Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 15, 2012

အိုပါး ဂဏန်းစတိုင်



   ပထမတော့ ဘာတွေအော်ဆိုနေမှန်းမသိ။ နောက်မှ ''အိုပါး ဂဏန်းစတိုင်}}ဆိုသော ခေါင်းစဉ်စာသားကို နားလည်လိုက်သည်။ ထို့နောက်- ထို့နောက် မှ တောင်ကိုရီးယားလှိုင်းတို့သည် လာ ရောက်ရိုက်ခတ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
  တောင်ကိုရီးယား အဆိုတော်  Psy  ၏ Gangnam Style  ကို မြန်မာလိုခံစားနေကြခြင်းဖြစ်သည်။
  ''တောင်ကိုရီးယားအဆိုတော် ပတ်ဂျေးဆန်ကို သူ၏အနုပညာ နာမည် Psy အဖြစ် လူသိများကြသည်။ နီးစပ်မည်ဖြစ်သော  အသံထွက်မှာ ''ဆိုင်း'' ဟုဖြစ်မည်။ တောင်ကိုရီးယားအဆိုတော်၊ သီချင်း ရေးဆရာ၊ အက သမားနှင့် ဓာတ်ပြားထုတ်လုပ်သူ တစ်ဦးဖြစ်သည်။ ရယ်ရွှင်ဖွယ် ဗီဒီယိုနှင့် စင်တင်ဖျော်ဖြေမှုများကြောင့် တောင်ကိုရီး ယားတွင်သာမက ကမ္ဘာသိအဆိုတော်တစ်ဦးဖြစ်လာသည်။ သူ၏ဂီတ ဗီဒီယို "Gangnam Style"   မှာ ယူကျုတွင် လူသိအများဆုံးဖြစ် လာ သည်။ ၂၀၁၂ ခုနှစ် ဇူလိုင် ၁၅ ရက်တွင်ဖြန့်ချိခဲ့ပြီး ကြည့်ရှုသူ သန်း ၅၀ဝ ကျော်ရှိပြီး Like  ပေးသူ ၄ ဒသမ ၂ သန်းရှိသည်။ Psy သည် တယ်လီဗွီးရှင်းအစီအစဉ်များတွင် ပါဝင်ခဲ့ရာThe Ellen De Generes Show, Extra, Good Sunday: X Man, The Golden Fishery,  The Today Show, Saturday Night Live နှင့် Sunrise   တို့ ပါဝင်သည်။
  Psy ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့Gangnam   ခရိုင်တွင် ၁၉၇၇ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ၂၀ဝ၁ ခုနှစ် ဇန်နဝါရီ တွင် psy ...From the Psycho World!    ဖြင့် အနု ပညာလောကသို့စတင်ခြေချခဲ့သည်။ သူ၏တစ်မူထူးခြားသော စတိုင်လ် ကြောင့် သူ့အမည်ကို  "Bizarre Singer"  ဟု ကင်ပွန်းတပ်ကြသည်။
  နောက်တစ်နှစ်တွင် သူ၏ဒုတိယအယ်လ်ဘမ် Ssa 2  ကို ဖြန့်ချိခဲ့သည်။ သို့သော်လည်း မြို့ပြအဖွဲ့အသီးသီးမှ ကန့်ကွက်ချက်များ တက်ခဲ့သည်။ အထူးသဖြင့် လူငယ်မျိုးဆက်သစ်များအပေါ် မှားယွင်း သောဩဇာ သက်ရောက်မှုများရှိနိုင်သည်ဟုဆိုကာ Ssa 2 ကို ၂၀၁၂ ခုနှစ်တွင် ပိတ်ပင်ခဲ့ပြီး အသက် ၁၉ နှစ်အောက်ကလေးများကို မရောင်း ရန် တားခဲ့သည်။
  ၂၀၁၂ ခုနှစ်တွင် (၆)ကြိမ်မြောက် အယ်လ်ဘမ်  Psy's Best 6th Part I     နှင့် "Gangnam Style"   တို့သည် အပြည်ပြည်ဆိုင်ရာ တွင် အောင်မြင်မှု အကြီးအကျယ် ရခဲ့သည်။
  ၂၀၁၂ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် Gangnam Style သည်  iTune Music Charts  တွင် Justin Bieber   ၏  As Long as You Love Me"နှင့် ကေတီပယ်ရီ၏ Wide Awake  ကို ဖြတ် ကျော်နိုင်ခဲ့သည်။ တောင်ကိုရီးယား အနုပညာရှင်တစ်ဦးအဖြစ် ပထမဆုံးစွမ်းဆောင်မှုဖြစ်သည်။ ၂၀၁၂ ခုနှစ် ဩဂုတ် ၂ ရက် တွင် Psy ကို CNN တွင် ပထမဆုံးအကြိမ်အဖြစ် ဖော်ပြ ခဲ့သည်။

အမည်ရင်း - Park Jae- sang၊ မွေးသက္ကရာဇ် - ၁၉၇၇ ခု၊ ဒီဇင်ဘာ ၃၁ ရက်
ဇာတိ - တောင်ကိုရီးယား၊ အနုပညာအမျိုးအစား - ကေပေါ့ + ပေါ့၊ အက
အလုပ်အကိုင် - အဆိုတော်၊ သီချင်းရေး၊ ရက်ပါ၊ ဒန်စား ဓာတ်ပြားထုတ်လုပ်သူ
ဝက်ဘ်ဆိုက် - w.w.w. psypark.com
  http://www.businesstoday.com.mm/index.php?option=com_content&view=article&id=6812:---gangnam-style-psy-&catid=44:entertainment&Itemid=64


No comments:

Post a Comment