Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 18, 2012

အဲဒီနေ့က ဆေးရုံမှာ
မိန်းမကို အာထရာဆောင်းရိုက်ကြည့်တော့
“သား“တဲ့။
အေးကွယ်
ဘာပဲဖြစ်ဖြစ်ပေါ့
အိပ်မက်နယ်မြေတဲ့တူတဲ့
မင်းအမေရဲ့ဗိုက်ထဲက
မီးကျီးခဲနဲ့တူတဲ့
လူ့ဘ၀ထဲကို ခုန်ချဖို့
အခုဆို မင်းက တာစူနေပြီပေါ့။
မကြာခင်
လောကထဲ ၀င်ရောက်လာတော့မယ့် သားဟာ
စစ်ပန်းခဲ့သူ အဖေရဲ့
ကမ်းစပ်လည်းဖြစ်ပါတယ်။
အဖေ့ရဲ့ခြစားခဲ့တဲ့နှစ်တွေကို
အသစ်ပြန်လည်တည်ဆောက်မယ့်
ဗိသုကာတစ်ယောက်လည်း ဖြစ်ပါတယ်။
သေချာပါတယ်ကွာ
မင်းအနာဂတ်ဟာ
အဖေ့အတိတ်လို
မှောင်မည်းနေမှာ မဟုတ်ပါဘူး။
ဗလာမဲတွေများတဲ့
ကံစမ်းမဲစနစ်ကိုလည်း
မင်းကျော်လွှားနိုင်မှာပါ။
မင်းဟာ
အမှန်တရားရဲ့ဘက်တော်သား
အခက်အခဲတိုင်းရဲ့ “ကာမိကာဇေ“
ချစ်သူများရဲ့ ဗုံးခိုကျင်း
အကြင်နာသီချင်း ကို သီဆိုပါ။
အဖေမမြင်ရတဲ့
ကြယ်စုံည ကို မြင်ရဖို့
မင်း ဆင်းသက်လာတော့မယ်။
အဖေ မကြုံရတဲ့
ဘုံဘ၀ ကို ဖြတ်သန်းဖို့
မင်းမွေးဖွားလာတော့မယ်
မဝေးတော့တဲ့တစ်နေ့မှာ
အဖေ့ရဲ့ ရှုံးကြွေး ကို ပြန်ဆပ်ဖို့
အားတက်စရာ
ဓားတစ်လက်ဟာ
ကမ္ဘာကို ချဉ်းကပ်ဝင်ရောက်လာခဲ့ပေါ့။ ။

သား - မိုဃ်းဇော်

No comments:

Post a Comment