Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 14, 2020

Mind-Body Axis သို့မဟုတ် HPA Axis



စိတ်သို့မဟုတ် ဦးနှောက်က ဟော်မုန်းထုတ်ဂလင်းတွေ(endocrine glands)တွေကို hypothalmus ကနေတစ်ဆင့် အဆင့်ဆင့်ထိမ်းကွပ်မောင်းနှင်တယ်။
စိတ်နှင့်ခန္ဓာတုန့်ပြန်မှုတွေအတွက် hypothalmus ကအဓိကကျတယ်လို့ပြောလို့ရပါတယ်။

တွေးတောခံစားမှု,အာရုံငါးပါးကနေရိုက်ခတ်မှုတွေဟာ
thalmic,limbic,corticalအစရှိတဲ့ လမ်းကြောင်းအမျိုးမျိုးကနေ hypothalmus ကိုလာရောက်ရိုက်ခတ်စေပြီး
ဟော်မုန်းထုတ်လွှတ်မှုတွေကိုပြောင်းစေပါတယ်။

Stress hormoneတွေဖြစ်တဲ့ catecholaminesတွေ cortisolတွေကိုကျောက်ကပ်ပေါ်မှာရှိတဲ့ Adrenal glandsတွေကထုတ်ပေးဖို့အတွက် brainအောက်ခြေက Pituitary gland ကနေတဆင့်ခံပြီးHypothalmusကခိုင်းပါတယ်။

ဒီလို Hypothalmus-Pituitary-Adrenal တုန့်ပြန်မှုလမ်းကြောင်းကို HPA axisလို့ခေါ်ပါတယ်။
အဓိက key player ဖြစ်တဲ့ hypothalmusမှာဖိစီးနှိုးဆွမှုတွေကိုထိန်းချုပ်နိုင်လိုက်ရင်
အောက်က cortisol/catecholamines စတဲ့ stress ဟော်မုန်းထုတ်လွှတ်မှုအဆင့်ဆင့်ကိုထိန်းချုပ်ပြီးသားဖြစ်သွားပါတယ်။

MeditationတွေMindful breathing,relaxation exerciseတွေဟာ hypothalmus ရဲ့နှိုးဆွမှုကိုထိန်းချုပ်ခြင်းအားဖြင့် stress hormone တွေ"မလိုအပ်ဘဲရေရှည်"မြင့်တက်နေမှုကိုရပ်ပေးနိုင်ပါတယ်။

ဒီကနေတစ်ဆင့် chronic stress ကြောင့်ဖြစ်ရတဲ့အဝလွန်,ဆီးချို အိပ်မပျော် စိတ်ရောဂါ ကင်ဆာ သွေးတိုး heart attack စတဲ့ပြသနာတွေကာကွယ်နိုင်ပါတယ်။ ZAYA CIFA




No comments:

Post a Comment