Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 15, 2012

မြန်မာနိုင်ငံမှာ ပါပါရာဇီသာ ရှိခဲ့မယ်ဆိုရင်တောင် လုံးဝကြောက်မိမှာ မဟုတ်ဘူးဆိုတဲ့ သဉ္ဖာနွယ်ဝင်း



သဉ္ဇာနွယ်ဝင်းဆိုတဲ့ နာမည် အရင်းတိုင်း အပျော်တမ်းဓာတ်ပုံ စတင် ရိုက်ကူးခဲ့ရာမှ၊ ကြော်ငြာ ဘေဘုတ်၊ TV ကြော်ငြာ၊ ဇာတ် ကားများကို အခုချိန်ထိ ရိုက်ကူးနေ သူတစ်ယောက်၊ ပရိသတ်က ဪသာ် ဒီကောင်မလေးက ချစ်စရာဟန်ပန်နဲ့ သဉ္ဇာနွယ်ဝင်းဆိုတဲ့ ကောင်မလေးလားလို့ သိလာခဲ့တာက J Donut ကြော်ငြာနဲ့ "အချစ်စိမ်းစိမ်း" ဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာပါ။ သူ့ရဲ့ အဆိုကတော့ "အနုပညာအလုပ်ဆိုတာ အကုန်လုံးခက်ခဲပါတယ်" တဲ့။ ဒါကြောင့် လည်း ပရိသတ်ရင်ထဲကို ရောက်နိုင်မယ့် ဇာတ်ကားများကို ရိုက်ကူး ချင်တဲ့အတွက်၊ ထုတ်လုပ်ရေးတွေနဲ့ စာချုပ်ချုပ်ပြီး ဇာတ်ကား ရိုက်တာမရှိခဲ့ပါဘူး။ (၁၂) လပိုင်း (၄) ရက်နေ့ကစပြီး ပြင်ဦးလွင်မြို့မှာ တောက်လျှောက် ဇာတ်ကားရိုက်တော့ မှာဖြစ်တဲ့အတွက် သဉ္ဇာနွယ်ဝင်း ကိုမြင်နေကျ Cute ပုံစံမျိုးနဲ့ ကွဲထွက်အောင် Cover ရိုက်ကူးခဲ့ပါတယ်။

Q. အောင်မြင်အောင်ကြိုးစား နေတဲ့အချိန်မှာ၊ အမြင့်ဆုံးထား ခဲ့တဲ့ ရည်မှန်းချက်ကရော

A. အနုပညာကို စလုပ်တဲ့ အချိန်မှာတော့ အရမ်းအောင်မြင် ကျော်ကြားတဲ့ မင်းသမီးဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ အနုပညာတွေကို လုပ်ရင်းနဲ့ သိလာတာက ကုသိုလ် ကံ၊ လုပ်ခွင့်ရတဲ့ အခွင့်အရေး တွေရှိမှသာဖြစ်နိုင်တာ။ တကယ်လို့ ကိုယ်မျှော်လင့်ထားတဲ့ နေရာတစ်ခု ကိုမရောက်ခဲ့ဘူးဆိုရင် စိတ်ဓာတ် အရမ်းကျ ဆင်းသွားမှာကို မလိုချင် ဘူး။ ကိုယ်ကိုယ်တိုင်က အနုပညာ ကိုချစ်တဲ့အတွက် ပရိသတ်က ပေး တဲ့နေရာတစ်ခုကိုပဲလိုချင်ပါတယ်။

Q. သဉ္ဇာနွယ်ဝင်းရဲ့အားနည်းချက်က

A. အရမ်းစိတ်ဆတ်တတ်တယ်။ ကိုယ့်အပေါ်ကို တခြားတစ်aယာက်က အမှားတစ်ခုလုပ်လာရင် ချက်ချင်းတုံ့ပြန်တတ်တယ်။ တစ်ခါတလေ ကျတော့လည်း အရမ်းသည်းခံပြီး ကြာတော့ ပွင့်ထွက်သွားတာ လည်းရှိတယ်။ ဟန်မဆောင်တတ် ဘူး။ ကိုယ့်ကိုယ်ကိုယ် အားနည်း ချက်လို့ထင်ပါတယ်။

Q. ဟိုမရောက်၊ ဒီမရောက်ဘဲနဲ့ ကြားကာလတစ်ခုမှာ ရပ်တန့်သွားတဲ့ မင်းသမီးတွေလိုမဖြစ်အောင် ဘာတွေလိုအပ်မယ်လို့ထင်လဲ။

A. သဉ္ဇာကတော့ ဒီလိုမြင်တယ်။ သူတို့လည်း အလယ် အလတ်ကြားကာလတစ်ခုကိုရောက် အောင်ကြိုးစားခဲ့ရမှာပဲလေ။ သူတို့ မကြိုးစားရင် အောက်ခြေမှာပဲ နေခဲ့ရမှာ။ ဒါကြောင့် ကံ၊ ဥာဏ်၊ စန်း၊ ပရိသတ်အားပေးမှုတွေနဲ့ဆိုင် ပါတယ်။ ကိုယ်ဘယ်လောက်ကြိုး စား၊ ကြိုးစား၊ ပရိသတ်အားပေးမှ ဖြစ်မှာပါ။

Q. သရုပ်ဆောင် အလုပ်ကို ဘယ်လောက်ထိ Target ထားပြီး လုပ်မှာပါလဲ။

A. အဓိကကတော့ ဇာတ် ကားရိုက်တဲ့အခါမှာ တော်တော် ရွေးဖြစ်တယ်။ တစ်လမှာ ငါးကား လာအပ်ခဲ့ရင်တောင် တစ်ကားမှ မရိုက်ဖြစ်တာရှိ တယ်။ ဇာတ် ကားရိုက်ဖို့အရမ်းတွေးတယ်။ ဒါပေမဲ့ ကိုယ်လက်ခံပြီးသားဇာတ် ကားကိုတော့၊ အဝတ်အစား၊ ဆံပင်၊ အိုက်တင်ပိုင်းဆိုင်ရာ၊ မိတ်ကပ်ပိုင်း ဆိုင်ရာတွေကို သေချာစဉ်းစားပြီး ကိုယ်လုပ်ခဲ့တဲ့ အလုပ်တစ်ခုကို အကောင်း ဆုံးဖြစ်အောင်လုပ်မယ် ဆိုပြီး ဇာတ်ကားလက်ခံတယ်။ ဇာတ်ကား ထွက်တဲ့အခါ ဒီဇာတ် လမ်းမှာ ကောင်းတယ်လို့ ပရိသတ် ဝေဖန်သံကိုပဲကြားချင်ပါတယ်။

Q. မင်းသမီးအချင်းချင်း မော်ဒယ်(လ်) အချင်းချင်း လျှို့ဝှက် ပြိုင်ဆိုင်မှုရှိတာကို မြင်ဖူးလား။

A. မြင်ဖူးပါတယ်။ ကြုံလည်း ကြုံဖူးပါတယ်။ ဒါကလည်း အကုန်လုံးလည်း မှန်းဆကြည့်လို့ရတဲ့ အရာတစ်ခုဆိုတော့မပြိုင်သင့်ဘူး။ လူတိုင်းက ကိုယ့်နေရာနဲ့ကိုယ်ရှိတဲ့ အတွက်ကြောင့်မို့၊ ဘယ်သူမှ မထိခိုက်နိုင်ဘူးလို့ထင်ပါတယ်။ သူများကသာ ကိုယ့်ကိုလာပြိုင်ဆိုင်လာ မယ်ဆိုရင်လည်း စိတ်မဝင်စားဘူး။ အေးဆေးပဲ။ ပရိသတ်ကကိုယ့်ကို ပေးထားတဲ့နေရာကိုပဲယူမယ်။ သူတို့ ပြိုင်တာတွေကိုလည်း ကိုယ့်စိတ်ထဲ မထားပါဘူး။

Q. အဆိုးဝါးဆုံးပြိုင်ဆိုင်တာကို ရောကြုံဖူးလား။

A. ကြုံဖူးပါတယ်။ အဓိကအားဖြင့် မိန်းကလေးအချင်းချင်း ဆိုတော့ကြုံတယ်။ သူတို့လုပ်သလိုမျိုး ကိုယ်မလုပ်မိဘူး။ ကိုယ်လုပ်သလိုပဲ သူတို့မလုပ်နိုင်တာ ဖြစ်တဲ့အတွက် ဒါတွေကို ခေါင်းထဲမထည့်ပါဘူး။

Q. သဉ္ဇာနွယ်ဝင်းကို မင်းသမီးပေါက်စ၊ မော်ဒယ်(လ်) ပေါက်စလို့ ပြောလာရင် ဘယ်လိုတုံ့ပြန်တတ်လဲ။

A. ဒါကတော့ . . . လူတွေက ကိုယ့်ကိုအဲဒီလိုပြောကြ မှာ ပဲလေ။ တချို့တွေက မင်းသမီး ပေါက်စ၊ မော်ဒယ်(လ်)ပေါက်စ၊ မင်းသမီးကြီး၊ နိုင်ငံကျော်လို့ခေါ် ချင်ခေါ်မယ်။ လူတွေအားလုံးကို တုံ့ပြန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စကားဆိုတာ ကိုယ်ပြောပြီးတဲ့ အချိန်မှာ ပျောက်ပျက်သွားတဲ့ အတွက် ဒါကို ဦးနှောက်ထဲမှာ မထည့်ဖြစ်ဘူး။

Q. နိုင်ငံတကာမှာရှိတဲ့ ပါပါရာ ဇီတွေလိုမျိုး မြန်မာနိုင်ငံမှာသာမှာရှိခဲ့ရင် မြန်မာနိုင်ငံက အနုပညာရှင်တွေ ဘာတွေများဖြစ်သွားနိုင် မလဲ။

A. ကောင်းတဲ့သူတွေအတွက် ကောင်းတဲ့သတင်းထွက်နိုင်သလို၊ မင်းသမီးတစ်ယောက်၊ မင်းသားတစ်ယောက် စိတ်ညစ်ရမယ့်သူ၊ မကိုက်ညီရမယ့် သူတွေအတွက်ဆိုရင် လည်းသူ့ဟာနဲ့သူ နာမည်ထွက်မှာပဲလေ။ အခု Facebook ပေါ်မှာဆိုလည်း ရေးနေကြတာပဲ။ ဟိုတလောကဆိုရင် သဉ္ဇာအပြင်ထွက် တာလေးတစ်ခုကိုရေးကြတယ်။ ဒါကတော့ မထူးခြားဘူးလို့ထင်တယ်။ အနုပညာအလုပ်ကို လုပ်တဲ့ သူဆိုရင် ဒါကိုတော့ ခံနိုင်ရည်ရှိရ မယ်လို့ထင်တယ်။

Q. ရန်ကုန်မြို့မှာရှိတဲ့ Social ကျတဲ့နေရာတွေမှာ ပါပါရာဇီတွေသာ ရှိခဲ့မယ်ဆိုရင်ရော..

A. သူများတွေအနေနဲ့တော့ မပြောတတ်ဘူး။ ကိုယ့်အနေနဲ့ကတော့ ပါပါရာဇီရှိခဲ့ရင်တောင် ထွေ ထွေထူးထူးနာမည်ထကြီးသွားစေ တာမျိုးမရှိဘူး။ ပါပါရဇီသာရှိခဲ့မယ်ဆိုရင် လုံးဝကြောက်မိမှာမဟုတ်ပါဘူး။

ထွန်းမြင့်ဇော်

No comments:

Post a Comment