Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 29, 2013

Zaw Ko, a young Myanmar runner,


Zaw Ko, a young Myanmar runner, sprints toward the finish line ahead of a foreign runner during Myanmar's first ever international marathon in Yangon, southern Myanmar, 27 January 2013.

(Downloading or Copying or Publication are 100% permitted ! Copyleft@LYNN BO BO)

Lynn Bobo
ဒီကလေးက 10 km challenge မှာ ပြေးတာပါ။ (အသက် ၁၂ နှစ်ကနေ ၁၉ နှစ်ကြား မှာ တတိယနေရာက ပန်းဝင်တယ်လို့ သိရတယ်။ ကျနော့်အထင် သူက Overall မှာလဲ ပထမ လူ ၅၀ လောက်မှာ ပန်းဝင်တယ်။)

ပန်းဝင်ခါနီး မီတာ ၁၀၀ လောက်အလိုမှာ ကောင်လေးနောက်က နိုင်ငံခြားသား ကပ်ပါလာလို့ ဘေးက ပရိသတ်တွေက ဝိုင်းအော်တယ်။ ကောင်လေး လှည့်ကြည့်ပြီး အသားကုန် ညှစ်ပြေးတယ်။ နောက်က နိုင်ငံခြားသားလဲ အတင်းလိုက်တယ်။ နှစ်ယောက်သား ၃-၄ ပေလောက်ပဲ ခြားပြီး ပန်းဝင်တယ်။ ကောင်လေး ရှေ့ကပဲ။ လူ ၅၀ လောက်ပန်းဝင်ပြီးတဲ့ ပြိုင်ပွဲမှာ တနေရာနဲ့ ဘာမှ မထူးပေမယ့် သူတို့ နှစ်ယောက်လုံး မလျှော့တမ်းပြေးကြတယ်။ ဒါစိတ်ဓါတ်ပဲ..။ ကြီးတာငယ်တာ လူမျိုး၊ ဘာသာ၊ ကိုယ်စားပြုနိုင်ငံ မရှိပဲ ပြိုင်ပွဲဝင်ကြတဲ့ စိတ်ဓါတ်၊ အပြေးသမား စိတ်ဓါတ်ပဲ။ ဒီကလေး ပန်းဝင်သွားတဲ့အချိန်မှာ မြန်မာလူမျိုးတယောက် အနိုင်ရတဲ့အတွက် ပီတိနဲ့ ကျနော် မျက်ရည်ဝဲခဲ့တယ်။

လူကြီးတယောက်နောက်က ဖိအားပေးနေတယ်၊ ကလေးတယောက်က ရှေ့က ပြေးတယ်။ ဒီမြင်ကွင်းကို ကျနော်ရိုက်ထားတာ 7 frames ရှိတယ်။ အကောင်းဆုံးတပုံကို ကျနော့်မိခင်ဌာနကို ပိုပြီး နောက်ထပ် ကောင်းတယ်ထင်တဲ့တပုံကို မြန်မာစိတ်ဓါတ်ရှိမယ်ထင်တဲ့ ကျန်တဲ့ မြန်မာလူမျိုးတွေအတွက် ကျနော် ဖေ့စ်ဘွတ်ခ်မှာ Share လုပ်တယ်။

မြန်မာလူမျိုးတယောက်အတွက် ဂုဏ်ယူပီတိဖြစ်စရာ မြင်ကွင်းလေးကို အခမဲ့ရှဲရင်း ကျနော် မြန်မာလူမျိုးတချို့ရဲ့ သိမ်ဖျင်းတဲ့ စိတ်ဓါတ်တချို့ကို မြင်ခွင့်ရခဲ့တယ်။ အဲ့ဒီလူတွေကို ဇော်ကိုပြေးတာရဲ့ တဝက် ၅ ကီလိုမီတာလောက် ပြေးခိုင်းပြီး ကျနော် ဓါတ်ပုံထပ်ရိုက်ချင်ပါသေးတယ်။

No comments:

Post a Comment