Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 27, 2012

ဘဲလေးခေါင်းဆောင်မင်းသမီး အဖြစ် ကပြဖျော်ဖြေမည့် ၇ တန်းကျောင်းသူ မြန်မာ ဘဲလေးအကသမ Victoria

ဘဲလေးခေါင်းဆောင်မင်းသမီး အဖြစ် ကပြဖျော်ဖြေမည့် ၇ တန်းကျောင်းသူ မြန်မာ ဘဲလေးအကသမ Victoria

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Westlake School for the Performing Arts နှင့် Artists In Motion Bay Area တို့ ကြီးမှူးကျင်း ပသည့် The Nutcracker Ballet အဖွဲ့၏ ဘဲလေးအက ဖျော်ဖြေ ပွဲတွင် ၇ တန်းကျောင်းသူ မြန်မာ ဘဲလေးအက သမ Victoria သည် ခေါင်းဆောင် မင်းသမီး အဖြစ် ကပြ ဖျော်ဖြေမည်ကြောင်း သိရသည်။

ယင်းကပွဲကို လာမည့် ဒီဇင်ဘာလ ၁ ရက် (စနေနေ့) ညနေ ၆ နာရီမှ ည ၈ နာရီအထိ ဆန်ဖရန်စစ္စကိုရှိ Palace of Fine Arts Theatre တွင် ကျင်းပ မည်ဖြစ်သည်။

မြန်မာမိဘနှစ်ပါးမှ ဖွားမြင်သည့် Victoria သည် ယင်းပွဲတွင် ဘဲလေး အကသမတို့၏ စိတ်ကူးယဉ်အိပ်မက် ဖြစ်သည့် ဇာတ်ကောင် ခေါင်းဆောင် မင်းသမီး "Clara" အဖြစ် ဇာတ်ပို့၊ ဇာတ်ရံ များစွာဖြင့် ကပြဖျော်ဖြေမည်ဖြစ် သည်။ Victoria သည် အဆို၊ အက ပိုင်နိုင်သည့်အပြင် သရုပ်ဆောင်ပိုင်း ကိုပါ ကျွမ်းကျင်ပြီး၊ ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ကို အရင်းခံ၍ လူတွေ့အစမ်း သီဆိုကပြ စစ်ဆေးမှုအပြီးတွင် ဤခေါင်းဆောင်မင်းသမီး နေရာကို ရရှိခဲ့ခြင်းဖြစ်သည်။

ကျင်းပမည့် နေ့ရက် -

December 1, 2012 (Saturday)

နေရာ -

Palace of Fine Arts Theatre
3301 Lyon Street, San Francisco, CA 94123

အချိန် -

6 PM - 8 PM

လက်မှတ်နှင့် အသေးစိတ်အချက်အလက်များကို အောက်ပါ လင့်ခ်တွင်ကြည့်ပါ။

http://www.aimbayarea.org/nutcracker-2012.htm

No comments:

Post a Comment