Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 15, 2012

မိတ်ကပ်လင်းလင်း

 ပြောတဲ့လူငယ်တွေလက်ခံနေတဲ့ကိုရီးယားဖက်ရှင်

  ပြောင်းလဲတိုးတက်လာသည့် ခေတ်နှင့်အညီ အမြဲအမီလိုက်နေသည်မှာ Fashion ပဲဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံရဲ့ Fashion   မှာ  ခေတ်ရေစီးကြောင်းကို   ထိုးဖောက်သွားနိုင်လျှင် တခြားနိုင်ငံ တွေကိုပါ ကူးစက်လာတတ်ပါသည်။ ကိုရီးယားနိုင်ငံ၏င်္ Fashion    ကို အခုဆိုလျင်  မြန်မာလူငယ် တိုင်းလိုလိုလက်ခံနေကြပါ သည်။Fashion    နှင့်  ပတ်သက်သည့် ပြိုင်ပွဲအမျိုးမျိုးကိုလည်း ပြုလုပ် နေကြပါသည်။ ပြိုင်ပွဲမှတစ်ဆင့် အနုပညာလောကထဲ ဝင်ရောက် လာကြသူတွေလဲ  အများ အပြား ရှိပါသည်။
  ''Fashion  နဲ့  ပတ်သက် ပြီးတော့ ကိုရီးယား Fashion  ဆိုရင် မျက်နှာဆိုလဲ အဖျော့ လေး၊ နှုတ်ခမ်းကို Gloss   ဆိုး တယ်။ Hair Style    ဆိုလဲ ပေါ့ ပေါ့ပါးပါးလေး ခရုဖြစ်တဲ့ ပုံစံကို ပြင်ဆင်ကြတယ်။  ကိုရီးယား Fashion လွှမ်းမိုးလာတာ ကောင်းပါတယ်။ Ready made တွေကို ဒီက ကလေးတွေ ရွေး ချယ်မယ် ဆိုရင်  ရွေးလိုက် တဲ့ ဝတ်စုံက ကိုယ်နဲ့လိုက်၊မလိုက်ကို ကြည့်ရမယ်။ ကိုရီးယားတွေလို ပိန်ပိန်ပါးပါးပုံစံလေးနဲ့  သူတို့ အသားအရေလိုမျိုးရှိရင် ဝတ်ရ တာ အဆင်ပြေတာပေါ့။ သူတို့ လို  ကိုယ်ခန္ဓာအချိုးအစား၊ အသားအရေမရှိဘဲ ဝယ်ဝတ်ရင်  အဆင်မပြေဘူးပေါ့။  ကိုယ်က ပေါ့ပေါ့ပါးပါးနဲ့  Fashion ကျကျလေးဝတ်တတ်ရင် တန်ဖိုး ကြီးမှ မဟုတ်ဘူး။ ဒီဇိုင်းကိုလဲ ထွင်ချုပ်လို့ရတယ်။  ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်သူတွေက Fashion  အဓိကကျတာ ပေါ့နော်။ ပြိုင်ပွဲနဲ့လိုက်ဖက်မယ့် Design  တွေ ၊  Colour    တွေ ကိုလဲ ရွေးတတ်ဖို့လိုတာပေါ့။ သင်္ကြန် Fashion   ပြိုင်ပွဲဆိုရင်  သင်္ကြန်  colour   ဖြစ်တဲ့ အဝါ၊ အစိမ်းတို့လိုမျိုးလေးတွေ ရွေးရ မယ်။Design   ဆိုလဲ သင်္ကြန်နဲ့ ပတ်သက်တဲ့ Design ပုံစံလေး တွေနဲ့ ဝင်ပြိုင်ရင် ပိုအဆင်ပြေ တယ်။ခရစ်စမတ်နဲ့ပတ်သက်ပြီး ဝင်ပြိုင်ရင်လဲ ခရစ်စမတ် colour    ဖြစ်တဲ့ အစိမ်း၊ အနီ၊ ရွှေရောင် ပါတဲ့အစတွေနဲ့ Design လှလှ လေးတွေ  ထွင်ပြီး ဝင်ပြိုင်ရင် ခေါင်းစဉ်နဲ့လိုက်ဖက်ပြီး လှတာ ပေါ့။ အခုလောလောဆယ် ပြင် ပေးရတဲ့  သတို့သမီးတွေဆို အရမ်းဆန်းချင်တဲ့ သူကလဲ အရိုး ရှင်းဆုံး နှစ် ၅၀ လောက်ပြန်သွား တဲ့ဒီဇိုင်းမျိုးတွေထွင်ပြီး  ဝတ် တယ်။ တချို့ကျတော့လဲ  ပုံမှန် ဝတ်တဲ့ အရောင် မဟုတ်ဘဲနဲ့ ထွင်ပြီးတော့ အရောင်တွေစပ်ပြီး တစ်ခေတ်စားလာတာ  တွေ့ရတယ်။မိတ်ကပ်ပြင်တာကျတော့ ပါးပါးလေး၊ ဖျော့ဖျော့လေးခြယ်တာကို  သတို့သမီး အားလုံးက ကြိုက်ကြတယ်''လို့  မိတ်ကပ် လင်းလင်း(အောင်အောင်-တောင် ကြီး) က Fashion အကြောင်းကို ပြောကြားခဲ့ပါသည်။
နီနီ

No comments:

Post a Comment