Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 18, 2012

ဆယ်ကျော်သက်လို လှသွေးကြွယ်ကြွယ် ပိုင်ဆိုင်နိုင်စေရန်



ဆယ်ကျော်သက် တစ်ယောက်လို အသားအရေ စိုပြည်ဝင်းပ လှပမှုတွေကို ပိုင်ဆိုင်နိုင်ဖို့ သင့်ရဲ့ နေ့စဉ် အစားအသောက်တွေထဲမှာ အောက်ပါတို့ကို ပါဝင်အောင် စားပေးပါ။

အရေပြားကြည်လင်အောင်

မုန်ညင်းထုပ် စားပါ

မုန်ညင်းထုပ်ကနေ မုန်ညင်းရွက် ခြောက်ရွက် လောက်စားပေးပါ။ ဗီတာမင်အေ ၁၀ဝ ရာခိုင်နှုန်းပါဝင်ပြီး သင့်အရေပြားမှာ ဆဲလ်အသစ် ဖြစ်ပေါ်စေကာ နုပျိုစေပါတယ်။ မုန်ညင်းရွက်မှာပါတဲ့ ပိုတက်စီယမ်က အရေပြားကို ကြည်လင်စေပြီး သွေးတွင်း အောက်ဆီဂျင် သယ်ဆောင် တာကိုပိုမို ကောင်းစေပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေ သနတွေအရ မုန်ညင်းရွက်က သွေးကြောတွေကို ထောက်ပံ့ပေးနေတဲ့ ပရိုတင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေတာကြောင့် ခြေထောက် သွေးပြန်ကြော ရောင်တာကို မဖြစ်အောင် ကာကွယ်ပေး ပါတယ်။

နေလောင်ခြင်းကို ကာကွယ်ရန်

ခရမ်းချဉ်သီး စားပါ

အနီရောင် လိုင်ကိုဖင်းဓာတ်ရှိတဲ့ သီးနှံတွေ စားသုံးတာက သင့်အသားအရေကို ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။ လိုင်ကိုပင်းဓာတ်ကြွယ်ဝတဲ့ ခရမ်းချဉ်သီးကို နေ့စဉ်သုံးလလောက် ဆက်တိုက်စားပေး မယ်ဆိုရင် နေလောင်တာကို ၂၅ ရာခိုင် နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ် သီးမှာပါတဲ့ လိုင်ကိုဖင်းဓာတ်က နှလုံး ရောဂါ ဖြစ်ပွားနိုင်ခြေကို အမျိုးသမီးတွေ မှာ ၃၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

အရေးကြောင်းများ ကင်းစင်စေရန်

ပဲပိစပ် စားပါ

အမျိုးသမီးတွေဟာ အသက် ၃၀ ကျော် ၄၀ ဝန်းကျင်လောက်ရောက်လာ တဲ့အခါ ဖြစ်ပေါ်လာတဲ့ အရေးကြောင်း တွေနဲ့ အသားအရေ လျော့တွဲတာတွေ ကို Aglycone လို့ လူသိများတဲ့ Isoflavone အများအပြားပါဝင်တဲ့ ပဲပိစပ်စား ပြီး ကာကွယ်နိုင်ပါတယ်။ ဒါတင်မကသေး ပါဘူး။ ပဲပိစပ်စားသုံးပေးပါက အမျိုး သမီးများမှာ ဖြစ်ပွားတတ်တဲ့ သားအိမ် ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ဆီးချိုသွေး ချိုရောဂါနဲ့ ရင်သားကင်ဆာ တွေဖြစ်ပွားတာကို ကာကွယ်ပေးကြောင်း သုတေသန စာတမ်းတွေ ထွက်ရှိပြီး ဖြစ်ပါတယ်။

အသားအရေတင်းရင်းစေရန်

စတော်ဘယ်ရီသီး စားပါ

ဗီတာမင်စီက အစွမ်းထက်ဓာတ်တိုး ဆန့်ကျင်အာနိသင်ဖြစ်တာကြောင့် သင့်အသားအရေကို နူးညံ့ချောမွတ်စေပြီး တင်းတင်းရင်းရင်းဖြစ်ကာ လှပစေပါတယ်။ ဗီတာမင်စီဓာတ်ကို စတော်ဘယ်ရီသီး ကနေ အပြည့်အဝ ရရှိစေပါတယ်။ အသား အရေခြောက်သွေ့ပြီး အရေးကြောင်း တွေ ဖြစ်ပေါ်နေတဲ့ အသက်၄၀ကျော် အမျိုးသမီးတွေအနေနဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ စတော်ဘယ်ရီသီးကို အလေး ထားပြီး စားသုံးသင့်ပါတယ်။ စတော်ဘယ် ရီသီးမှာပါဝင်တဲ့ Ellagic acid က ခန္ဓာကိုယ်ရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ အရေပြားတွေကို ထိန်းသိမ်းပေးတာကြောင့် အသက်အရွယ် ကြောင့်ဖြစ်လာတဲ့ အသားအရေ လျော့တွဲကျတာကို ကာကွယ်နိုင်ပါတယ်။

အရေပြားကင်ဆာကို ကာကွယ်ရန်

ပန်းသီးစားပါ

ပန်းသီးအခွံမှာပါရှိတဲ့ ဓာတ်တိုး ဆန့်ကျင်ဓာတ် Quercetin ကနေရောင် ခြည်မှာပါဝင်တဲ့ UVB ကြောင့် အရေ ပြားကင်ဆာဖြစ်တာကို ကာကွယ်ပေးပါ တယ်။ သွေးဆုံးပြီး အမျိုးသမီးသုံးသောင်း ကျော်ကို လေ့လာခဲ့တဲ့ သုတေသနတစ် ခုက တစ်ပတ်ကို ပန်းသီးတစ်လုံး သို့မ ဟုတ် နှစ်လုံးကို တစ်နှစ်ကြာအောင် စား ပေးပါက နှလုံးရောဂါကြောင့် သေဆုံး နိုင်မှုကို ၁၅ ရာခိုင်နှုန်းလျှော့ချနိုင်တယ် လို့ ဆိုထားပါတယ်။

အစက်အပြောက်တွေ ကင်းစင်စေရန်

ကြက်ဥ စားပါ

lutein နဲ့ Zeasanthin အင်တီ အောက်ဆီဒင့်နှစ်မျိုးပါဝင်တဲ့ ကြက်ဥက နေရောင်ခြည်ကြောင့် ဖြစ်ပေါ်တဲ့ မျက်နှာပေါ်က အရေးကြောင်းတွေ၊အစက်အပြောက်တွေနဲ့ အရေပြားကင်ဆာဖြစ် ပေါ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကို နူးညံ့စိုပြည်စေပါတယ်။ မျက်စိမြင်လွှာကို အလင်းရောင်တွေကြောင့် ပျက်စီးတာကိုလည်း ကာကွယ်ပေးတာကြောင့် အသက် ၄၀ ကျော် လာတဲ့အခါ တစ်နေ့ ကြက်ဥ တစ်လုံး မဖြစ်မနေ စားသုံးပေးဖို့ လိုလာပါတယ်။

အသားအရေ စိုပြေဝင်းပစေရန်

အစေ့အဆံ စားပါ

အစေ့အဆန်တွေကို alpha-lino-lenic acid နဲ့ Omega-3 အဆီတွေ သိုလှောင်ထားတဲ့ စတိုတစ်ခုလို့ တင်စား နိုင်ပါတယ်။သင့်အသားအရေ စိုပြေဝင်းပ စေဖို့ စားတဲ့အစားအစာထဲမှာ မပါမဖြစ် စားသုံးပေးဖို့ လိုပါတယ်။ ဒါအပြင် အစေ့ အဆန်တွေမှာပါတဲ့ Melatonin က သင့် ကို ကောင်းစွာအိပ်စက် နိုင်စေပါတယ်။

အိုမင်းရင့်ရော်မှုကို ဆန့်ကျင်ရန်

အုတ်ဂျုံ စားပါ

အသက်အရွယ်ရလာတဲ့အခါ ခန္ဓာကိုယ်မှာ အိုမင်းစေတဲ့ ဓာတ်တိုးမှုတွေကို ဆန့်ကျင်ပေးတဲ့ ဓာတ်တိုး ဆန့်ကျင်ဓာတ်တွေကို ပိုမိုလိုအပ်ပါတယ်။ ဂျုံနဲ့လုပ်တဲ့ ပေါင်မုန့်၊ ကွေကာတွေမှာ ဓာတ်တိုးဆန့် ကျင်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဓာတ်တိုး ဆန့်ကျင်ဓာတ်တွေကို အစားအသောက်ကနေ ပြန်လည် ဖြည့်ပေးနိုင်ဖို့ သင့်နံနက်စာမှာ အုတ်ဂျုံပါဝင် အောင်စားဖို့ လိုပါတယ်။

ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment