Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 16, 2012

သက်တံ့


လိုက်ခဲ့မယ်နော်
လက်မောင်းမှာ
နှုတ်ခမ်းပေါ်မှာ
အိပ်ပျော်မှာပါ
နွံလွှာနက်နက်
ခြေတစ်ဖက်ကျွံနစ်
ရုန်းထွက်ဖို့ မဖြစ်နိုင်တော့ဘူးကွယ်။

ဟောသည်မှာလေ
တိမ်တွေတောင်ကြေမွကုန်ပြီ
(တွေ့လား)
ယုံလိုက်စမ်းပါ မန်းသိီတာရယ်
တကယ်ပါ
ဇာခန်းဆီးလေးကို လွင့်သွားနိုင်စေတာပါ။

အချိုခန်းသွားတဲ့ပန်း
လွမ်းတတ်ရင်တော့ လွမ်းဖို့ကောင်းတာပေါ့၊
တစ်ထစ်လျော့စရာ
သိက္ခာ....
မာန....
ဘာမျှမကျန်ရစ်တော့လို့ပါ။

ဟင့်အင်း
ပိုင်ဆိုင်ခြင်းနဲ့ ဆုံးရှုံးခြင်းအကြား
တခြားဘာမျှမရှိရ
တစ်ခါတရံဆိုတဲ့စကား
တရားမမဲ့လွန်းဘူးလားဟင်
သွားလိုက်ပါတော့လေ
သည်နေရာမှာပဲ နေခဲ့မယ်။

လမ်း ၃၀
လွယ်အိတ်အဖြူ၊ စာအုပ်ထူများ
စကားပန်းပွင့်၊ ခွာမြင့်ဖိနပ်
အမှတ် ၁ ဘတ်စ်ကား
အားလုံးကို ကျေးဇူးတင်ပါတယ်။

ငွေရှာတာမဟုတ်ဘူး
ရွှေရှာတာမဟုတ်ဘူး
အချိုရှာတာပါ ကိုကိုရယ်
သစ္စာဆိုတာ ဒါလား
ဘီယာလိုပဲ ခါးတယ်နော်။

ဂျူး

No comments:

Post a Comment