Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

လေဖြတ်ဝေဒနာကုသမှု လမ်းညွှန်ချက်အသစ်


 
ဦးနှောက်အစိတ်အပိုင်းတစ်ခုထံ သွေးစီးဆင်းမှုရပ်ဆိုင်းပြီး လေဖြတ်ဝေဒနာခံစားနေရသူများအား လေဖြတ်ဝေဒနာများ စတင်ပြီး (၄)နာရီမှ (၅)နာရီအတွင်း သွေးခဲပျော်ဆေးများပေးသင့်ကြောင်း အမေရိကန်နှလုံးကျန်းမာပညာ အစည်းအရုံး (Amer-ican Heart Association)၏ လမ်းညွှန်ချက်သစ်အရ သိရသည်။
လေဖြတ်သူ (၁၀)ဦးတွင် (၉)ဦးမှာ ဦးနှောက်ထံ သွေးစီးဆင်းမှုရပ်ဆိုင်း၍ ခံစားရခြင်းဖြစ်ပြီး ဦးနှောက် ထံစီးဆင်းနေသည့် သွေးကြောများတွင် သွေးခဲပိတ်ဆို့ခြင်းကြောင့် အဓိကဖြစ်ပွားလေ့ရှိသည်။ လေဖြတ် ဝေဒနာ၏ အချက်ပေး လက္ခဏာများ (warning signs) တွေ့သည်နှင့် လူနာတင်ယာဉ်ခေါ်ခြင်း၊ အနီးဆုံး ဆေးရုံဆေးပေးခန်းသို့ ပို့ခြင်းစသည် တို့မှာ လေဖြတ်ဝေဒနာကုသရာတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက် ရှိသည်။
လေဖြတ်ဝေဒနာစတင်ခံစားရချိန်တွင် ဆရာဝန်အနေနှင့် ဝေဒနာစတင်ပြီး နာရီပိုင်းအတွင်းပေးရသည့် tissue plasminogen activator (tPA) သွေးခဲပျော်ဆေးကို လူနာအား ပေးသွင်းကုသရန် သင့်မသင့် လျှင်မြန်စွာ ဆုံးဖြတ်ပေးရသည်။
“သွေးခဲပျော်ဆေး (tPA) ကို ယခုအခါ လူနာတော်တော်များများမှာ ပေးလာနိုင်ပါတယ်။ လေဖြတ်ပြီး (၄)နာရီမှ (၅)နာရီကြာပြီးအထိ ရောက်လာတဲ့လူနာတွေကိုတောင် ပေးရမှာဖြစ်ပါတယ်”ဟု ကုသမှုလမ်းညွှန်ချက်ကို ဦးဆောင်ရေးဆွဲသူ တောင်ကယ်ရိုလိုင်းနားဆေးတက္ကသိုလ် အရေးပေါ်ဆေးပညာ ဌာနမှ ဒေါက်တာ အက်ဒွပ်ဂျော့ခ်ျကဆိုသည်။
လေဖြတ်ဝေဒနာကုသမှု လမ်း ညွှန်ချက်အသစ် တွင် လေဖြတ် ဝေဒနာမျိုးစုံကို ၂၄ နာရီပတ်လုံး ကုသမှုပေးသော လေဖြတ်ဝေဒနာ အထူးကုသ ဌာနများ၊ သွေးအရောက်နည်းသည့် လေဖြတ်ဝေဒနာများ အတွက် ၂၄နာရီပတ်လုံးကုသမှုပေးသော လေဖြတ်ဝေဒနာအခြေခံ ကုသမှုဌာနများ၊ လေဖြတ်ဝေဒနာ အများစုကို ကုသနိုင်သော်လည်း အဆင့်မြင့်နည်းပညာများမပါဝင်သည့် လေဖြတ်ဝေဒနာ တက်ရောက်ကုသနိုင်သည့် ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများ စသည်တို့ကို ဒေသအလိုက်ချိတ်ဆက် ဆောင်ရွက်မှုများ ပြုလုပ်ရန်ညွှန် ကြားထားသည်။
“အရေးပေါ် လေဖြတ်ဝေဒနာ ကုသမှုကျွမ်းကျင်ပညာ ရှင်တွေမရှိတဲ့ ပြည်သူ့ဆေးရုံတွေနဲ့ ကျန်းမာရေး ၀န်ဆောင်မှုစနစ်တွေ ချိတ်ဆက်ဆောင်ရွက်တာဟာ ပထမဆုံးအကြိမ် ပါပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် ပြည်သူ့ ဆေးရုံတွေမှာ အဝေးကုဆေးပညာ (telemedicine) အခန်း ကဏ္ဍကြီးမားလာတာကို တွေ့နိုင်ပါတယ်” ဟုလည်းဂျော့ခ်ျကဆိုသည်။


သီဟ
Source: ANI
Health Updates Journal
Vol-2,No-8

No comments:

Post a Comment