Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 27, 2012

ချင်းမိုင်ကလွိုင်ကထုံမယ်လေးများ

ဓာတ်ပုံ- အိမ့်သံစဉ်/ ဧရာဝတီ ~ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် (ဇင်းမယ်) မြို့ရဲ့ တန်ဆောင်တိုင် ထိုင်းရိုးရာ လွိုင်ကထုံမယ်ပြိုင်ပွဲ တခုကို ချင်းမိုင်မြို့ တာဖဲ ဂိတ်မှာ နိုဝင်ဘာလ ၂၇ ရက် ညပိုင်း မိုးတဖွဲဖွဲမှာ ကျင်းပခဲ့ပါတယ်။ချင်းမိုင်မြို့ တာဖဲဂိတ်ဆိုတာ နိုင်ငံခြားသားတွေ အများဆုံး သဘောကျ နှစ်ခြိုက်ရာနေရာ တခုလည်းဖြစ် ပြီး ရှေးဟောင်း မြို့အုတ်ရိုးအလှနဲ့ တင့်တယ်လှပတဲ့ နေရာတခုမှာ လွိုင်ကထုံမယ်ကလေးများနဲ့ အလှ ချင်း ပြိုင် နေပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့ဟာ ပြိုင်ဆိုင်ထားသူ များစွာထဲက ပဏာမ ၁၀ ဦးကို ရွေးချယ်လိုက်တာ ဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့မှာတော့ နောက်ဆုံး အဆင့် ရွေးချယ်မှာလည်းဖြစ်ပါ တယ်။
image : irrawaddy

No comments:

Post a Comment