Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 15, 2012

သေချာစဉ်းစား ဆုံးဖြတ်ပြီးမှ ငြင်းပယ်ခဲ့တာဖြစ်လို့ လုံးဝနောင်တ မရဘူးဆိုတဲ့ သက်မွန်မြင့်


ဝတ္ထုပုညခင်ရဲ့ "ကျွန်မက နှင်းဆီပါမောင်" ကို ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးဖို့

လက်ခံခဲ့ပြီးမှ အခုငြင်းပယ်ခဲ့တာက ပုဂ္ဂိုလ်ရေးအရ ပြဿနာရှိလို့လည်း မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ထိခိုက်သွားပါစေ ဆိုတဲ့စိတ်မျိုးလည်း သက်မွန်မှာမရှိပါဘူး။ ဒီဇာတ်ကားမှာ ပါတဲ့ ဇာတ်ဝင်ခန်းလေး တစ်ခန်းကို သက်မွန် နည်းနည်းလေး ပြင်ချင်ပေမယ့် ပြင်ခွင့်မပေးခဲ့ဘူး။ ညှိနှိုင်းဖို့တောင်းဆို ခဲ့ပေမယ့် ဘယ်လိုမှ ညှိလို့မရခဲ့ဘူး။ ဒီကားလေးအပေါ်မှာ ကိုယ်ကမျှော်လင့် ထားတယ်။ ဇာတ်လမ်းလေးကလည်း အရမ်းကောင်းတယ်။ ကိုယ်လည်း သဘောကျပြီး စိတ်နှစ်ထားတဲ့ ဇာတ်ကားလေး ဖြစ်တယ်။ ဒါပေမဲ့ ရိုက်ခွင့်မရတာ စိတ်မကောင်းပါဘူး။ ဒီကားကို လက်လွှတ်လိုက်ရတာ တကယ်ကို ညှိမရလို့ပါ။ ဒါပေမဲ့ ကိုယ်သေချာ စဉ်းစား ဆုံးဖြတ်ပြီးမှ ငြင်းပယ်ခဲ့တာဖြစ်လို့ သက်မွန်လုံးဝ နောင်တရ စရာ အကြောင်းမရှိပါဘူး။ အခုတော့ ကိုနေတိုး၊ မင်းသွေးနဲ့ သက်မွန် ဇာတ်ကားရိုက်နေပါ တယ်။

T.Y
 

No comments:

Post a Comment