Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

ချောကလက်၏ ကောင်းကျိုးများ



ချစ်သူများနေ့အမီ ကမ္ဘာ့အကြီးဆုံး သိပ္ပံလေ့လာရေးအဖွဲ့ တစ်ခုဖြစ်သော အမေရိကန်ဓာတုဗေဒအဖွဲ့ အစည်း (ACS) မှ ချောကလက်စားသုံးခြင်း(တော်သင့်ရုံ)က ကျန်းမာရေးကို ကောင်းစေသော အချက်ငါးချက်ကို ဖော်ပြခဲ့သည်။ ချောကလက်တစ်တောင့်တွင် ပစ္စည်းအမျိုးပေါင်း ၁၀၀ ကျော်ပါဝင်ပြီး၊ အများစုက ကျန်းမာရေးအတွက် ကောင်းစေသည်။
၁။ ။ချောကလက်က သင့်ရဲ့စိတ်ကို ပျော်ရွှင်စေသည်။ ဤကဲ့သို့ ပျော်ရွှင်စေရခြင်းမှာ အရသာရှိသောကြောင့် သက်သက်မဟုတ်ဘဲ၊ ချောကလက်တွင် ပါဝင်သော ဓာတုပစ္စည်းများက anandamide ဟုခေါ်သည့် အာရုံ ကြောကိုလှုံ့ဆော်ပေးသော ဓာတုပစ္စည်းအားပြိုကွဲမှုမှ ကာကွယ်ပေးသည်။ ယင်းဓာတုပစ္စည်းကို တစ်ခါတစ်ရံ၌ “ဘုရား၏ကောင်းချီးပေးသောမော်လီကျူး”ဟုခေါ်လေ့ရှိပြီး၊ ၎င်းက နာကျင်မှုဝေဒနာနှင့် စိတ်ကျခြင်းစသည့် ခံစားချက်များကို တားဆီးပေးသည်။
၂။ ချောကလက်တွင် ကဖင်းနှင့် thebromine ဟုခေါ်သော ဓာတုပစ္စည်းများပါဝင်ပြီး ယင်းတို့က စွမ်းအင် ပမာဏအမြောက်အမြားထွက်ရန် ကူညီပေးသည်။
၃။ ချောကလက်တွင် အဓိကသုံးထားသော ကိုးကိုးတွင်ပါဝင်သည့် သဘာဝ မှရရှိသော polyphenols က ကောင်း သောအဆီဖြစ်သည့် HDL ကိုများစေသည်။
၎။ ချောကလက်ကအမျိုးသားများတွင် လေဖြတ်ခြင်းကို လျော့နည်းစေသည်။
၅။ အနည်းငယ်မည်းသော ချောကလက်မည်းများက စိတ်ဖိစီးမှုကို လျော့ကျစေသည်ဟုသိရသည်။

မိုင်ကိ
Ref: MNT
Health Updates Journal
Vol-2,No-8

No comments:

Post a Comment