Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 29, 2013

အမျိုးသမီးများ နှလုံးရောဂါ အန္တရာယ် အသစ်မှ ရှောင်ရှားနိုင်အောင်


 
လေ့လာမှု အသစ်တစ်ခုအရ ကယ်လ်စီယမ် အားဖြည့်ဆေးကို နေ့စဉ် ၁၂၀၀ မီလီဂရမ်နဲ့ အထက် မှီဝဲတဲ့ အမျိုးသမီးတွေဟာ သွေးကြောအတွင်း သွေးခဲဖတ်ဖြစ်နှုန်း မြန်ဆန်ပြီး နှလုံး တိုက်ခိုက်ခံရနိုင်ခြေ ၃၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ သိရှိရပါတယ်။ ကယ်လ်စီယမ် အားဖြည့်ဆေးကို မှီဝဲတဲ့ သူတွေဟာ သွေးတွင်း ကယ်လ်စီယမ် ရုတ်တရက် မြင့်တက်လာတတ်ပြီး သွေးကြောနံရံတွေ ပျက်စီးတတ်ပါတယ်လို့ New Zealand တက္ကသိုလ်မှ သုတေသနကို ဦးဆောင်သူ Dr.Ian Red က ပြောပါတယ်။ အရိုးသန်မာဖို့ ကယ်လ်စီယမ် ပမာဏ များများ စားသုံးရမယ် ဆိုတာကို လူတိုင်း သိရှိနားလည်ကြပါတယ်။ ဒါကြောင့် အရိုးသန်မာပြီး နှလုံးအတွက် အန္တရာယ် မရှိအောင် အောက်ပါတို့ကို ပြုလုပ်ပါလို့ သုတေသီတွေက အကြံပေးထားကြပါတယ်။

၁။ အစားအစာမှ ကယ်လ်စီယမ် ပမာဏ ပိုမိုရရှိအောင် ရယူပါ

ကယ်လ်စီယမ် ပါဝင်မှုများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း စားသုံးတာကြောင့် နှလုံး တိုက်ခိုက်နိုင်ခြေ မမြင့်မားဘူးလို့ New Zealand လေ့လာမှုအရ သိရပါတယ်။ ဒါ့အပြင် နို့နဲ့ နို့ထွက်ပစ္စည်း စားတာဟာ သွေးဖိအားကို ကျဆင်းစေနိုင်တာကြောင့် နှလုံးကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ “အစားအစာမှာ ပါဝင်တဲ့ ကယ်လ်စီယမ်ကို ခန္ဓာကိုယ်မှ စုပ်ယူမှု နှေးကွေးတာကြောင့် သွေးကြောတွေ ပျက်စီးနိုင်တဲ့အထိ သွေးတွင်း ကယ်လ်စီယမ် ရုတ်တရက် မြင့်မတက်နိုင်ဘူး” လို့ Dr.Reid က ရှင်းပြပါတယ်။ နှလုံးနဲ့ အရိုးကျန်းမာရေး အတွက် နေ့စဉ် နွားနို့ လေးခွက် ဒါမှမဟုတ် ဒိန်ချဉ် သောက်ပေးပါ။

Tips
ကယ်လ်စီယမ် အားဖြည့်ဆေး ပမာဏ ဘယ်လောက် သောက်ရမလဲ

ဆွီဒင်မှ အမျိုးသမီးပေါင်း ၆၁၀၀၀ ကျော်ကို လေ့လာမှုအသစ်အရ ကယ်လ်စီယမ်ကို နေ့စဉ် ၇၀၀ မီလီဂရမ်မှ ၇၅၀ မီလီဂရမ် မှီဝဲတာဟာ အသင့်တော်ဆုံးလို့ သိရပါတယ်။ လေ့လာမှုမှာ ဒီပမာဏရှိတဲ့ ကယ်လ်စီယမ်ကို မှီဝဲတာကြောင့် အရိုးသန်မာပြီး အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ကာ ဒီပမာဏထက် ပိုမို မှီဝဲရင်လည်း အရိုးကာကွယ်နိုင်တဲ့ အစွမ်း ပိုမရရှိဘူးလို့ ဆိုပါတယ်။

၂။ အားဖြည့်ဆေးသောက်ရင် သတိထားပါ

သွေးတွင်း ကယ်လ်စီယမ် ပမာဏတွေ ပြည့်လျှံသွားရင် နှလုံးအတွက် အန္တရာယ် ရှိပါတယ်။ အဲဒီအန္တရာယ်ကို ကာကွယ်နိုင်ဖို့ ကယ်လ်စီယမ် အားဖြည့်ဆေးကို တစ်ကြိမ်သောက်ရင် ၅၀၀ မီလီဂရမ်ထက် ပိုမသောက်ပါနဲ့။ အမြဲတမ်း အစာနဲ့ အတူတူတွဲပြီး မှီဝဲပါမှ ကယ်လ်စီယမ်ကို ခန္ဓာကိုယ်က စုပ်ယူမှု နှေးကွေးစေနိုင်ပါမယ်လို့ သုတေသီတွေက အကြံပေးထားပါတယ်။

၃။ ကယ်လ်စီယမ် များများရရှိအောင် သစ်သီးခြောက် စားပါ

စပျစ်သီးခြောက်၊ ဆီးသီးခြောက်၊ စွံပလွံသီးခြောက် ဒါမှမဟုတ် တခြား သစ်သီးခြောက်တွေကို နေ့စဉ် ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ စားရင်တောင် အရိုးပါးနိုင်ခြေ ထက်ဝက် လျော့ကျနိုင်ပြီး ကယ်လ်စီယမ် အားဖြည့်ဆေးကို ပမာဏ များများ မှီဝဲစရာ မလိုတော့ဘူးလို့ သုတေသီတွေက ဆိုပါတယ်။ ဒါ့အပြင် သစ်သီးခြောက်တွေမှာ ပါဝင်တဲ့ ဘိုရွန် သတ္တုဓာတ်ဟာ ကယ်လ်ဆီယမ်တွေကို အရိုး တစ်သျှူးအတွင်း စိမ့်ဝင်နိုင်ဖို့ ကူညီနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ထောပတ်သီးနဲ့ ဗာဒံစေ့မှာလည်း အဲဒီ သတ္တုဓာတ်တွေများစွာ ပါဝင်ပါတယ်။

၎။ လေ့ကျင့်ခန်း ပြုလုပ်ပါ

အရိုးသန်မာအောင် လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။ အရိုး သန်မာနိုင်တဲ့ တင်းနစ်ရိုက်တာနဲ့ ဘတ်စကက်ဘော ကစားတာလိုမျိုး၊ ထိုက်ချိ ကစားတာ၊ လမ်းလျှောက်တာ ဒါမှမဟုတ် ရေကူးတာလိုမျိုး ညင်သာတဲ့ လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အရိုးကျိုးနိုင်ခြေ ၁၈ ရာခိုင်နှုန်းနဲ့ အထက် လျှော့ချနိုင်တယ်လို့ လေ့လာမှုအရ အကြံပြုထားပါတယ်။ ညင်သာတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာဟာ အရိုးကြီးထွားပြီး သန်မာစေနိုင်ကာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာဟာ နာကျင်စေနိုင်ပြီး အရိုးကျိုးနိုင်ခြေ ရှိပါတယ်လို့ Texas ဆေးသိပ္ပံတက္ကသိုလ်၊ ရောဂါဗေဒဌာနမှ Dr.Chwan Li Shen က ပြောပါတယ်။

ဒေါက်တာခင်မိုးမိုး
Ref: Good Health

http://on.fb.me/UWRK0Q

No comments:

Post a Comment