ဒီရုပ်ကြီးက ညီမျှသွားလို့ တော်ရုံဝေဒနာ နဲ့ အမည် မဖော်ပြတတ်တဲ့ ဝေဒနာတွေ မကြာခဏပျောက်တာကတော့ ကိုယ်တွေ့ ပါဘဲ။
နေလို့ ထိုင်လို့ လန်းလန်းဆန်းဆန်းမရှိရင် တရားထိုင်လိုက်တာနဲ့ ဘယ်နေရာမှာ ပြောင်းလဲဖောက်ပြန်ပြီး ဘယ်ဓာတ်တွေများနေလဲ ဆိုတာ ခံစားသိရှိနိုင်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်ကို ဓာတ်မှန်ရိုက်လိုက်သလို ဘာတွေပြောင်းလဲ ဖောက်ပြန်နေတယ်ဆိုတာ ခံစားသိရှိနိုင်မှာပါ။
သိပ္ပံလို ပြောရင် တရားထိုင်လိုက်ရင် မိမိခန္ဓာကိုယ်က ဓာတ်တမျိုး ထုတ်လုပ်ပါတယ်တဲ့။ အဲဒီဓာတ်ဟာ လူကို ကျန်းမာရေး ကို အထောက်အကူပြုပါတယ်လို့ ကြားဖူးပါတယ်။
လက်တွေ့ မှာတော့ အတော်အသုံးဝင်ပါတယ်။
ဒီလို နေမကောင်းရင် တရားမှတ်ဖို့ ဆိုတာ နေကောင်းတဲ့ ခါတုန်းက တရားကို ကြေညက်စွာ လေ့ကျင်ပြီး ထိုင်ထားမှ သိမှမို့ နေကောင်းကျန်းမာတုန်းမှာ လေ့ကျင့် ကြပါ။
မကျန်းမာသူဟာ ညည်းညူပြီး ဘေးလူကို အလိုမကျတိုင်းဒုက္ခပေးနေရင် ဘယ်သူမှ ထိုမမာသည်နားမှာ မနေချင်ပါဘူး။
နေမကောင်းသူက တရားနဲ့ ငြိမ်ငြိမ်သက်သက်ဆိုရင်တော့ ပြုစုရတဲ့သူလည်း သက်သာ၊ကုသိုလ်လည်းရ ပြီး နှစ်ဘက်စလုံးအတွက် အကျိုးရှိပါတယ်။
ရောဂါပြင်းထန်လို့ မတော်တဆ ဘ၀ကူးခဲ့ရင်လည်း ကျေနပ်စရာပါဘဲ။
စာဖတ်ပရိတ်သတ်များလည်း တရားစာတွေ ရှယ်နေ၊ ဖတ်နေရုံ၊ဆွေးနွေးနေရုံ နဲ့ အားမရဘဲ တရားရဲ့  အကျိုးကို ကုယ်တွေ့ ခံစာဖို့ အတွက် လက်တွေ့ များများ အားထုတ်ဖို့ပွဲမ၀င်ခင်သေချာလေ့ကျင့်ဖို့ စေတနာအပြည့်နဲ့ တိုက်တွန်းရင်း .....

မေတ္တာဖြင့်
ွှမနန်းမွန်း( အနှိုင်းမဲ့စာတိုပေစများ)

လာလည်နိုင်ပါတယ် - http://www.infinitydhamma.com/See

 
more

No comments:

Post a Comment