CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ရွှေမြန်မာတို့အတွက်သတင်းကောင်း
ကျေးဇူးပြုပြီးရှယ်ပေးကြပါ။
အားလုံးပဲ မင်္ဂလာပါခင်ဗျာ
************************
ဂျာမနီနိုင်ငံမှ ကမ္ဘာကျော် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ SWEEP Telecon ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် တယ်လီဖုန်း ဆင်းကဒ်များကို ယခုလ (၁၀ ) ရက်နေ့တွင် စတင်ရောင်းချတော့မည်ဖြစ်ပါသည်။
SWEEP Telecon ဆက်သွယ်ရေး ကုမ္ပဏီ သည် ဂျာမနီနိုင်ငံတွင် နံပါတ်တစ်ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်ကာ ဥရောပတိုက်အတွင်း အကြီးမားဆုံး တယ်လီကွန်း နက်ဝက်ဘ် ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်။
SWEEP Telecon ကုမ္ပဏီသည်ယခုအခါ မြန်မာနိုင်ငံတွင် လေးဦးမြောက် ဆက်သွယ်ရေး အော်ပရေတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိတော့မည်ဖြစ်၍ သုံးစွဲသူမိဘပြည်သူများ အဆင်ပြေစေရန် တယ်လီဖုန်း ဆင်းကဒ်များအား အခမဲ့ ပေးသွားမည်ဖြစ်ပါသည်။
(၁၀ ) ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး အနှံ့ တောရော မြို့ပါမကျန် ဆင်းကဒ် သန်း ( ၅၀) အား အခမဲ့ ပေးဝေသွားပါမည်။
SWEEP Telecon ဆင်းကဒ်အကြောင်း
****************************
တယ်လီဖုန်းပြောဆိုခ - တစ်မိနစ် ၅ ကျပ်
အင်တာနက် - 1 GB 100 ကျပ်
စာတိုပို့ (massage) - တစ်စောင် 1 ကျပ်
Facebook. - အကြိုက်သုံး ၁ ရက် ၁၀၀ ကျပ်
Viber၊ BeeTalk၊ We Chat၊ Line အခမဲ့သုံး။
ဆင်းကဒ်နံပါတ်များမှာ ဂဏန်း ၇ လုံးဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာ နံပါတ် ၇ လုံးအား ရွေးချယ်ဝယ်ယူနိုင်ပါသည်။
နက်ဝက်ဘ် စနစ်
***********
နက်ဝက်ဘ် စနစ်မှာ တယ်လီဖုန်းတိုင် စနစ်မဟုတ်ဘဲ
NASA ဂြိုလ်တုနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော စနစ်ဖြစ်၍ ဖုန်းပြောဆိုသံများ အထူးကြည်လင်ပြတ်သားကာ အင်တာနက် လိုင်းဆွဲအား အထူးကောင်းမွန်ပါသည်။
အခမဲ့ ဆင်းကဒ် ရယူပုံ
************
လက်ရှိအသုံးပြုနေသော တယ်လီဖုန်းဆင်းကဒ် အမျိုးအစားနှင့်အတူ မိမိကြိုက်နှစ်သက်ရာ နံပါတ် ၇ လုံးအား # ခံပြီး ကွန်မန့်တွင် ချရေးခဲ့ပါ။
ကွန်မန့်ရေးသူများအား SWEEP Telecon ကုမ္ပဏီ ဆာဗာထဲတွင် မှတ်သားထားပြီး ၁၀ ရက်နေ့တွင် ဆင်းကဒ်များ တရားဝင်ရောင်းချပါက အဆိုပါလူများအား SWEEP Telecon ၏ အထူး ကာစမန်မာများအဖြစ် သတ်မှတ်ကာ ဖုန်းဘေလ် ၁ သောင်းကျပ်ထည့်ထားသော SWEEP TELECON ဆင်းကဒ်များ
အခမဲ့ မေတ္တာလက်ဆောင်ပေးအပ်သွားမည်ဖြစ်ပါသည်။
ဥပမာ
******
#MPT
#1234567
#Telenor
#1234567
#Ooredoo
#1234567
မှတ်ချက်။ ကွန်မန့်တွင် # ခံရေးသည့် သူများသာ ဖုန်းဘေလ် တစ်သောင်းကျပ်နှင့် SWEEP TELECON ဆင်းကဒ်ရမည့်သူအဖြစ်သတ်မှတ်ပါမည်။
#ကျေးဇူးတင်ပါသည်
Mr, Thaung Aye
Country Manager
SWEEP TELECON COMPANY
www.sweeptl.com
09-2145677
https://www.facebook.com/permalink.php?story_fbid=909898992496136&id=909898259162876
စိုင်းအရင်ကဆို အလုပ်သွားရင် Taxi ငြားစီးဖူးတယ်
အလုပ်ပိတ်ရက် စိုင်းဘုရားသွားရင် YBS တိုးစီးဖူးတယ်
အခုဆိုရင်ဘဏ်မှာအမေအပ်ထားပေးတဲ့ငွေနဲ့ကိုယ့်ချွေးနည်းစာလေးပေါင်းပြီး Fortuner TRD Sportivo စီးနိင်ပြီ
ခက်တာကဘယ်သွားသွားစိုင်းတစ်ယောက်တည်း 😒
အရင်က ၁သိန်း ၂သိန်းတန် Android ဖုန်းကိုင်ခဲ့ဖူးတယ်
ဖုန်းတွေကြောင်လို့ ဖုန်းပြင်ဆိုင်လဲခဏခဏပြေးခဲ့ဖူးတယ် အခုဆိုရင်သေချာရေရာတဲ့အလုပ်နဲ့ဝင်ငွေကအေးဆေးဆိုတော့ နောက်ဆုံးပေါ် ios apple ဝယ်သုံးနိင်ပြီ
ပန်းသီးခရေစီမို့ 8+ လာလဲစိုင်းကမရရအောင်ကိုင်ရအုံးမယ်
ခက်တာက အိုင်ဆဲဗင်းပလပ်ကအပိုဖြစ်သွားတော့မယ်😑
အရင်ကျဉ်းကျဉ်းကျပ်ကျပ်တိုက်ခန်းမှာနေခဲ့ဖူးတယ်
ပူလွန်းလို့ ညသန်းခေါင်းရံမှာရေထချိးပြီးအကုန်ချွတ်အိပ်ခဲ့ဖူးတယ်
အခုဆိုရင် တိတ်ဆိတ်ပြီး သန့်ရှင်းသပ်ရပ်တဲ့ apartment မှာ အဲယားကွန်းနဲ့ စမတ်တီဗီနဲ့ ရေခဲသေတ္တာနဲ့ ဖရီးဝိုင်ဖိုင်နဲ့ နေနိင်ပြီ
ခက်တာက အတူတူနေဖို့အခန်းဖော် ခုချိန်ထိ မရှိသေးတော့ စိုင်းတစ်ယောက်တည်းအဖော်ကင်းမဲ့စွာနေနေရတယ် 😒😒
တစ်ကယ်လို့သာ စိုင်းမှာသာ ခုချိန်အဖော်ကောင်း သူငယ်ချင်းကောင်းတယောက်လောက်ရှိမယ်ဆိုရင်ဘယ်လောက်တောင်ကောင်းမလဲ အလုပ်ပိတ်ရက်မှာ ကားတစ်စီးနဲ့ မှော်ဘီဖြစ်ဖြစ် ထောက်ကျန့်ုဖစ်ဖြစ် ကားတစ်စင်းနဲ့အတူတူသွားမယ်
ပျင်းရင်3D movie သွားကြည့်ကြမယ်
ဆာရင် Suki ဆိုင်မှာ hotpot စားကြမယ်
အခန်းရောက်ရင် သီချင်းအေးအေးလေးနဲ့အခန်းသန့်ရှင်းရေးကူလုပ်ကြမယ်
ညကျရင် Heinekan အတူတူသောက်ပြီး game တွေဆော့ကြမယ်
ဒါပေမဲ့ အဲဒါတွေကစိုင်းရဲ့စိတ်ကူးပါ 😒😒
စိုင်းကတိုင်းရင်းသားတယောက်လဲဖြစ်
အနေလဲတည်ငြိမ်တော့
လူအများစုက စိုင်းနဲ့ခင်ဖို့
စိုင်းနဲ့အတူတူနေဖို့ ရှိန်ကြတာများတယ်
အလုပ်မှာလဲ အသက်ကြီးကြီးနိင်ငံခြားသားတွေပဲအများစုဆိုတော့ 😫😖
တကယ်လို့များ နယ်ကတစ်ယောက်ယောက် အလုပ်ကိုင်မရှိသေးရင် အလုပ်လုပ်ဖို့စဉ်းစားတဲ့သူရှိရင်( စိုင်းအသက်ရွယ်နဲ့မတိမ်းမယိမ်း Boy စစ်စစ် ) ရန်ကုန်တတ်လာဖို့စိတ်ကူးရှိရင် effect မသုံးထားတဲ့ပုံ ပို့ထားပေးပါ
နယ်ကလာသူအချင်းချင်းမို့ လောလောဆယ်နေစရာ စားစရာ လည်စရာ သုံးစရာ မပူပါနဲ့
ဘာလို့လဲဆိုတော့ 25×60 ပေအခန်းမှာစိုင်းတယောက်တည်း
စားဖို့သောက်ဖို့ကလဲ အေးဆေး
လည်ဖို့ပါတ်ဖို့ကလဲ စိုင်းကအမြဲတမ်းခရီးထွက်နေရတဲ့သူ
သုံးဖို့ဈေးဝယ်ဖို့ဆိုရင်လဲ စိုင်းမှာ AYA credit card ရှိပြီးသား
တစ်ဖက်သားကိုအားနာတတ်ပြီး တစ်ပါတ်အတွင်းသွေးစစ်ထားသောသူ ဆံပင်အရောင်မဆိုးထားတဲ့သူဆိုရင် စိုင်းနဲ့ရေရှည်အတူနေဖို့ပိုအဆင်ပြေနိင်သလို
အရပ် ၅'၇'' အထက် အသားညို ရင် စိုင်းအလုပ်လုပ်နေတဲ့ကုမဏီမှာ အလုပ်သေချာရအောင်ကူပြောပေးအုံးမယ် ( pool&garden decoration မို့ ရုပ်ရည်သန့်ရင်ပညာအရည်ချင်းမသတ်မှတ်ထားပါဘူး ) Start 300000Ks
မှတ်ချက်= တစ်ကယ်ဆိုရင်စိုင်းလဲမိန်းခလေးတယောက်ယောက်နဲ့အခန်းစပ်တူနေဖို့စိတ်ကူးထားဖူးပါတယ်
But စိုင်းကအပြစ်နာဆာကင်းတဲ့လူပျိုစစ်စစ်လေးဖြစ်နေတာကတစ်ကြောင်း
ဘေးပါတ်ဝန်းကျင်တွေကဲ့ရဲ့မှာစိုးရိမ်တာကတစ်ကြောင်း
အဲဒါကြောင့် လွတ်လွတ်လပ်လပ်လဲနေရ
ဘေးပါတ်ဝန်းကျင်အမြင်မှာလဲ မျက်စိမစူးစေရအောင
် boy ချင်းချင်းနဲ့ပဲနေဖို့ဆုံးဖြတ်လိုက်တာပါ
စိုင်း အာကာ ဖြိုးကျော်
https://www.facebook.com/permalink.php?story_fbid=202242116975260&id=100015684192536
မြွေများဝယ်ယူရန်ဖိတ်ခေါ်ခြင်း
ခုတုံးလုပ်ကြော်ငြာခြင်း (Surrogate Advertising)
ယဉ်ဝေပြုံး
ကြော်ငြာခွင့် ကန့်သတ်ခံထားရတဲ့ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှု တစ်ခုကို ကြော်ငြာချင်တဲ့ အတွက် တရားဝင် ကြော်ငြာခွင့်ရှိတဲ့ ကုန်စည်/၀န်ဆောင်မှု တစ်မျိုး မျိုးကို နာမည်တူနဲ့ ထပ်မံထုတ်လုပ်ပြီး (Brand extension)၊ ကြော်ငြာလို့မရတဲ့ပစ္စည်း ကို ခုတုံးလုပ် ကြော်ငြာခြင်း၊ ဈေးကွက် တည်ဆောက်ယူခြင်းကို Surrogate Marketing/ Advertising လို့ခေါ်ပါတယ်။
Surrogate Advertising ကိုအများဆုံး အသုံးပြုတဲ့ လုပ်ငန်းတွေ ကတော့ အရက်သေစာ၊ ဆေးလိပ်အစရှိတဲ့ မူးယစ်ကုန်စည်ထုတ် လုပ်တဲ့ လုပ်ငန်းကြီးတွေနဲ့ ဆေးဝါးပစ္စည်း ထုတ်လုပ်ငန်းအချို့တို့ဖြစ် ပါတယ်။
ဆေးလောကမှာ ကြော်ငြာခွင့်ကန့်သတ်ထားတဲ့ ဆရာဝန် ညွှန်းမှာ ၀ယ်ရမယ့် သမားကိုင်ဆေးဝါး Prescription/ Ethical Drugs တွေကို Over-the-counter (OTC) အိမ်သုံးဆေးများအဖြစ် နှစ်မျိုး ထုတ်လုပ်ပြီး တံဆိပ်တစ်ခုတည်းနဲ့ ပုံမှားရိုက်ကြော်ငြာတာမျိုးရှိ တတ်သလို အရက်သေစာနဲ့ ဆေးလိပ်စတဲ့ မူးယစ်ကုန်စည်တွေကို ကြော်ငြာခွင့်ကို ပိတ်ထားတဲ့အတွက် ပစ္စည်းတစ်မျိုးမျိုးထုတ်ပြီး Surrogate Advertising လုပ်တာတွေရှိနေပါတယ်။
ဥပမာ - ကျွန်မတို့ အိမ်နီးချင်း အိန္ဒိယမှာ Kingfisher ဆိုတဲ့ အရက်သေစာလုပ်ငန်းစုဆိုလည်း Kingfisher Mineral Water ဆိုပြီး ထုတ်တယ်။ Bagpiper Whisky က Bagpiper Club Sodaထုတ်လုပ်ရောင်းချပါတယ်။ Bagpiper Soda ရဲ့ ကြော်ငြာကိုကြည့်ရင် မူလWhiskyကြော်ငြာရဲ့ ကျောရိုး၊ မူလ Logo၊မူလ ကြော်ငြာ သရုပ်ဆောင်အတိုင်း အသုံးပြုထားတယ်။ ကြော်ငြာကို မြင်လိုက်တာနဲ့ Club Soda မဟုတ်ဘဲ မူရင်းထုတ်ကုန် Whisky ကို အမှတ်ရစေတယ်။
အိန္ဒိယမှာ ဆေးရွက်ကြီးနဲ့ ဆေးလိပ်လုပ်ငန်းတွေက ဆေးလိပ်ကြော်ငြာတားမြစ်ချက်ကို ရှောင်ရှားနိုင်ဖို့ သူတို့မူလ Brand နဲ့ သာမန် အာမွှေး ကွမ်းထုပ်သဖွယ် ထုတ်လုပ်ကြော်ငြာပါတယ်။
မြန်မာနိုင်ငံမှာလည်း အလားတူပါပဲ။ မူးယစ်ကုန်စည်ထုတ်လုပ်သူတွေက တရားဝင် ကြော်ငြာတွေကို ပိတ်ပင်လာတဲ့အခါမှာ မူလအမှတ်တံဆိပ် ကိုသုံးပြီး ဈေးကွက်ထဲ တရားဝင်ကြော်ငြာခွင့်ရှိတဲ့ အခြားကုန်စည်တွေကို ထုတ်လုပ်တယ်၊ ကြော်ငြာတယ်။ ဒါပေမယ့် အဲဒီ့ ပစ္စည်းတွေကိုတကယ်လည်း မရောင်းပါဘူး။ တကယ်ရောင်းရင်လည်း အဲဒီ့ကအမြတ်ကို မျှော်ကိုးလို့မဟုတ်ပါဘူး။ သူတို့ လုပ်ချင်တာက ကြော်ငြာလို့ မရတဲ့ ကုန်စည်တွေကို လူထုရင်ထဲစွဲစေချင်တာပါ။
အရက်သေစာ လုပ်ငန်းကြီးတွေ ဆိုရင် မူလ အမှတ်တံဆိပ် ၀ိသေသ အမှတ်လက္ခဏာ (Brand identity elements) တွေဖြစ်တဲ့ logo၊ brand အရောင်တွေနဲ့ Brand Personalityတွေ သုံးပြီး ရေသန့်နဲ့ အင်္ကျီအ၀တ်အစားတွေ ထုတ်လုပ် ရောင်းချတာမျိုးပေါ့။
နာမည်ကြီး ဆေးလိပ်ကုမ္ပဏီကြီးတစ်ခုကလည်း ယခင်ကရန်ကုန်မှာ ထိုင်းကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး တေးသံသွင်းလုပ်ငန်း တည်ထောင် ခဲ့ဖူးတယ်။ ဂီတနှစ်သက်တဲ့ လူငယ်များကို အဲဒီ တေးသံသွင်းရဲ့ သီချင်းခွေများကို ၀ယ်ယူအားပေးကြတဲ့အခါ သူတို့ရဲ့Brand ကို နာမည်ကျော်အဆိုတော်တွေနဲ့တွဲပြီး အမှတ်ရစေခဲ့ပါတယ်။
အရက် သေစာအမှတ်တံဆိပ်တွေက ယခုအခါမှာ pH7 ဆိုပြီး ပိတ်ပင်ထား တာတွေကို ကျော်ခွပြီး ကြော်ငြာနေဆဲပါပဲ။ ရုပ်သံလိုင်းတွေ၊ ဂျာနယ် မျိုးစုံတွေမှာ သူတို့ရဲ့ ကြော်ငြာတွေရှိနေဆဲပါ။ ကားကံစမ်းမဲတွေလည်းပေးပါတယ်။ ၀ီစကီတစ်မျိုးကလည်း သူ့ရဲ့ Facebook Page ၀င်ဖို့ တီဗီမှာ စွဲဆောင် ပါသေးတယ်။ Facebook ပေါ်ရောက်မှ အရက်ကို ဆက်ပြီးကြော်ငြာပါတယ်။
ဘီယာတံဆိပ် တစ်ခုက တကိုယ်တော် ဂီတဖျော်ဖြေပွဲတစ်ခုကို ကိုယ်တိုင်စီစဉ်ပြီး အဲဒီ့အဆိုတော်ပုံနဲ့ Stage Show ကြော်ငြာလုပ်ပါတယ်။ အရောင်တွေ ဘီယာရဲ့ တံဆိပ်လိုဂိုတွေပါသုံးပြီး ဂီတပွဲ စီစဉ်သူအဖြစ် ကြော်ငြာသွားခဲ့တာလည်းရှိပါတယ်။ နောက်ဘီယာ အမှတ်တံဆိပ်တစ်ခုကလည်း အင်္ကျီအ၀တ်အစားတံဆိပ်တည်ထောင်ပြီး အဆိုတော်နဲ့ သူ့ကလေးပါထည့် ကြော်ငြာတဲ့အတွက် အများက ၀ိုင်းကန့်ကွက်တာတွေလည်း ခံခဲ့ရပါတယ်။ ရန်ကုန်မှာ အဲဒီ့ ကြော်ငြာတွေ ဖြုတ်လိုက်ပေမယ့် အခြားမြို့တွေမှာတော့ တွေ့နေရဆဲပါပဲ။
ရေသန့်နာမည်ခံ အရက်ကြော်ငြာတစ်ခုဆိုရင်အထက်တန်းကျောင်းတွေမှာ ကမ္ဘာ့မြေပုံတွေ လှူဒါန်းပြီး ကလေးတွေကြားအထိ Brand ရင်းနှီးမှုရအောင်အတင့်ရဲလုပ်နေတာတွေလည်း စိတ်မကောင်းစရာ တွေ့ရပါတယ်။ ဆရာမတွေကလည်း ရေသန့်ထင်လို့ မြေပုံကိုကပ်ပေးထားခဲ့တယ်လို့ အံ့သြတုန်လှုပ်စွာနဲ့ ပြောပြခဲ့ပါတယ်။ နောက်ဘီယာ တံဆိပ်တစ်ခုကလည်း အသွင်တူသံဗူးထဲမှာ အချိုရည်တစ်မျိုးထုတ်လုပ်ပြီး ၁၂-၁၃ အရွယ် ကလေးငယ်များပါထည့်ပြီး ကြော်ငြာထားတာလည်းတွေ့ရပါတယ်။
ဒီတံဆိပ်နဲ့ပဲ စာသင်ကျောင်းတွေမှာ ပွဲတွေလိုက်လုပ်ပြီးကြော်ငြာနေတာတွေလည်း တွေ့ရပါတယ်။ ကလေးဈေးကွက်ထဲမှာ ဒီဘီယာအမှတ်တံဆိပ်နဲ့ အဲဒီ့ အမှတ်တံဆိပ်ပါသံဗူးကိုင်တာကို ယဉ်ပါးလာစေနိုင်တဲ့အတွက် အထူးသတိထားဖို့လိုပါတယ်။
ဒါတွေဟာ Umbrella Brand တစ်ခုထားပြီး Surrogate Advertising နည်းကို သုံးပြီး ဈေးကွက်ဖောက်နေတာတွေ ဖြစ်ပါတယ်။ ယစ်မျိုးကုန် မဟုတ်တဲ့ အခြားကုန်စည်တွေကိုခုတုံးလုပ်ပြီး ကြော်ငြာခြင်းဖြစ်ပါတယ်။
အဲဒီ့ Brand အောက်မှာ အဓိက ရောင်းချင်တဲ့ မူးယစ်ကုန်စည်တွေကို ဈေးကွက် ဆက်လက်ချဲ့ထွင်နိုင်အောင် ဆောင်ရွက်ကြတာပါ။
ဒီလို Surrogate Marketing တွေကြောင့် နိုင်ငံအနှံ့ ယစ်မျိုး Brandတွေဆကလ် က်ပြန့်နှံ့ နေတာကိုတွေ့ ရပါတယ်။ Strategy First Instituteက၂၀၁၁၊ ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းက အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရတော့ ကြော်ငြာတွေ ပိတ်ပင်ထားပေမယ့်လည်း အသက် ၁၂ နှစ်မှ ၁၆ နှစ်အထိ ကလေးတွေဟာ ယမကာ အမှတ်တံဆိပ်တွေနဲ့ အကျွမ်းတ၀င်ရှိနေဆဲဆိုတာကို တွေ့ရပါတယ်။ ရေသန့်အဖြစ်ကြော်ငြာထားတဲ့ ယမကာတံဆိပ်ပေါင်းများစွာကိုလည်း မှတ်မိကြပြီး ဒီကြော်ငြာတွေဟာ ရေသန့်ကြော်ငြာ၊ အင်္ကျီကြော်ငြာမဟုတ်ဘူးဆိုတာကိုလည်း သိနေကြပါတယ်။
နိုင်ငံတကာမှာ အဲလို Surrogate Advertising တွေအပြင် Surrogate လုပ်ထားတဲ့ Product တွေကိုပါ တားမြစ်ပိတ်ပင်လာကြပြီ။ မြန်မာနိုင်ငံရဲ့ မူးယစ်ကုန်စည်တွေကို ကြော်ငြာခွင့်ကန့်သတ်ထားပြီး Surrogate Advertising တွေကိုလည်း တင်းကြပ်စွာ စိစစ်ဖို့ လမ်းညွှန်ထားပေမယ့် အရေးယူမှု မရှိတာကိုတွေ့ရပါတယ်။
နောက်တစ်ဆင့်ကတော့ Surrogate Marketing တွေ ပိတ်ပင်လာခဲ့ရင် ဒီတံဆိပ်တွေနဲ့ တခြားပစ္စည်းတွေ အမှန်တကယ် ထုတ်လုပ်ရောင်းချနေပါတယ်၊ အမှန်အကန် Brand Extension လုပ်ပါတယ် ဆိုပြီးတော့လည်း စောဒက တက်လာနိုင်ပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက ယမကာလုပ်ငန်းတစ်ခုကရေသန့်တွေကို Brand Extensionတကယ်လုပ်ပြီး ရောင်းခဲ့ပါတယ်။ အဲဒီ့ Brand ကတော့ နာမည်ကျော် အောင်မြင်ခဲ့ပြီး ယနေ့အထိ သုံးစွဲနေကြတုံးပါပဲ။ သူ့ကိုတော့ ရေသန့်အဖြစ်လည်း လူတွေကလည်း သတ်သတ်မှတ်မှတ် လက်ခံထားကြတော့ Surrogacy ပုံစံတော့ မပေါက်တော့ပါဘူး။
ဆောင်းပါးကို နိဂုံးချုပ်ရရင် Surrogate Marketing ကိုသုံးပြီး နေရာတိုင်းမှာ ကျယ်ပြန့်စွာ ကြော်ငြာနေခဲ့တဲ့အတွက် အရက်မှန်း၊ ဆေးလိပ်မှန်းသိတဲ့လူကသိ၊ မသိတဲ့လူက မသိနဲ့ ကလေးရော၊ လူကြီးပါ ဒီ Brand Messageတွေကို လက်ခံမိစေခဲ့တယ်။ ဒါဟာသက်ဆိုင်ရာနဲ့ အများပြည်သူကို လိမ်ညာတဲ့အဆင့် အထိဖြစ်သွားပါတယ်။ ယခုလို အမှန်အကန် Brand Extension တွေပါလို့ ကြေညာပြီး လုပ်လာပြန်ရင်လည်း ကြော်ငြာပိတ်ပင်ထားတဲ့ ပစ္စည်းတွေကို ပါရောပြီး Promote လုပ်ရာရောက်နေသေးတဲ့အတွက် လက်ခံလို့ဖြစ်ပါ့မလားလို့လည်း တွေးပူမိပြန်ပါတယ်။
Strategy First Journal အမှတ် (၁)မှ ဆောင်းပါကို ပြန်လည်ဖော်ပြသည်။
Ref:
http://www.managementparadise.com/…/29342-advertisement-eth…
http://www.scribd.com/doc/39117724/Surrogate-Advertisements
http://www.scribd.com/doc/53687500/Surrogate-Advertising
http://www.scribd.com/…/Banning-Liquor-Surrogate-Advertisin…
http://www2.potsdam.edu/hansondj/LegalDrinkingAge.html
__________________________
ဆက်စပ်သတင်း
အရက်၊ ဘီယာ၊ ဆေးလိပ်ကြော်ငြာကန့်သတ်ဖို့ လွှတ်တော်နဲ့ ပညာရှင်အပိုင်းက ပြောဆို
နိုင်နိုင်ဇော်
ရန်ကုန်၊ ဇူလိုင် ၁၄
အရက်၊ ဘီယာ၊ ဆေးလိပ်ကြော်ငြာ ကန့်သတ်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေပြီလို့ လွှတ်တော်ကိုယ်စားလှယ်၊ စီးပွားရေးပညာရှင်တွေနဲ့ ကျန်းမာရေးကဏ္ဍ တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာ အမျိုးသားလွှတ်တော်က အရက်၊ ဘီယာနဲ့ စီးကရက်ကြော်ငြာတွေ ကို အထူးကန့်သတ်ဖို့ နိုင်ငံ တော်အစိုးရကို တိုက်တွန်းတဲ့အဆို ဆွေးနွေးဖို့ ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
အဲဒီအဆိုတင်သွင်းတဲ့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က“ မြန်မာပြည်ကလူငယ်တွေ ငယ်ငယ် ရွယ်ရွယ်နဲ့ ပျက်စီးနေတာ အရက်၊ ဘီယာ၊ စီးကရက်ကြော်ငြာတွေနဲ့ ဆွဲဆောင်အား ကောင်းနေတာကြောင့်ပဲ။ ဒီကြော်ငြာတွေ လျှော့ချနိုင်မှ တိုင်းပြည်အနာကို စိတ်အေးနိုင်မှာပါ” လို့ လွှတ်တော်မှာ ပြောဆိုပါတယ်။
အရက်၊ ဘီယာ၊ ဆေးလိပ်ကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်တွေကို သွယ်ဝိုက်ကြော်ငြာမှုတွေ ပြုလုပ်ပြီး လူငယ်တွေဘ၀ လူညွန့်တုံးအောင် ပြု လုပ်နေတာကြောင့် အဆိုတင်သွင်းရတာဖြစ်တယ်လို့ ဦးလှဆွေက ထပ်ပြီး
ပြောဆိုပါတယ်။
နိုင်ငံတကာမှာ အရက်၊ ဘီယာ၊ ဆေးလိပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေ ပြုလုပ်နေတာကြောင့် မြန်မာ့လွှတ်တော်ပိုင်းကလည်း ဒါတွေကို အတုယူသလို အစိုးရပိုင်းကလည်း ဥပဒေ၊ အမိန့်တွေထုတ်ပြန်ပြီး တားဆီးသင့်တယ်လို့ စီးပွားရေးပညာရှင် ဦးလှမောင်က ပြောပါတယ်။
“အမေရိကန်ဆိုရင် စီးကရက်ကို ဘယ်လို့နည်းနဲ့မှ ကြော်ငြာခွင့်မပေးဘူး၊ အခုတရုတ်လည်း ဒါတွေကို ပိတ် ပင်နေပြီ။ မြန်မာနိုင်ငံကလည်း ဒါတွေကို လက်တွေ့အတုယူသင့်တယ်”လို့ သူက ပြောပါတယ်။
ဒီ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာလည်း ဆေးရွက်ကြီးအုပ်စု၊ အရက်၊ ဘီယာ နဲ့ ဆေးလိပ်တွေကို ကုန်သွယ်လုပ်ငန်း ခွန် ၁၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်
ကောက့်ခံပေမယ့် တင်သွင်းကုမ္ပဏီအများစုက ရောင်းကုန်ပေါ်မှာ ပြန်လည်
ဈေးတင်ကြတာကြောင့် နောက်ဆုံးစားသုံးသူပဲ ထိခိုက်မှုတွေရှိနေတယ်လို့ သိရပါတယ်။
ကျန်းမာရေးပညာရှင် ဒေါက်တာစိုးလွင်က “လူတွေက ဆေးလိပ်မကောင်းဘူး ဆိုတာသိပေမယ့် ရှောင်နိုင်မှုအား နည်းတာက ကြော်ငြာတွေကြောင့်လို့မြင် တယ်။ ဒါကိုလွှတ်တော်က ကန့်သတ်နိုင်ရင်ကောင်းပါတယ်”လို့ ပြောဆိုပါ တယ်။
အရက်၊ ဘီယာ၊ ဆေးလိပ်ကြော်ငြာကန့်သက်မှုအဆိုဆွေးနွေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီ ဇူလိုင်လ ၃၁ ရက်နောက်ဆုံးထားပြီး အမျိုးသားလွှတ်တော်ကို အမည်စာရင်းပေးပို့ရမှာဖြစ်ပါတယ်။
Trend Myanmar မှ အောက်ပါ အရည်အချင်းများ နှင့် ပြည့် စုံသော ဘာသာပြန် အလိုရှိသည်။
- အသက် ၂၀ မှ ၃၀ ကြား ဖြစ်ရမည်။
- ဘာသာပြန်အတွေ့အကြုံရှိသူ ပိုဦးစားပေးမည်။
- အင်္ဂလိပ်စာ ရေးနိုင်၊ ပြောနိုင်ရမည်။
- ၀က်ဘ်ဆိုက်နဲ့ သင့်တော်သည့် ဆောင်းပါးသတင်းများကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ကိုယ်တိုင်ရှာဖွေ ပြန်ဆိုနိုင်သူ ဖြစ်ရမည်။
- အလုပ်ကို စိတ်ပါဝင်စား လုပ်ကိုင်နိုင်သူဖြစ်ရမည်။
- စိတ်ဝင်စားပါက CV နှင့်တကွ Left Bank Myanmar ရုံးခန်းသို့ ကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။
Address
9th floor, Motherland Condominium, 240/242, Seik Kan Ta Street, Upper Block,
Kyauktada Township,Yangon, Myanmar.
phone : +95 (9) 430 64682
တကယ်ကောင်းတဲ့အရက်ကြော်ငြာ။အရက်ခုပဲဝယ်သောက်ချင်စိတ်ပေါက်သွားလောက်အောင်ကောင်းတယ်။
မင်္ဂလာဦးညမှာထင်ပါတယ်။ဘုရားကျောင်းနံဘေးမှာသူငယ်ချင်းတွေနဲ့ တစ်ခွက်တဖလားမော့။သတို့ သမီးက
လိုက်လာတော့ ကောင်မလေးနောက်ကိုထလိုက်သွား။အိုင်ဒီယာလေးကရိုးရိုးလေး။
ရိုက်ထားတာလေးကကောင်းတော့ နှစ်ခေါက်သုံးခေါက်လောက်ကြည့်ပြီး နှစ်ပက်သုံးပက်မော့ချင်စိတ်ကို
ပေါက်သွားရော။
မြန်မာပြည်က မိန်းကလေးတွေနဲ့ အရက်ပုလင်းနဲ့ တွဲထားတဲ့ကြော်ငြာတွေနဲ့ တောဘာမှမဆိုင်ပါလားလို့ ။
mp4U
Tullamore Dew - The Parting Glass from Big Fish TV Commercials Ltd on Vimeo.
အောင်မျိုး
လက်ဝှေ့ဝါသနာရှင်ပရိသတ်တိုင်း
၁၉၉၇ခုနှစ်က မိုက်တန်ဆန်၏ ဟိုလီဖီးနားရွက်ကိုက်ခဲ့သည့်ဖြစ်ရပ်ကိုသိ
ရှိကြမည်ထင်ပါသည်။ထိုသို့ဖြစ်ပွားခဲ့ပြီး(၁၆)နှစ်ကျော်အကြာတွင်
မိုက်တိုင်ဆန်ကိုယ်တိုင်ဟိုလီဖီးအိမ်ရှေ့တံ ခါးကို လာခေါက်ကာ
နားရွက်အပိုင်းအစလေးအား ပြန်ပေးခဲ့သည်ဆိုလျှင် ယုံနိုင်ကြပါမည်လား။
ထိုဖြစ်ရပ် မျိုးမှာ အမှန်တကယ်ပင် မြင်တွေ့ခဲ့ကြရပြီး မိုက်တိုင်ဆန်က
ဟိုလီဖီးအား “ငါအရမ်းမှားသွားတယ်။ အီဗန် ဒါရာ။ ဒီမှာ မင်းနားရွက်။
မပုပ်အောင်လို့ ဖော်မယ်လ်ဒီဟိုက် ထဲစိမ်ထားတာ”ဟု ပြောခဲ့သည်။ ဟိုလီဖီးကလည်း
လှမ်းယူခဲ့ပြီး နှစ်ဦးသားပွေ့ဖက်ခဲ့ကြသည့် မြင်ကွင်းကို အားကစားဝတ်စုံ၊
ဖိနပ်များ ထုတ်လုပ်ရေးကုမဏီ Footlocker ၏ ကြော်ငြာထဲတွင်
မြင်တွေ့ ခဲ့ကြရခြင်းဖြစ်သည်။
မိုက်တန်ဆန်နှင့်
ဟိုလီဖီးတို့မှာ ကြိုးဝိုင်းအတွင်း ပြသနာဖြစ်ခဲ့ကြပြီး (၁၂)နှစ်အကြာ၌
အော်ပရာဝင်းဖရေး၏ စကားဝိုင်းတွင် ပြန်လည်ဆုံတွေ့ခဲ့ချိန်မှစကာ ရင်းနှီးသော
မိတ်ဆွေများဖြစ်သွားခဲ့ကြသည်။ ၂၀၁၂ခုနှစ်အ တွင်းကလည်း ဟိုလီဖီးက
၎င်းအရောင်းမြင့်တင်ရေးပြုလုပ်နေခဲ့သော Real Deal BBQ Sauce ကိုကြော်
ငြာခဲ့ရာတွင် “ ကျွန်တော့ရဲ့ဟောဒီ ဆော့စ်လေးသာပါရင် လူတစ်ယောက်ရဲ့
နားရွက်ကတောင် အရသာ ရှိနေမှာဗျ။ မိုက်တန်ဆန်သာ မေးကြည့်တော့”ဟု
နောက်ပြောင်ကျီဆယ်ခဲ့ဖူုးသေးသည်။ တိုင်ဆန်ကလည်း ဟိုလီဖီးနားရွက်မှာ Real
Deal BBQ Sauce နှင့်သာဆိုပါက ပိုပြီူ အရသာရှိခဲ့မည်ဟု ပြန်ပြောခဲ့ဖူးသည်။
http://www.trend.com.mm/2013/11/22/boxing-761

Mercedes-Benz TV: MAGIC BODY CONTROL TV commercial "Chicken"
13 November 2013 |
- By ရိုးရာလေး
Youtube မှာ ကြည့်ရှုသူ ၅၄ သန်းကျော်သွားပါပြီ။ ဂျာမနီ မာစီဒီးရဲ့  Commercial TV ကြော်ငြာ တစ်ခု ဖြစ်ပါတယ်။
မာစီဒီးရဲ့  နည်းပညာသစ်ဖြစ်တဲ့ Magic Body Control နဲ့ တိုးတက်လာတဲ့
Intelligence Drive ကို လူသိစေဖို့ ဖြစ်ပါတယ်။ ကြော်ငြာမှာ ပါဝင်သူတွေ
ကတော့ ကြက်တွေပါ။ ကြက်တွေရဲ့  ထူးခြားတဲ့ ဟန်ပန်ကို အသုံးချ သွားခြင်း
ဖြစ်ပါတယ်။ Body ကိုဘယ်လောက်ပဲ ရွှေ့ ရွှေ့  ခေါင်းလုံးဝ မရွှေ့ ပဲ
တည်ကြည်နေတဲ့ သူ့ရဲ့  နဂိုဗီဇကို အသုံးချလို့ Upside Down သီချင်းနဲ့
ဖျော်ဖြေသွားခဲ့ခြင်း ဖြစ်ပါတယ်။ အင်မတန် ရယ်စရာ လည်း ကောင်းသလို၊
ဆန်းသစ်တဲ့ အိုင်ဒီယာကြောင့် လူကြိုက်များခဲ့ တဲ့ကြော်ငြာလေး ဖြစ်ပါတယ်။
တင်ထားတာ ရက်ပိုင်းပဲရှိသေးပေမယ့် hit အရမ်းများတဲ့ ဗီဒီယို
ဖြစ်နေပါတယ်။ သီချင်းလည်းကောင်း၊ ကြက်တွေကို ယိမ်းယိုင်အောင် ကိုင်လှုပ်တဲ့
ဟန်ချက်ကလည်း ညီနေတော့ စွဲဆောင်မှု ရှိတဲ့ ကြော်ငြာ တစ်ခု ဖြစ်သွား ပါတယ်။
ကြော်ငြာအထဲမှာ မာစီဒီးကား လုံးဝ မပါဝင်ပါဘူး။ သို့ပေမယ့် မာစီဒီးရဲ့ 
နည်းပညာကို ပြသမှု အတွက် အင်မတန် ထိရောက်ခဲ့ပါတယ်။ ကြော်ငြာကို
အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://youtu.be/nLwML2PagbY
အောင်ခမ်း ( ရိုးရာလေး )
Saturday, June 08, 2013
မြန်မာငွေ ငွေတစ်ကျပ်လောက်ရှိရုံနဲ့ ကြော်ငြာလို့ရတယ်ဆိုတာ အခုခေတ်မှာ မရှိပါဘူး။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ ငွေတစ်ရာကျပ် ရှိရုံနဲ့ ကြော်ငြာတွေ လက်ခံပေးနေတဲ့ Website လေးတစ်ခုကို ပြောပြပေး ချင်ပါတယ်။ သူက ကြော်ငြာစရိတ် အများကြီး အကုန်မခံချင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ရည်ရွယ်တယ်လို့ ဆိုပါတယ်။ သူ့ကြော်ငြာဆိုက် Home Page မှာ အရမ်းကြီး ထူးဆန်းမနေဘဲ အကွက်လေးတွေ အများနဲ့ ပုံဖော်ထားပါတယ်။ အဲဒီအကွက်တစ်ကွက် pixels အနေနဲ့ (10x10 pixels) ကို ၁၀၀ ကျပ်ကနေ ၁၀ ကျပ်အထိ အစားစားရှိတယ်လို့ ဆိုပါတယ်။ အနည်းဆုံး ၁၀၀ ဖိုး ကြော်ငြာရမှာဖြစ်ပြီး ၁၀၀ ဆိုတာကလည်း လက်ဖက်ရည် တစ်ခွက်စာဖိုးတောင် မရှိတော့တဲ့ အတွက်ကြောင့် သိပ်လည်း မကုန်ပါဘူး။ ဒီ Website မှာ တစ်ခါကြော်ငြာရင် တစ်လတိတိ အွန်လိုင်းပေါ်မှာ တင်ပေးထားမှာဖြစ်ပြီး Plan တွေကိုလည်း ခွဲထားပါသေးတယ်။ အပေါ်ဆုံးမှာဆိုရင် တစ်ကွက်ကို ၁၀ ကျပ်နဲ့ အကွက်ဖြူရောင်မှာဆိုရင် ၁ ကွက် ၁ ကျပ်နဲ့ အကွက် ၁၀၀ ယူပြီး ကြော်ငြာနိုင်မှာပါ။ သူက Website မှာရှိတဲ့ အကွက်တွေကို မြေက...ွက် လိုမျိုး ရောင်းပေးတာဖြစ်ပြီး သက်တမ်းပြည့်သွားရင် တိုးဖို့ကိုတော့ သုံးရက်တိတိ စောင့်ဆိုင်းပေးဦးမယ်လို့ လည်း ဆိုပါတယ်။ ပြီးတော့ Register လုပ်နည်း၊ အကွက်ယူနည်း စတာတွေကို http://www.1kyatads.com/blog-article.php?id=4 နဲ့ http://www.1kyatads.com/blog-article.php?id=3 တို့မှာ ရှင်းပြပေးထားပါသေးတယ်။ သူ့အားသာချက်ကတော့ ကုန်ပစ္စည်းတွေရဲ့ ဓာတ်ပုံကို တင်ပေးနိုင်တာ မကဘဲ အဲဒီကြော်ငြာထားတဲ့ပုံကို
နှိပ်လိုက်တာနဲ့ ကြော်ငြာရှင်ရဲ့ Website Link ကို ရောက်အောင်
ပြုလုပ်ပေးထားတာပါပဲ။ ငွေပေးချေတာကိုတော့ ဘဏ်ကနေတစ်ဆင့် ဒါမှမဟုတ် ကိုယ်တိုင် ပေးလို့ရပြီးတော့ ငွေချေတဲ့အချိန်မှာလည်း Verification ID ကို မေးမြန်းပြီး ၂၄ နာရီအတွင်း အတည်ပြု ပေးသွားမယ်လို့ ဆိုပါတယ်။ တကယ်လို့ ကိုယ်ပိုင်မြေကွက်လိုမျိုး ကြော်ငြာတစ်ကွက် ဝယ်ယူချင်တယ် ဒါမှမဟုတ် အသေးစိတ် မေးမြန်းချင်တယ် ဆိုရင်တော့ Zawgyi Tech, ၀၁-၆၈၀၇၃၇၊ ၀၉-၅၀၄၄၅၁၄၊ ၀၉-၄၀၂၇၇၃၈၃၈ ကို ဆက်သွယ်ပြီး မေးမြန်းလို့ရမှာ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Khit Lu Nge
SEGOVIA Summer Breeze Bikini
မှန်ကွဲလျှင် ကန် ၃ သန်းအလကားယူနိုင်သည်
အမေရိကန် 3M က ထုတ်တဲ့ လုံခြုံရေးမှန် တစ်မျိုးလို့ ဆိုပါတယ်။ ယင်း မှန်ကို ကြော်ငြာဖို့အတွက် လူစည်ကား ဘတ်စ်ကား မှတ်တိုင် တစ်ခုမှာပေါ့။
အမေရိကန်ဒေါ်လာ ၃ သန်း ကို ယင်းမှန်ထဲ ဒီတိုင်းထားပြီး ဘာလုံခြုံရေးမှ ရှိမနေစေပါဘူး။ ဒါကို မရုံတဲ့သူများက လက်တည့်စမ်းပါတယ်။ အမျိုးမျိုး ရိုက်ခွဲ၊ ကန်ခွဲပါတယ်။ ကုမ္မဏီက မှန်အောက်တည့်တည့် ဗုံးထားခွဲတောင် မကွဲဘူးလို့ အာမခံထားတယ်လေ။ မှန်တင်မကပဲ ဘေးအနား သံနဲ့မှန်ကြား ချိတ်ဆက်မှုကအစ လေတောင် မဝင်စေပါဘူး။ ရာသီသုံးမျိုးဒဏ်ခံသတဲ့။
...
ဒါကို လူသိများ စိတ်ဝင်စားလာအောင် ကြော်ငြာလိုက်တဲ့ နည်းလမ်းကလည်း ကြောက်ဖို့တောင် ကောင်းပါတယ်။ အမေရိကန်ဒေါ်လာ ၃ သန်းကို မှန်ထဲထည့်ပြီး မှန်ကွဲရင် အလားယူ ယူပါတဲ့။ ဘယ်သူ စမ်းကြည့် ချင်ပါသလဲ။ :D -
Ref: compfreak
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/05/blog-post_27.html