Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 25, 2012

မလန်းစေချင်ပါဘူးPost Owner; ;ပါမောက္ခဒေါက်တာ သံစစ်

မလန်းစေချင်ပါဘူးPost Owner; ;ပါမောက္ခဒေါက်တာ သံစစ်

ပါရာ စီတမောလ်ဟာ အကိုက်အခဲ ပျောက်ဖို့ အတွက် သောက်သုံးရင် လုံခြုံမှု ရှိပေမယ့်အလွန်အကျွံ စားသုံးခဲ့ရင် အဆိပ် အတောက် ဖြစ်စေတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ပါရာစီတမောလ်ရဲ့ အခြား နာမည်ရင်းမှာ Aceta- minophen ဖြစ်ပါတယ်။

ကုမ္ပဏီ အမျိုးမျိုးကနာမည် အမျိုးမျိုးနဲ့ တင်သွင်းကြ ပါတယ်။ပါရာစီတမောလ် ချည်းသက်သက် ဆေးပြားများရှိသလို၊ ပါရာ စီတမောလ်ချည်း ပါတဲ့ အရည် လည်း ရှိပါတယ်။ သောက်ကောင်းအောင် ပြုပြင်ထားနိုင် ပါတယ်။ Codeine, dextropropoxy- phene စတဲ့ ဆေးများနဲ့ တွဲပြီး နာမည် အမျိုးမျိုးပေးထားတာလည်း ရှိပါတယ်။ Anti-histamine ခေါ်တဲ့ နှာစေး ချောင်းဆိုးနဲ့ တွဲပြီး တုပ်ကွေးကုဆေး အဖြစ် ရောင်းချတာလည်း ရှိပါတယ်။

အလွန်အကျွံ စားသုံးလို့ ရှိရင် အသည်းကိုထိခိုက်ပြီး အသည်း အဆင့်ဆင့် ပျက်စီးပါတယ်။ပထမအဆင့် အနေနှင့် Metabolism လို့ခေါ်တဲ့ကိုယ်ထဲမှာ အက်စစ်ဓာတ် များနေခြင်း ဖြစ်ပါ တယ်။ ဒုတိယ အဆင့် သွေးထဲမှာ သကြားဓာတ်(Glucose) ကျသွားတယ်။ Hypoglycaemia လို့ခေါ်တယ်။ နောက်တစ်ဆင့်မှာ ဦးနှောက်ရောင်တဲ့အဆင့် ဖြစ်တယ်။ Cerebral oedema လို့ခေါ်တယ်။ နောက်တစ်ဆင့်မှာ နှလုံးခုန် မမှန်ခြင်း(Cardiac arrhythmias) ဖြစ်တယ်။ နောက် အစာအိမ် အူလမ်းကြောင်းက သွေးယိုခြင်းဖြစ်လာတယ်။

တစ်ဆင့်ပြီး တစ်ဆင့် အခြေအနေ ဆိုးသွား တာဟာ ဒီပုံစံ အတိုင်း အဆင့်ဆင့်ဆိုးသွားတာကို တွေ့မြင်ရ ပါတယ်။ ၁၀ ရာခိုင်နှုန်းမှာ အသည်းကို မထိဘဲ ကျောက်ကပ်ကဆီးပြွန် ကလေးများကို ထိတယ်။ Acute tubular necrosis လို့ ခေါ်တယ်။ တချို့ GPDdeficiency ခေါ်တဲ့ ဓာတ်ချို့ယွင်းတဲ့ သူတွေမှာ သွေးဥများ ကွဲတယ်။ Oxygen သယ်နိုင်စွမ်းမရှိတဲ့ Haemoglobin များအဖြစ် ပြောင်းသွားတယ်။ Methae-moglobinaemia လို့ခေါ်တယ်။

ဘယ်သူ မဆို Paracetamol အလုံး ၂၀ ထက် ပိုသောက်ရင် အသည်းကို ထိနိုင်တယ်။တစ်ကြိမ်တည်း သောက်သည် ဖြစ်စေ၊ တစ်နေ့ တည်း သောက်သည် ဖြစ်စေ အသည်းကိုထိနိုင်တာပဲ။ ပါရာစီတမောလ် သောက်ပြီး ၃ ရက်၊ ၄ ရက်အတွင်းမှာ အဆိုးဝါးဆုံး ဖြစ်တဲ့အဆင့်ကို ရောက်တယ်။ ALT ဆိုတဲ့ Enzyme ကို တိုင်းကြည့်ရင် 1000 iu/1 ကျော်တယ်။ ALT1000 ကျော်ရင် အသည်း ပြင်းပြင်း ထန်ထန် ထိနေပြီ လို့ သိရတယ်။

တကယ်တမ်း ပိုပြီး သိချင်ရင်တော့ သွေးခဲတယ်၊မခဲဘူးဆိုတဲ့ တိုင်းတာမှု Prothrombin Time (INR) ကို တိုင်းရတယ်။အသည်း ပျက်မယ်၊ မပျက်မယ် ခန့်မှန်း ချင်တယ်ဆိုရင် သွေးထဲမှာ Paraceta- mol Level ကိုတိုင်းရမယ်။ပါရာစီတမောလ် သောက်ပြီး ၄ နာရီကြာမှ ပါရာစီတမောလ် အဖြေကို တိုင်းရတယ်။၎ နာရီ မကျော်သေးတဲ့ သွေးထဲက ပါရာစီတမောလ် အဖြေဟာ အသုံး မဝင်ဘူး။

တကယ်တော့ပါရာစီ တမောလ်က အဆိပ်အတောက် ဖြစ်တယ် ဆိုတာ အသည်းရဲ့ ခြေဖျက်နိုင်စွမ်းကုန်သွားလို့ပဲ။

အဆိပ်အတောက် ဖြစ်စေတဲ့ ဒြပ်ပေါင်း မှန်သမျှကို အသည်း ထဲမှာ Sulphate နဲ့Gluccronides အဖြစ် ပြောင်းလေ့ ရှိတယ်။ သင့်တော်ရုံ အကိုက်အခဲ ပျောက်ဖို့ အတွက်ပါရာစီတမောလ်ကို သင့်တော်ရုံ သောက်တယ်။ အလွန်အကျွံ သောက်တာ မဟုတ်ဘူး ဆိုရင်Therapeutic dose လို့ခေါ်တယ်။ လွန်သွားရင် Toxic dose လို့ခေါ်တယ်။ Paracetamol ကိုSulphate သို့မဟုတ် Glicoronide အဖြစ် ပြောင်းရုံ သာမကဘူး ၅ ရာခိုင် နှုန်းကို CytochromeP450 enzymes က NAPQI ဆိုတဲ့ အလွန် ဓာတ်ပြုမှု မြန်တဲ့ ဒြပ်ပေါင်း အဖြစ် ပြောင်းပေးတယ်။ဒီဓာတ်ပေါင်းကို အသည်းထဲက Glutathione ဆိုတဲ့ ဒြပ်ပေါင်းက အဆိပ်အတောက်ဖြေပေးတယ်။ များလာတဲ့ အခါကျ Glutathione ကုန်သွားတဲ့ အခါ NAPQI တွေက များလာပြီးအဆိပ်အတောက် ဖြစ်စေတယ်။ အသည်းကို ဒုက္ခပေးတယ်။ အရက် သောက်တဲ့ လူတွေမှာCytochrome P 450 enzymes က အလွန် အားကောင်း နေတယ်။ Enzyme-inducingcompound လို့ ခေါ်တယ်။ ဒီတော့ NAPQI တွေ အများကြီး ပိုဖြစ်တယ်။

အရက်သောက်တဲ့လူတွေမှာ Paracetamol therapeutic doseသောက်ရုံနဲ့ အဆိပ်အတောက် အသည်း အန္တရာယ်ရောက်နိုင်တယ်။ Carbamazepine, phenytoin, phenobarbitone,rifampicin စတဲ့ဆေးတွေဟာ Enzyme inducing drugs ဖြစ်တယ်။ သူတို့သောက်ထားရင်လည်း ပါရာစီတမောလ် အဆိပ်သင့် အန္တရာယ် များတယ်။

အာဟာရ ချို့တဲ့လူတွေမှာ၊ အရက် သောက်လို့ အစာ မစားတဲ့ လူတွေမှာ အသည်းထဲက Glutathione ကအားနည်းတယ်။ အဲဒီတော့ Paracetamol အဆိပ်သင့်တာ ပိုဖြစ်လွယ်တယ်။ပါရာစီတမောလ်ဟာစားဆေး အလုံး လည်းရှိတယ်။ စားဆေး အရည်လည်း ရှိတယ်။စအိုက ထည့်လို့ရတဲ့ အတောင့်Suppository လည်း ရှိတယ်။ တဖြည်းဖြည်းမှ အာနိသင် လာတဲ့ Slow released form တွေလည်းရှိသေး တယ်။ အဆိပ်သင့်တဲ့ အခါ တစ်ခါတည်း သေရန် ရည်ရွယ်ချက်နဲ့ အများကြီးသောက်တဲ့လူ ရှိတယ်။ အကိုက်အခဲ ပျောက်ဖို့ ရည်ရွယ်ပြီး နည်းနည်းနဲ့ ခဏခဏ သောက်ပြီးဆေးချိန်များ သွားလို့ အဆိပ်သင့်တဲ့ လူတွေလည်း ရှိတယ်။ Multiple or Staggered overdosesလို့ခေါ်တယ်။ လူကြီးတွေမှာ 10mg ထက် ပိုသောက်ရင် ကိုက်ရင်း ခဲရင်းနဲ့ အကိုက်အခဲတွေကြောင့် မတော်တဆ သောက်ရင်း သောက်ရင်းနဲ့ Paracetamol over dose ဖြစ်သွား သလိုအဝယ် ရလွယ်လို့ တမင် ကိုယ့်ကိုယ်ကို အန္တရာယ် ဖြစ်အောင် သောက်သူလည်း ရှိတယ်။အသည်း ပျက်စီးလို့ အသည်း အစားထိုး ရတဲ့သူတွေ ရှိတယ်။

အသက် ၆ နှစ်အောက်ကလေးလတွေမှာ ပါရာ စီတမောလ် အများကြီးမှားသောက် မိသည့် တိုင်အောင် အသည်းထိခိုက်မှု သိပ်မရှိ ဘူး။ဒါ့ကြောင့် မှားသောက်မိတဲ့ ကလေးကို အန်အောင် တိုက်တဲ့ဆေး ipecacတိုက်ဖို့ မလိုဘူး။ Activated charcoal ဆိုတဲ့ အဆိပ်ကို စုပ်ယူတဲ့ မီးသွေးမှုန့်တွေလည်း ပေးစရာမလိုဘူး။ နှာခေါင်းပိုက် ထည့်ပြီး စုပ်ပစ်ဖို့လည်း မလိုဘူး။

 
လူကြီးမှာ တစ်နာရီကနေ ၂ နာရီအတွင်းဆိုရင် အန်အောင်လုပ်ဖို့ လိုမယ်။ Activated charcoal မီးသွေးမှုန့် တိုက်ဖို့လိုမယ်။ ၄ နာရီကနေ၊၈ နာရီ အတွင်းမှာ glutathione ကို အားဖြည့်ပေးတဲ့ N-acetylcystine NAC ကို အကြောဆေးသွင်းပေးရတယ်။ ၈ နာရီအတွင်းမှာ ရောက်တဲ့ လူနာတွေ အတွက် Paracetamollevel ကိုတိုင်းပြီး NAC ကို ပေး၊ မပေး ဆုံးဖြတ်ရတယ်။ Paracetamol level ဟာ treatmentline ကျော် နေရင် NAC နာရီ ၂၀ လောက် ပေးဖို့လိုမယ်။ ၈ နာရီကျော်သွားမှ ရောက်တဲ့ လူနာကျတော့ Paracetamol level အဖြေကို စောင့်မနေတော့ဘူး။ Paracetamolအဆိပ်အတောက်ဖြစ်ရန် ရှိသူအားလုံးကို NAC ပေးတယ်။အဖြေလာတော့မှကုထုံးလိုင်းရဲ့အောက်ကို ရောက် နေရင် ရပ်တယ်။ ကုထုံးလိုင်းရဲ့ အပေါ်ကို ရောက်နေရင်ဆက်ကုတယ်။

သိပ်ကို ဆိုးလို့ အသည်း အစားထိုးဖို့ လိုရင် အသည်းအစားထိုးရတယ်။ Paracetamol ပုံစံ အမျိုးမျိုး၊ နာမည် အမျိုးမျိုးနဲ့ လာနေတော့ သောက်မှန်းမသိ အများကြီး သောက်မိတာ စိတ်ပူ ရတယ်။ ပါရာစီတမောလ် အရည်တွေ ရှိတယ်။ ကလေးအငယ် တွေမှာ အသည်း အဆိပ်အတောက် ဖြစ်တာ နည်းပေမယ့် ကလေး အကြီး တွေမှာတော့ဖြစ်နိုင်သေးတယ်။ ကိုက်မှ ခဲမှသောက်ရတဲ့ ဆေးပဲ။ ဖျားမှ နာမှ သောက်ရတဲ့ ဆေးပဲ။အတိုင်းအတာ တစ်ခုထိ အကိုက်အခဲ သက်သာတယ်။ အပူကျတယ်။

ရောဂါကို ပိန်းကြာဖက်တွင်ရေမတင်အောင် ကုနိုင်တဲ့ ဆေးတော့ မဟုတ်ဘူး။

ဒီလို ကြော်ငြာလို့လဲ တကယ် ပျောက်တာမဟုတ်ဘူး။

တုပ်ကွေးက သူ့ဘာသာသူ ပျောက် တာ။ တုပ်ကွေး ဖြစ်နေစဉ်မှာ အပူ ကျအောင်၊အကိုက်အခဲ ပျောက်အောင် သောက်တာ။ အဖျော်ယမကာ တွေလို လန်းဆန်း သွားအောင်သောက်ရတဲ့ ဆေးမဟုတ်ဘူး။ မကိုက်မခဲ၊ မဖျား မနာဘဲ လန်းဆန်း သွားအောင်သောက်ရတဲ့ဆေး မဟုတ်ဘူး။ လွန်သွားနိုင်တယ်။

 
မိဘကသိမှ ကလေးကသိမှာ။ ကြော်ငြာကိုကြည့်ရင်တော့ ကလေးက ဒါကို သိမှာ မဟုတ်ဘူး။

ဘာ အဓိပ္ပာယ်မှန်း မသိပေမယ့် ဆေးသောက်လို့တော့ မလန်းစေချင်ပါဘူး။

Source : Health Digest News Journal



ဧဒင်ချစ်သူအားလုံးနည်းမှန်လမ်းမှန်ရွှင်လန်းချမ်းမြေ့ပါစေရှင်

No comments:

Post a Comment