Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 7, 2020

တရုတ်နိုင်ငံ မှာ ကိုရို နာဗိုင်းရပ်စ် ပြန့်ပွားမှု ကို စတင်တွေ့ရှိ ခဲ့တဲ့ ဝူဟန်သူရဲကောင်း Dr. Zhang Jixian


Dr. Zhang Jixian
“သူမ လို ဆရာဝန်တွေလိုတယ်”

တရုတ် မှာ COVID-19 ရောဂါစတွေ့ပုံလေး ပြောချင်ပါတယ်။

December 1 ရက်နေ့မှာ လူနာတယောက်ဟာ အဆုတ်ရောင်ရောဂါနဲ့ ဝူဟန့်က Jinyintan ဆေးရုံကိုရောက်လာပါတယ်။ အဲ့ဒီတယောက်ဟာ ယနေ့အထိကမ္ဘာ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါရှိသူအဖြစ် သိသမျှပထမဆုံးပါပဲ။

December 10 ကစပြီး Huanan Seafood Market မှာ လူတွေအဆုတ်ရောင် အကြီးအကျယ်ဖြစ်ကြပါတယ်။ အဲ့ဒီမှာ outbreak လူတွေရောဂါ အကြီးအကျယ်ဖြစ်နေတာကို ဘယ်ဆရာဝန်၊ ဘယ်သူကမှ သတိမထားမိကြပါဘူး။

အဲ့ဒီမှာ Dr. Zhang Jixian လို့ခေါ်တဲ့ ဆရာဝန်မတယောက်က စသတိထားမိတယ်။

December 26 မှာ အသက်ကြီးလူနာစုံတွဲက ဖျားပြီးချောင်းဆိုးလို့ CT Scan ကြည့်ရာမှာ အဆုတ်မှာ ပုံမှန်ဖြစ်နေကျ ရောင်တာမျိုးမဟုတ်တာကို သူမက သတိထားမိတယ်။

သူက SARS တုန်းက ကူးစက်ရောဂါကို တိုက်ပွဲဝင်ခဲ့ဖူးတော့ သူကချက်ချင်း သတိထားမိသွားတာပါပဲ။ အဲ့ဒီကနေ သူက လူနာတွေရဲ့ သားကိုပါလာပြခိုင်းတော့ ပုံစံတူ လက္ခဏာတွေတွေ့တယ်။

Dr. Zhang ဟာ သိသိချင်း December 27 မှာ ဆေးရုံကို အသိပေးတယ်။ ဆေးရုံကနေ ကူးစက်ရောဂါထိန်းချုပ်ရေး CDC ကို အသိပေးတယ်။ Dr Zhang က ဆရာဝန်တွေကို PPE ကာကွယ်ရေးဝတ်စုံတွေဝတ်ဖို့နဲ့ လူနာတွေအတွက် သီးသန့်နေရာထား ခွဲခြားကုသဖို့ သတိပေးတယ်။

သူမကဘာလုပ်ခဲ့သလဲဆိုရင် N95 mask တွေဝတ်ခိုင်းတယ်။ သူမကချက်ချင်း ဆေးရုံကို ကမ်းဗက်စနဲ့ PPE အဖြူ ရောင် ကာကွယ်ရေးဝတ်စုံ ၃၀ အော်ဒါမှာစေခဲ့တယ်။

December 28 နဲ့ 29 မှာ လူနာတွေအများကြီးထပ်တွေ့ပြီး Huanan Seafood Market နဲ့ ဆက်နွယ်နေတယ်။ Dr. Zhang ဟာ ဆေးရုံကို အခြားဌာနအသီးသီးက ဆရာဝန်တွေ

စုပေါင်းပြီး အရေးပေါ်အစည်းအဝေးခေါ် တိုင်ပင်ဖို့ နှိုးဆော်ပါတယ်။ အဲ့ဒီမှာ ဆေးရုံအုပ်ကြီးက ဌာနအသီးသီးက expert ဆရာဝန်ကြီး ၁၀ ယောက်ခေါ်ပြီးတိုင်ပင်ကြပါတယ်။

December 30 မှာဝူဟန့်ကျန်းမာရေးဌာနက ထုတ်တဲ့စာ အင်တာနက်မှာ ပြန့်လာတယ်။ အဲ့ဒီမှာ CDC က December 31 မှာ ၂၇ ယောက်စတွေ့ထားတယ် ဘာရောဂါမှန်းတော့မသိသေးကြောင်းပြောတယ်။

January 1 မှာ Seafood market ကိုပိတ်ချလိုက်တယ်။

January 3 ရက်နေ့မှာ သေသွားတဲ့ ဝူဟန်သူရဲကောင်း Dr. Li Wenliang အပါအဝင် ဆရာဝန်အချို့ကို ရဲစခန်းကခေါ်သတိပေးပြီး ခံဝန်ချက်ထိုးခိုင်းတယ်။ Dr. Li Wenliang က Februay 7 မှာ COVID-19 နဲ့ ကွယ်လွန်သွားရှာပြီး မိန်းမနဲ့ ကလေးကျန်ခဲ့တယ်။

Dr. Zang Jixian ကို ဟူဘေးပြည်နယ်အစိုးရက February 6 မှာ ဂုဏ်ပြုခဲ့ပါတယ်။

Dr. Zhang က “ပုံမှန်ဆိုရင် လူနာတယောက်ဆေးရုံလာပြရင် တအိမ်ထဲက ကျန်မိသားစုဝင်တွေမှာ ရောဂါလက္ခဏာတူ တွေ့ရခဲတယ်။ ဒါကြောင့်သူက စတွေ့တွေ့ချင်း ဒါတုပ်ကွေးလို့ သူများတွေ ယူဆတာကို လက်မခံခဲ့တာပါ” တဲ့။

2003 မှာ SARS ဖြစ်တာကို ကြုံခဲ့ရကတည်းက “ပြည်သူ့ကျန်းမာရေးရဲ့ အရေးပေါ်အခြေအနေ” “what is public health emergency” ကို သိနားလည်ပြီး ပေါ့ပေါ့သဘောမထားပါဘူးတဲ့။ သူကဆက်ပြောပါသေးတယ်။

ဆရာဝန်တွေဟာ လူနာကြည့်ရင် လိပ်စာကို ပေါ့ပေါ့သဘောမထားပါနဲ့တဲ့။ လိပ်စာတနေရာထဲက ၄ ယောက် ပုံစံတူစတွေ့ကတည်းက ဒါဟာ တခုခုပဲဆိုပြီး သူမဟာ ချက်ချင်းအရေးတယူစလုပ်ခဲ့ပါတယ်တဲ့။ ဆရာဝန်အတော်များများဟာ “အရေးပေါ်” “urgent” ဆိုတဲ့ အဓိပ္ပာယ်ကို နားမလည်ကြဘူးတဲ့။

ကျမအတွက် အချိန် ၁ နာရီ ၂ နာရီဆိုတာ လုံးဝမစောင့်နိုင်တဲ့ သေရေးရှင်ရေးလို သဘောထားပါတယ်။ ဒါပေမယ့် တချို့ကျတော့ ဒါဟာ သူတို့လုပ်ပေးတာ အလွန် မြန်နေတယ်လို့ ထင်နေကြတာတဲ့။

သူမသာ သတိမရှိခဲ့ရင် ဘယ်လောက်တောင်ပြန့်ပြီး လူပေါင်းဘယ်နှစ်ထောင်လောက်ထပ်သေကြမလဲ။ ကျနော်တို့တွေ သူမကို အတုယူသင့်ပါတယ်။ မကြုံဘူးကြတော့ ဆရာဝန်တွေ လူနာတွေက ရောဂါရဲ့ ဆိုးရွားပုံကို မသိကြပဲနဲ့ မသေသင့်ပဲ သေကုန်တာ သောက်သောက်လဲကို သူ့မျက်မြင်ကိုယ်တွေ့ပါပဲတဲ့။

Dr. Zhang တယောက် ပြောလည်းပြော ငိုလည်းငိုပါပဲ။ မျက်ရည်သုတ်ပြီး.. ဝူဟန်သူရဲကောင်းဟာ အချိန်ရှိသ၍ တိုက်ပွဲဆက်ဝင်ဖို့ ထွက်ခွာသွားပါတော့တယ်။

Richard Myo Thant

07-Mar-2020

No comments:

Post a Comment