Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 28, 2013

အထီးကျန်ခြင်းကကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်


 
အထီးကျန်သည်ဟုကိုယ့်ကိုယ် ကိုယ်ခံစားနေရသူများသည်ကိုယ်ခံ အားစနစ်ကျဆင်းသောပြဿနာကို ရင်ဆိုင်ရနိုင်သည်ဟုလေ့လာမှုတစ်ရပ် တွင်ဖော်ပြထားသည်။
အထီးကျန်ခြင်း (Loneliness) သည်ရောင်ရမ်းခြင်းကိုအားပေးသော ပရိုတင်းများကိုများပြားစေပြီးယင်း ပရိုတင်းများများပြားလာပါက နှလုံးသွေးကြောကျဉ်းရောဂါ၊ Type-2 ဆီးချိုရောဂါ၊ အဆစ်အမြစ်ရောင်ခြင်းနှင့် အယ်ဇိုင်းမားရောဂါများကို ခံစားရစေနိုင်သည်။ Ohio University, Behavioural Medicine Research ဌာနမှသုတေသီ Dr. Lisa Jaremka ကလူအသိုင်းအ၀ိုင်းမှကင်းကွာပြီး စိတ်ဖိစီးမှုများခြင်း၊ အထီးကျန်ဆန်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုပျောက်ဆုံးခြင်းများကိုခံစားရသူများသည် စိတ်နှင့်ပတ်သက်သော ဝေဒနာအပြင် အခြားဆက်စပ်ရောဂါများကိုပါခံစားရနိုင်ကြောင်း၊ အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းနှင့်သေဆုံးမှုနှုန်းမြင့် တက်ခြင်းများကိုလည်း ရင်ဆိုင်နေရ ကြောင်းကိုရှင်းပြထားသည်။
ယခုသုတေသန၏ရည်ရွယ်ချက်မှာ အထီးကျန်ဆန်ခြင်းနှင့် ဆက်စပ်နေသောကျန်းမာရေးပြဿနာ များကိုလေ့လာမှုပြုရန်ပင်ဖြစ်ကြောင်း၊ ပိုပြီးနားလည်လာလေလေ အဆိုပါကျန်းမာရေးပြဿနာများကို ဖြေရှင်းနိုင်မည့်နည်းလမ်းနှင့် ပိုပြီးနီးစပ်လာစေမည်ဖြစ်ကြောင်းကို ယခုသုတေသနတွင် ဖော်ပြထားသည်။ သုတေသနတွင်ပါဝင်သောအထီးကျန်ခြင်းကို ခံစားနေရသူများတွင် အ၀လွန်နေသော ဆယ်ကျော်သက်များ၊ ကင်ဆာရောဂါနောက်ဆုံးအဆင့်လူနာများ၊ လေဖြတ်နေသူများ နှင့် HIV/AIDS ဝေဒနာရှင်များပါဝင်နေသည်ဟု သိရ သည်။ သုတေသနတွင်ပါဝင်သူများကို Los Angeles Loneliness Scale ဟုခေါ်သော အထီးကျန်ခြင်းပမာဏကို တိုင်းတာသည့်နည်းလမ်းကို အသုံးပြုပြီး ဆန်းစစ်ခဲ့ခြင်းဖြစ်ကာ ယင်းတို့၏ ဝေဒနာအတိမ်အနက်ကိုလည်းမေးခွန်း များမေးမြန်းခဲ့သည်။
ယခုလေ့လာမှုကိုအမေရိကန် ပြည်ထောင်စု၊ Society for Personality and Social Psychology ၏ နှစ်ပတ်လည်အစည်းအဝေးတွင် တင်ပြထားခြင်းဖြစ်သည်။

သက်ကို
Ref: IANS
Health Updates Journal
Vol-2,No-5

Health Updates Journal

No comments:

Post a Comment