Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label MissTourismInternational. Show all posts
Showing posts with label MissTourismInternational. Show all posts

Saturday, October 5, 2013

Miss Personality ဆုနဲ့အတူပြန်လည်ရောက်ရှိတဲ့ ခင်လပြည့်ဇော်

Miss Tourism Queen International 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ခင်လပြည့်ဇော်က Miss Personality ဆုကို ဆွတ်ခူးရရှိခဲ့ပြီး အောက်တိုဘာလ ၅
ရက်နေ့၊ နေ့လယ် ၁ နာရီ ၅၅ မိနစ်က China Eastern Airline ဖြင့်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါတယ်။ မိခင်ဖြစ်သူနှင့်အတူ Star & Model In't Agency မှ ဂျွန်လွင်နှင့် အဖွဲ့သားများက လာရောက်ကြိုဆိုခဲ့ကြပါတယ်။ ခင်လပြည့်ဇော်က လေဆိပ်တွင်မီဒီယာများရဲ့ မေးမြန်းမှုများကိုလည်း ပြန်လည်ဖြေကြားခဲ့ပါသေးတယ်။

လွင်လွင်ထွန်း ၊ ဓာတ်ပုံ - မင်းမင်းထွန်း

Thursday, October 3, 2013

ခင်လပြည့်ဇော်သည် Miss PERSONALITY ဆုနှင့်အတူပြန်လာမည်

Popular Journal
Miss Tourism Queen International2013ပြိုင်ပွဲဝင်
ဲမြန်မာနိုင်ငံကိုယ်စားပြုအလှမယ်ခင်လပြည့်ဇော်သည်
Miss PERSONALITY ဆုကိုဆွတ်ခူးရရှိခဲ့ပြီးအောက်တို
ဘာ ၅ ရက်နေ့ မြန်မာစံတော်ချိန် နေ့ လည်
၁နာရီ ၅၅ မိနစ်အချိန်တွင် China Eastern Airline ဖြင့်  ရန်ကုန်အပြည်ပြည်ဆိုင်၇ာလေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။
“အချိန်နှင့်တစ်ပြေးညီ အားပေးခဲ့ ပါသော ပရိတ်သတ်များ
Miss Tourism Queen International စာမျက်နှာတွင် Like ပေးခဲ့ သော ပရိတ်သတ်များချီးကျူးအားပေးခဲ့ သောပရိတ်သတ်များ
ဝေဖန်ပြစ်တင်ခြင်းဖြင့်အားပေးခဲ့ သော ပရိတ်သတ်များ
အကြောင်းအမျိုးမျိုးကြောင့်အားမပေးဖြစ်ခဲ့ သောပရိတ်သတ်များ
အကြောင်းအမျိုးမျိုးဖြင့် အားပေးခဲ့ ကြသောပရိတ်သတ်များအား.
အထူးပင်ကျေးဇူးတင်၇ှိပါကြောင်း.”လည်းအဆိုပါ
Miss Tourism Queen International2013ပြိုင်ပွဲဝင်
ဲမြန်မာနိုင်ငံကိုယ်စားပြုအလှမယ်ခင်လပြည့်ဇော်၏
ဆရာဖြစ်သူဦးဂျွန်လွင်ကသူ၏John Lwin ဖေ့ဘုတ်မှာကျေးဇူးစကားဆိုထားပါသည်။





MTQI = Latvia
1st runner = South Africa
2nd runner up = China
3rd runner up = Korea
4th runner up = Potugal

Tuesday, October 1, 2013

ခင်လပြည့်ဇော်ကိုအားပေးကြပါ


တရုတ်နိုင်ငံ Xianning မြို့မှာ စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာလ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် Miss Tourism Queen International 2013 ပွဲတွင် Star & Model In't Agency မှ Miss ခင်လပြည့်ဇော် က မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အခုလက်ရှိ ယှဉ်ပြိုင်မှုမှာတော့ ဖိလစ်ပိုင်မှ 11264 like အများဆုံးရရှိ ထားပြီးတော့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ခင်လပြည့်ဇော်ကလည်း Like 9970 ခန့်နဲ့ ဒုတိယနေရာမှာ ရှိနေတဲ့အတွက်အားပေးပံ့ပိုး သူများ အနေ့နဲ့

https://www.facebook.com/photo.php?fbid=537845716285390set%3Da.233384846731480.55219.233381826731782&type=1&theater]

မှာ Like ပြုလုပ်၍ ဆဒ္ဒပြုအားပေးနိုင်ကြောင်း သိရသည်။ အဆိုပါ Miss TQI
ပြိုင်ပွဲမှာ Like လုပ်၍အားပေးရန် ၂ ရက်သာ ကျန်ရှိတော့ကြောင်း သိရပါ တယ်။

Friday, September 27, 2013

Miss Tourism Queen International 2013 ပြိုင်ပွဲဝင် ခင်လပြည့်ဇော်ကို အီးမေးလ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့


ပန်းမြတ်ဇော် | သောကြာနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၁၇ မိနစ်

Miss Supranational Myanmar မှ စီစဉ်သူများမှ Miss Tourism Queen International ပြိုင်ပွဲကျင်းပသူများအား ပေးပို့ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပလျက်ရှိသည့် Miss Tourism Queen Inter- national 2013 ပြိုင်ပွဲတွင် ယှဉ်ပြိုင်လျက်ရှိသည့် ခင်လပြည့်ဇော်အား အီးမေးလ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ယခုပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီခြင်းမရှိသူဖြစ်သည့်အပြင် မြန်မာနိုင်ငံကိုယ်စားပြုရွေးချယ်ရာတွင်လည်း တရားမျှတမှု မရှိသည့်အပြင် ရွေးချယ်ရန် တာဝန်ကျသည့် အေဂျင်စီမှာ တရားဝင်လိုင်စင်မရှိသည့် အေဂျင်စီဖြစ်ကြောင်း စသည့်အချက်များကို ထည့်သွင်းရေးသားထားသည်။ ဒါ့အပြင် ပေးပို့သူ Miss Supranational Myanmar Organizationမှ ကိုဝေယံအောင်ကပေးပို့သည့်အနေဖြင့် ယခုပွဲစီစဉ်သူများကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ပေးပို့မှုများကြောင့် ပွဲတာဝန်ရှိသူများက ခင်လပြည့်ဇော်၏ စီစဉ်သူ Star & Model Int'L အား ပြန်လည်အကြောင်းကြားခဲ့ပြီး ခင်လပြည့်ဇော်၏ ယှဉ်ပြိုင်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများလည်း ရှိခဲ့သည်။

“ဒီမေးလ်က ဘယ်သူပို့မှန်းလည်းမသိဘူး။ ကျွန်တော့်ဆီကို ရောက်လာတဲ့အတွက် ပထမပိုင်းတုန်းကတော့ ကျွန်တော့်အနေနဲ့ စိတ်ကသိကအောက်ဖြစ်ပြီး ဖေ့ဘွတ်ပေါ်မှာတင်ခဲ့ပါတယ်။ ခင်လပြည့်ဇော်နဲ့ ပတ်သက်ပြီးတော့လည်း ဟိုဘက်က တာဝန်ရှိတဲ့သူတွေနဲ့ ပြောဆိုခဲ့ပါတယ်။ မေးလ်မှာဖော်ပြထားတဲ့ လိပ်စာက တကယ့် လိပ်စာဟုတ်မဟုတ် ပြန်လည် စုံစမ်းဖို့ပါ။ ခင်လပြည့်ဇော်က ဟိုမှာ တစ်ပွဲတောင် ယှဉ်ပြိုင်လို့ ပြီးသွားပါပြီ။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အီးမေးလ်လိပ်စာမှာ ဖော်ပြထားတဲ့ အေဂျင်စီကို တရားစွဲဖို့တို့၊ ဘာတို့ စတဲ့ အစီအစဉ်တွေ ဘာမှမရှိပါဘူး”ဟု စတား မော်ဒယ်လ်အေဂျင်စီက ဂျွန်လွင်က မဇ္ဈိမသို့ဖြေကြားခဲ့သည်။

အီးမေးလ်တွင် ပေးပို့သူအဖြစ် ဖော်ပြထားသည့် ကိုဝေယံအောင်က “ဒီမေးလ်က ကျွန်တော်တို့ ပေးပို့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့သုံးတဲ့ မေးလ်လိပ်စာလည်း မဟုတ်ပါဘူး။ ကိုဂျွန်လွင်နဲ့လည်း အဆက်အသွယ်ရပါပြီ။ ကျွန်တော်တို့မဟုတ်ကြောင်းလည်း ရှင်းပြပြီးပါပြီ။ Miss Tourism Queen International ရယ်၊ Miss Myanmar.org ဘက်ကို စုံစမ်းကြည့်ဖို့ အကြံပြုခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘက်ကလည်း ဖြေရှင်းချက်ထုတ်မှာပါ”ဟု တုံ့ပြန်ဖြေကြားခဲ့ပါသည်။

အဆိုပါပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲကို အောက်တိုဘာလ ၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံ Dynasty Brand Promotion မှ ဦးစီးကျင်းပခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၉၀ ကျော်မှ မော်ဒယ်လ်များ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

Mizzima - News in Burmese
 

Thursday, September 26, 2013

Stars and Models Agency နှင့်  ခင်လပြည့် ဇော်တို့ အား တိုက်ရိုက်အသရေဖျက် ရန်ကြံရွယ်ကြောင်းဦးဂျွန်လွင်ဆို


------------------------------------------------------
“Miss Tourism Queen International တွင် တရားဝင် ယှဉ်ပြိုင်မည့်  မြန်မာနိုင်ငံကိုယ်စားပြု ခင်လပြည့် ဇော်အား မြန်မာပြည်တွင်နာမည်ဆိုးနှင့် ကျော်ကြားနေသည်ဟု ၄င်း၊ ယင်းစံချိန်မီ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့် မီပါဟု ၄င်း၊ မြန်မာနိုင်ငံကိုယ်စားပြု ရွေးချယ်ရာတွင် တရားမျှတာမှု မရှိသည့် အပြင် ရွေးချယ်ရန်တာဝန်ကျသည့်  အေဂျင်စီကိုလည်း တရားဝင်လိုင်စင်မရှိဟု၎င်း စင်ကာပူနိုင်ငံရှိ Miss Tourism Queen International ကျင်းပရေး ဒါရိုက်တာထံသို့  အသေရေဖျက်စွပ်စွဲ ပေးပို့ တိုင်ကြားထားသော ရေးသားချက်များကို အောက်ပါ ပိုစ့် တွင် ခင်လပြည့် ဇော်အား အားပေးနေကြသော ပရိသတ်ကြီးများကို ဖတ်ရှုစေလိုပါသည်။ရေးသားပေးပို့ သူဧ။် အမည်မှာ ဦးဝေရန်အောင် (National Director , Miss Supranational Myanmar,Miss Grand Myanmar) ဖြစ်ပြီး လိပ်မူထားသည့်  Email မှာ missmyanmar.org@gmail.com ဖြစ်သည်။အောက်ပါရေးသားချက်များသည် Stars and Models Agency နှင့်  ခင်လပြည့် ဇော်တို့ အား တိုက်ရိုက်အသရေဖျက် ရန်ကြံရွယ် ဖန်တီး ထားသည့် ရေးသားချက်များသာ ဖြစ်ကြောငိး အသိပေးလိုပါသည်[https://www.facebook.com/john.lwin.9/posts/10202381244120767]”ဟုဦးဂျွန်လွင်ကသတင်းပေးပို့ မျှဝေလာပါသည်။

Wednesday, September 25, 2013

ခင်လပြည့်ဇော်ကိုအားပေးကြပါဦး

နိုင်ငံပေါင်း ၁၀၀ ကျော်မှ မော်ဒယ်များ ယှဉ်ပြိုင်ကြမည့် 
Miss Tourism Queen International တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့  ရောက်ရှိနေသော မြန်မာနိုင်ငံကိုယ်စားပြု မော်ဒယ်ခင်လပြည့်ဇော်အား
[www.facebook.com/#!/photo.php?fbid=537845716285390&set=a.233384846731480.55219.233381826731782&type=1&theater ]
လင့်ခ်တွင် ၀င်ရောက် like လုပ် ၍အားပေးကြောင်းသိရပြီး
ယင်းသို့  [https://www.facebook.com/photo.php?fbid=537845716285390&set=a.233384846731480.55219.233381826731782&type=1&theater]တွင်
like လုပ် ၍ ဆက်လက်အားပေးကြပါရန်လည်း
ကာယကံရှင်များဖြစ်ကြတဲ့ခင်လပြည့်ဇော်နဲ့ မော်ဒယ်အေဂျင်စီတို့ 
ကမေတ္တာရပ်ခံအပ်ပါသည်။

photo credit-

Monday, September 23, 2013

ခင်လပြည့်ဇော် Miss Tourism International 2013 ပြိုင်ဖို့ တရုတ်နိုင်ငံ သွားပြီ

http://burma.irrawaddy.org/wp-content/uploads/2013/09/Khin.jpg မြတ်သူအောင်
မြန်မာပြည်တွင်းက စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံနဲ့ ပထမဆုံး ဓာတ်ပုံအရိုက်ခံခဲ့၊ လမ်းလျှောက်ပြခဲ့တဲ့ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss Tourism International 2013 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင် နေပြီ ဖြစ်ပါတယ်။
ရေကူးဝတ်စုံနဲ့ လမ်းလျှောက်ပြခြင်း၊ ဓာတ်ပုံ အရိုက်ခံခဲ့ခြင်းဟာ သူ့အနေနဲ့ ပွဲမဝင်ခင် အပြင်က ကျင်းပတာဖြစ်ပြီး သူ့ကို ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ စေလွှတ်တဲ့ Star & Model Agency က ဂျွန်လွင်ရဲ့ အစီအစဉ်ဖြစ်တယ်လို့ ခင်လပြည့်ဇော်က ပြောပါတယ်။
“အခု စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံကို ၀တ်ပြတာက နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ရင်တော့ ဒီလိုဝတ်ရမှာပဲလေ။ ညီမက မြန်မာလူမျိုး၊ မြန်မာ မိန်းကလေး တယောက်ပါ။ ကိုယ်ကျင့်တရား၊အရှက်တရားနဲ့ မိန်းကလေးတွေရဲ့ အိနြေ္ဒသိက္ခာ ညီမမှာရှိပါတယ်၊ မြန်မာမိန်းကလေး တယောက်ဆိုတော့ ရှက်တတ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ဖူးတဲ့ သူတွေအတွက် ဒီလို ၀တ်ဆင်ရတာ မဆန်းပါဘူး။ ညီမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဂျွန်လွင်ရဲ့ Star & Model Agency သင်တန်းမှာ တက်ရောက်ခဲ့တဲ့ သင်တန်းသူ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ ဂျွန်လွင်ရဲ့ စီစဉ်ပေးမှုကြောင့် တရုတ်နိုင်ငံ Xianning မြို့မှာ ကျင်းပပြုလုပ်မယ့် Miss Tourism Queen International 2013 ပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့က သွားရောက် ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ခင်လပြည့်ဇော် သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ စီစဉ်ခဲ့သူ ဂျွန်လွင်က “ကျနော် ဒီပွဲကိုစီစဉ်ဖြစ်တာက သူတို့က လာကမ်းလှမ်းလို့ပါ။ ကျနော့်ကို လာကမ်းလှမ်းတဲ့ နိုင်ငံတကာပွဲတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် မလွှတ်ဖြစ်တာက လူကုန်ကူးမှုတွေ ကလည်း ဖြစ်နေတော့ မယုံကြည်လို့ပါ။ ဒီပွဲကျတော့ ကိုယ်နဲ့လည်းသိကျွမ်းတဲ့သူတွေ၊ လက်တွဲ လုပ်ဖူးတဲ့ သူတွေဆိုတော့ ယုံကြည်ရတယ်လေ။ ဒါကြောင့် လက်ခံပြီး လုပ်ဖြစ်တာပါ” လို့ ဆိုပါတယ်။
Star & Model Agency သင်တန်းက မော်ဒယ်လ် အယောက် ၃၀ ရဲ့ ဓာတ်ပုံတွေကို တရုတ်နိုင်ငံကို ပို့ပေးလိုက်တဲ့ အထဲကမှ သူတို့က ခင်လပြည့်ဇော်ကို ရွေးချယ်ခဲ့တာဖြစ်တယ်၊ ဒီသင်တန်းက မော်ဒယ်လ်တွေကို စာချုပ် ချုပ်ထားပေမယ့် သင်တန်း တာဝန်ရှိသူကို အသိပေးပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင် ခွင့်ပြုတယ်လို့ သိရပါတယ်။
Star & Model Agency သင်တန်းက မော်ဒယ်လ် တချို့ဟာ စာချုပ်ချုပ်ထားပြီး ဖြစ်ပေမယ့် တာဝန်ရှိသူကို အသိမပေးဘဲ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်တာမျိုးတွေ ရှိတယ်လို့လည်း ဂျွန်လွင်က ပြောပါတယ်။
“ကျနော်က ကိုယ့်သင်တန်းက လူတွေကို စာချုပ်နဲ့ လုပ်ရတာက သူတို့ကို ထိန်းချုပ်ချင်လို့ မဟုတ်ပါဘူး။ စည်းစနစ် ရှိစေချင်တာကြောင့်၊ စည်းလေးတခု ထားတဲ့သဘောပါ။ ဒီလို ကိုယ့်နိုင်ငံ ကိုယ်စားပြုပြီး သွားရတဲ့အတွက် ကျနော်တို့ဘက်က ကျေနပ်ပါတယ်၊ ဂုဏ်ယူမိပါတယ်။ ဒီလိုမျိုး လုပ်တာလည်း ကျနော့်အတွက် ဘာအမြတ်အစွန်းမှ မရပါဘူး၊ နိုင်ငံ့ ဂုဏ်ဆောင် အနေနဲ့ သွားရတဲ့အတွက် ကျေနပ်ဝမ်းသာပါတယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။
သွားရောက်ယှဉ်ပြိုင်မယ့် ခင်လပြည့်ဇော်က အခုလို ဒီပြိုင်ပွဲကို စေလွှတ်တဲ့ ဂျွန်လွင်ကို ကျေးဇူးတင်ကြောင်း၊ အရွေးချယ် ခံရတဲ့အတွက်လည်း ၀မ်းသာ ဂုဏ်ယူကြောင်း ပြောပါတယ်။
“ဟိုမှာက အောက်တိုဘာ ၃ ရက်နေ့မှာ Final ပွဲကျင်းပမှာပါ။ သွားရောက် ယှဉ်ပြိုင်တဲ့အခါ ညီမကို မြန်မာပရိသတ်တွေက အားပေးပါဦးနော်။ ညီမ နိုင်ငံ ဂုဏ်ကိုဆောင်တဲ့ အမျိုးသမီးတဦး ဖြစ်ချင်ပါတယ်၊ အစွမ်းကုန် ကြိုးစားမှာပါ၊ စိတ်ရော၊လူရော နှစ်ပြီး ကြိုးစားသွားမှာပါ။ ညီမ မြန်မာနိုင်ငံ ပြန်ရောက်ရင်လည်း မီဒီယာက ဆရာ၊ ဆရာမတွေအတွက် အချိန်ပေးပြီး အနုပညာ လှုပ်ရှားမှုတွေ လုပ်ပေးမှာပါ။ ညီမဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အချိန်ပေးပြီး မီဒီယာအတွက် လုပ်ပေးမှာပါ။ ဆရာ ဂျွန်ကလည်း ညီမကို ဘာမှမချုပ်ချယ် ထားပါဘူး၊ မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်တဲ့ သူတဦး ဖြစ်ချင်ပါတယ်” သူက ဆိုပါတယ်။
မြန်မာနိုင်ငံက ပရိသတ်တွေ အနေနဲ့ Miss Tourism Queen International 2013 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် Miss Khin La Pyae Zaw ကို facebook စာမျက်နှာမှာ ၀င်ရောက်ကြည့်ရှုပြီး Like လုပ်နိုင်ကြောင်း သိရပါတယ်။