Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 2, 2013

အလှပြင်ဆိုင်နှင့် ဓာတ်မတည့်မှု ကင်းစေရန်



သင့်အတွက် စိတ်ချရပြီး ဓာတ်မတည့်မှု ကင်းစေတဲ့ အလှပြင်ဆင်မှု ဖြစ်စေဖို့ အလှပြင်ဆိုင် သွားမယ်ဆိုရင် အောက်ပါအချက်တွေကို ဂရုစိုက်ပါ။

လုပ်ငန်းလိုင်စင်မရှိခြင်း

အလှပြင်ဆင်ခြင်းလုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်းဆင်းလက်မှတ်၊ ထောက်ခံချက် စတဲ့ ကျွမ်းကျင်မှုတစ်ခုခု မရှိဘဲနဲ့ ဆိုင်ဖွင့်ထားတယ် ဆိုရင်တော့ သင့်အလှ အပအတွက် ဘယ်လိုမှ စိတ်ချကျေနပ်စရာ မကောင်းပါဘူး။ ဆိုင်ရဲ့ မြင်သာတဲ့နေရာမှာ အလှပြင်ဆင်တဲ့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ ခွင့်ပြုလိုင်စင် ဒါမှမဟုတ် ကျွမ်းကျင်တဲ့ နည်းပြတစ်ဦးဆီက သင်တန်းဆင်းထား တဲ့ လက်မှတ်ရှိတဲ့ ဆိုင်မှာသာ သင့်အလှ အပနဲ့ ပတ်သက်ပြီး စိတ်ချလက်ချ ပြင်ဆင် နိုင်ပါလိမ့်မယ်။

ပေကျံနေသော ဘေစင်များ

အလှပြင်ဆိုင်ဟာ အသန့်စင်ဆုံးရှိ နေသင့်တဲ့ နေရာပါပဲ။ ခေါင်းလျှော်ဖို့ သုံးတဲ့ ဘေစင်မှာ တခြားအရာတွေမျိုးစုံကို ဆေးကြောအသုံးပြုနေတာမျိုး မဖြစ်သင့် ပါဘူး။ ဆပ်ပြာတွေ ပေကျံနေတာမျိုး၊ ဆံပင်စတွေ ကျန်ရှိနေတာမျိုး မရှိသင့်ပါဘူး။ နောက်ပြီးအသုံးပြုတဲ့ တဘက်၊ ဘီး၊ ဘရပ်ရှ်၊ မိတ်ကပ်လိမ်းတဲ့ ဖော့ဖတ်နဲ့ နှုတ်ခမ်းနီဆိုးတဲ့ ဘရပ်ရှ်တွေကအစ သန့်ရှင်းနေဖို့ လိုပါတယ်။

လက်မဆေးခြင်း

ဘက်တီးရီးယားအများစုဟာ သင့် လက်ကနေတစ်ဆင့် ကူးစက်ခံရမှုများပါ တယ်။ အထူးသဖြင့် ဆံပင်အတွက် အလှပြင်ဆင်ပြီးလို့ မျက်နှာအတွက် အလှပြင် ဆင်တော့မယ်ဆိုရင် လက်ကို သေချာဆေး ကြောပေးသင့်ပါတယ်။ ဘာမှမလုပ်ဘဲ ထိုင်နေသူဆိုရင်တောင် ကိုယ်က အလှဖန်တီး ပေးရတော့မယ်ဆိုရင် လက်ကို အရင်ဆုံး ဆေးကြောသင့်ပါတယ်။

တဘက်များကို ဝေမျှသုံးခြင်း

အားကစားခန်းမတွေမှာ တဘက် တစ်ထည်ကို မျှဝေမသုံးသင့်သလိုမျိုးပဲ အလှပြင်ဆိုင်မှာလည်း တဘက်တစ်ထည်ကို မျှဝေမသုံးသင့်ပါဘူး။ အနံ့အသက် မကောင်းတဲ့ တဘက်တွေဟာလည်း ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဆိုးရွားပြီး သန့်ရှင်းမှုမရှိတဲ့ တဘက်တွေကို အသုံးပြုပြီး အလှပြင်၊ ခေါင်းလျှော်ပြီးချိန်မှာ သင့်ကို ခေါင်းပိုကိုက် စေပါတယ်။ တဘက်တွေကို တစ်ခါအသုံး ပြုပြီးတိုင်း လျှော်ဖွပ်ကာ နေရောင်နဲ့ လေကောင်းကောင်း ရရှိနိုင်တဲ့ နေရာမှာ အ ခြောက်ခံပြီးမှ နောက်တစ်ကြိမ်ထပ်သုံး ပေးသင့်ပါတယ်။

လမင်းလေး

No comments:

Post a Comment