Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 2, 2013

အသက်ကြီးမှ ကိုယ်ဝန်ဆောင်သည့် အမျိုးသမီးများ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေလျော့နည်း

ပထမဆုံးအကြိမ် ဓမ္မတာ စတင်ဖြစ်ပေါ် ချိန်ကစပြီး အနည်းဆုံး ၁၅ နှစ်ကြာမှ




ကလေးယူတဲ့ အမျိုးသမီးတွေဟာ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း လျော့နည်းကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ပျမ်းမျှအားဖြင့် အသက် ၁၃ နှစ်အရွယ်မှာ ဓမ္မတာစတင် လာတတ်တာကြောင့် အသက် ၂၈ နှစ် အရွယ်မှ ကလေးယူရင် အသက် ၅၀ မတိုင်ခင် သားမြတ်ကင်ဆာ ဖြစ်နှုန်း ၆၀ ရာခိုင်နှုန်း လျော့ကျတယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ နှစ်စဉ် သားမြတ်ကင်ဆာ ရှိသူအမျိုးသမီးပေါင်း ၄၈၀ဝ၀ ယောက် ၅၀ ကျော်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ၁၅ ရာခိုင်နှုန်းမှာမူ ငယ်ရွယ် တဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေမှာ ဖြစ်ပြီး ကုသရခက်ခဲတဲ့ Triple Negative အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ ယခင် လေ့လာမှုတွေအရ စောစောစီးစီး ကိုယ်ဝန်ဆောင် တဲ့အမျိုးသမီးတွေ အနေနဲ့ အဖြစ်အများဆုံး သားမြတ်ကင်ဆာ အမျိုးအစားတွေ ဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုပေမယ့် ယခုလေ့လာမှုအရ အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေအနေနဲ့ Triple Negative အမျိုး အစား သားမြတ် ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းတယ်လို့ ဆိုပါတယ်။ မိခင်နို့ရည် တိုက်ကျွေးတာဟာလည်း Triple Negative အမျိုးအစား ကို ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒေါက်တာခင်မိုးမိုး

No comments:

Post a Comment