Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 26, 2012

ရှားစောင်းလက်ပတ်ကို လိမ်းပြီးအိပ်ရင် မျက်နှာအလှ ပြောင်းလဲ သွားတယ် မေဖြူဖြူ

26 November 2012  |

ကိုယ့် ပတ်ဝန်းကျင်မှာ အလွယ် တကူ ရရှိနိုင်ပြီး ကုန်ကျစရိတ် လည်း နည်းပါးတဲ့ သဘာဝ သစ်သီးသစ်ဖု တွေနဲ့ အသားအရေကို ထိန်းသိမ်း နိုင်ဖို့ လမ်းညွှန် ပေးလိုက် ပါတယ်။ 8DAYS ရဲ့ပျိုမေတို့လည်း အ သားအရေကို နဂိုရည်စိုပြည်ပြီး လှ ပချင်ရင်တော့ သဘာဝသစ်သီးတွေ နဲ့ အသားအရေ ထိန်းသိမ်း နည်း တွေကို တင်ဆက်ပေးလိုက်ပါတယ်။



မေဖြူဖြူက ထိခိုက်လွယ်တဲ့ အသားဖြစ်တဲ့အတွက် ဃသျာနအငခ တော်တော်များများနဲ့မတည့်ဘူး။ မျက်နှာသစ်ပြီးတိုင်း Cosmetic ကထုတ်တဲ့ POND'S သူ့ရဲ့Flawless Whiteလေးနဲ့ မျက်နှာသစ်တယ် ။ပြီးရင် သူ့ရှဲု့ Day Cream, Night Cream လိမ်းတယ်။

တစ်ပတ်ကို နှစ်ခါ လောက်တော့ နံနက်မိတ်ကပ် မလိမ်းခင် ရှားစောင်းလက်ပတ်ကို လိမ်းသွားတယ် မျက်နှာအေး အောင်လို့။ ညအိပ်ခါနီးလည်း ရှား စောင်းလက်ပတ်အဆီကို လိမ်း ဖြစ်တယ်။ အသားကိုလည်း ဖျော်သောက်တတ်တယ်။ မိန်း ကလေးတစ်ယောက်အနေနဲ့ အလှ အပကို ထိန်းသိမ်း သင့်ပါတယ်။ အသားအရေကအစပေါ့။ နဂိုရှိတာ ကို ပိုလှအောင် ထိန်းသိမ်းရမယ်။ နဂိုရှိတာကို မပျက်သွားအောင် လည်းထိန်းသိမ်းသင့်ပါတယ်။ အဲဒီသင့်တယ်လို့ မေဖြူထင်ပါတယ်။

ညဘက်ရှားစောင်းလက်ပတ်လေးကို လိမ်းအိပ်တဲ့အတွက် နှစ်ရက်သုံး ရက်အတွင်းပြောင်းလဲသွားပါတယ်။ ရေညှိတို့၊ ခရမ်းချဉ်သီးတို့နဲ့လည်း လိမ်းဖြစ်တယ်၊ အသားအေးလို့ပါ။ အပြင်သွားခါနီးလည်းသနပ်ခါး၊ မိတ်ကပ်တွေမလိမ်းခင်ူသအငသည အစား ရှားစောင်းလက်ပတ်ပဲလိမ်း ဖြစ်တယ်။ ပူတဲ့အချိန်တွေဆိုရင် ပေါ့။ ဝက်ခြံထွက်တဲ့ အခါလည်း ညဘက်လိမ်းထားရင် နံနက်ကျ ဝက်ခြံလေးတွေချပ်သွားတာတွေ့ရ တယ်။

Cosmetic မလိမ်းမဖြစ်လိမ်း ပြီးသွားတဲ့အခါ ပြန်လာရင် ချက်ချင်း မျက်နှာသစ်ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း မီးဖိုချောင်သုံးပစ္စည်း ကနေ အသားအရေထိန်းသိမ်းမယ် ဆိုရင်ပဲ အဆင်ပြေပါတယ်လို့ သခွားသီးနဲ့ပဲဖြစ်ဖြစ်၊ ခရမ်းချဉ်သီး နဲ့ဖြစ်ဖြစ် ထိန်းသိမ်းမယ်ဆိုရင် အသားအရေအတွက် အကျိုးအာ နိသင်ရှိပါတယ်။



ကျော်မျိုးနိုင်

No comments:

Post a Comment