Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label ယုသန္တာတင်. Show all posts
Showing posts with label ယုသန္တာတင်. Show all posts
Thursday, October 6, 2016
ယုသန္တာတင် photo ၆
ယုသန္တာတင် photo 6
Monday, January 19, 2015
မွေးနေ့နဲ့ ဘွဲ့ရတဲ့အတွက် ပွဲလေးနှစ်ပွဲပေါင်းပြီး ပါတီလုပ်ဖို့ စဉ်းစားနေတဲ့ ယုသန္တာတင်
အေးဆေးတည်ငြိမ်တဲ့ ပုံသဏ္ဍာန် အပြည့်ရှိတဲ့ သရုပ်ဆောင်တွေထဲမှာ ယုသန္တာတင်လည်း တစ်ယောက် အပါအ၀င်ပါ။ သူမဟာ မကြာခင်မှာ ဘွဲ့နှင်းသဘင်ပေးပွဲကို တက်ရောက်တော့မှာ ဖြစ်သလို မွေးနေ့လည်း နီးလာပြီဖြစ်တာကြောင်း အဲ့ဒီအကြောင်း မေးမြန်းကြည့်လိုက်တော့ “ခုလာမယ့် မတ်လ ၆ ရက်နေ့က ယုရဲ့မွေးနေ့ပါ၊ မတ်လ ၅ ရက်နေ့က ယု အင်္ဂလိပ်စာမေဂျာနဲ့ ဘွဲ့ယူရမဲ့ ရီဟာဇယ်နေ့ပေါ့။ ဘွဲ့က ၇ ရက်နေ့မှာပေးမှာပါ။  မွေးနေ့နဲ့ ဘွဲ့ရတဲ့ပွဲ နှစ်ပွဲပေါင်းပြီး ပါတီလေး လုပ်မလားလို့တော့ စိတ်ကူးထားပါတယ်”လို့ သူမက ပြောပြသွားပါတယ်။
သူမဟာ လတ်တလောမှာ ခန့်စည်သူနဲ့အတူ လူမိတ္တူ ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားရိုက်ကူးမှုပြီးသွားရင်လည်း ပုံမှန်ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖို့ရှိနေတဲ့ အကြောင်းကိုတော့ သူမက “ဒီကားပြီးရင်လဲ ပုံမှန် ဗီဒီယိုကားတွေပဲဆက်တိုက်ရိုက်ဖြစ်မယ်။ ရုပ်ရှင်ကားကြီးကပြောထားတာတော့ရှိတယ်။ ဒါပေမဲ့ အတိအကျ မသိရသေးဘူး။ ရုပ်ရှင်ကားကြီးတွေလဲ ညီမအများကြီး ရိုက်ချင်ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ကားကြီးကကျတော့ အများကြီး ရိုက်ရတာထက် ကိုယ့်အတွက်လုပ်ကွက်ရပြီး ပရိသတ် လက်ခံမဲ့ ကားလေးတော့ ရိုက်ချင်တယ်။ ယုက ကားကြီး နည်းတယ်။ ဗီဒီယိုနဲ့ ကြော်ငြာကတော့ မျှပြီး လုပ်ဖြစ်တာဆိုတော့ ပရိသတ်တွေကို ရိုက်ကူးမှုအပိုင်းနဲ့ပတ်သက်ပြီး အားနည်းနေတာမျိုး ရှိရင် နားလည်ပြီး အားပေးပေးပါလို့ပြောချင်ပါတယ်”တဲ့။
Trend Myanmar
Tuesday, January 14, 2014
အင်တာနက်မှာ ပျံ့နေတဲ့အိပ်ယာထက်ပေါ် ဘီကီနီဝတ်ပြီး ရင်သားဖော်ထားတဲ့ ပုံကိစ္စနဲ့ ပတ်သက်ပြီး မြန်မာမော်ဒယ် ယုသန္တာတင် ဖြေရှင်း
အပေါ်က ပုံဟာ အွန်လိုင်းမှာ ယုသန္တာတင်ရဲ့ Sexy ပုံဆိုပြီး ပျံ့နေပါတယ်။ အိပ်ယာပေါ်မှာ ဘီကီနီလေးဝတ် ရင်သားလေးကို မဟတဟဖော်ပြပြီး Sexy ကျကျနှုတ်ခမ်းစူပြီး ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံရိုက်ခံနေတဲ့သူက တကယ်တော့ မြန်မာဆန်ဆန်လှလို့လူချစ်လူခင်များတဲ့ ယုသန္တာတင်မဟုတ်ပါဘူး။ သူနဲ့ ရုပ်ချင်းအင်မတန်ဆင်တဲ့ အင်ဒိုနီးရှားက ၁၆ နှစ်သာရှိသေးတဲ့ တီနာဆိုတဲ့ကောင်မလေးရဲ့ ပုံဖြစ်ပါတယ်။
အဆိုပါ Sexy ဓာတ်ပုံကို ယုသန္တာတင်ပါဆိုပြီး မလိုသူတွေနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် အကုန်ဖြန့်တဲ့ မီဒီယာတွေကြောင့် ယုသန္တာတင်အပေါ် အထင်လွဲမှုတွေဖြစ်လာပြီးဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ တကယ်တော့ အဆိုပါ Sexy ဆန်ဆန် ဓာတ်ပုံလိုမျိုး ယုသန္တာတင်အနေနဲ့ ရိုက်ဖို့နေနေသာသာ မြန်မာဆန်ဆန်ဝတ်ပြီး မြန်မာဆန်ဆန်လှတဲ့အလှတွေကြောင့်သာ မော်ဒယ်လောကမှာ ယုသန္တာတင်ဟာမဖော်မချွတ် မပြဘဲ လှတဲ့ မိန်းကလေးတစ်ယောက်လို့ လူသိများခဲ့တာပါ။
သူများသားသမီးအပေါ် မကောင်းကြံချင်တဲ့လူတွေကြောင့် ယနေ့ Social Network ကြီးက သားကောင်း
သမီးပျိုတို့ အတွက် အန္တရာယ်တစ်ခုဖြစ်လာခဲ့တာပါ။ ဘယ်သူမဆို သူများကို မကောင်းကြံဖို့ စဉ်းစားမိပြီဆိုရင်ကိုယ်သာသူ့နေရာ ဒါမှမဟုတ် ကိုယ့်ဆွေမျိုးသားချင်းသာ အဲလိုမျိုးလုပ်ခံရရင် ဘယ်လိုနေမလဲ ဆိုတဲ့ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး မိမိကိုယ်ကိုပြန်ဆန်းစစ်ဖို့ လိုပါတယ်။
အောက်မှာ ပေးထားတဲ့ လင့်ကတော့ ယုသန္တာတင်နဲ့ ရုပ်ချင်းဆင်တဲ့ အင်ဒိုနီးရှားမလေးပုံကိုတင်ထားတဲ့ လင့်ပဲဖြစ်ပါတယ်။
http://bripturani.blogspot.ru/2013/05/c3rita-d3wasa-cinta-satu-malam-cewek.html
ဒီအောက်ကလင့်ကတော့ ယုသန္တာတင်ရဲ့ မြန်မာဆန်ဆန်လှနေတဲ့ ဓာတ်ပုံများကို သွားကြည့်လို့ရတဲ့ သူရဲ့ Facebook အကောင့်လေးပါပဲ
https://www.facebook.com/yu.thandartin?fref=ts
သူရဲ့ စာမျက်နှာမှာလည်း ဒီလိုပြန်ဖြေရှင်းထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီပုံမြင်တိုင်းယုသန္တာတင်ဆိုပြီးလာလာမေးတဲ့သူငယ်ချင်းတွေရေ ...မဟုတ်ဘူးဟေ့ ပုံပိုင်ရှင်မိန်းမရဲ့မူရင်းlink ပါတင်ပေးလိုက်တယ် ....!စိတ်ပူပြီးဝိုင်းမေးတဲ့သူငယ်ချင်းတွေရော မနာလိုလို့မီးလောင်ရာလေပင့်ပေးတဲ့သူတွေပါသိရအောင် ....!!!!!
မြန်မာဆန်ဆန်လှတဲ့ ယုသန္တာတင်ကို ချစ်တဲ့ ပရိသတ်တွေအတွက် သူရဲ့
မြန်မာဆန်ဆန်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။
လူသားအားလုံး မနာလိုခြင်း၊ အကောက်ကြံခံရခြင်းမှ ကင်းဝေးကြပါစေ..