Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 21, 2020

covid 19 ကိုဗစ်၁၉ကပ်ကျနေတဲ့ ကျနော်တို့ Bergamo မြို့မှာ ဘာတွေဖြစ်နေသလဲ


ကျွန်တော် ဆရာဝန်တစ်ယောက်ပါ

အီတလီမြောက်ပိုင်း ကိုရိုနာဖြစ်နေတဲ့ လုံဘာဒီနယ် မီလန်အနောက်မြောက်ပိုင်းက ဆေးရုံဆရာဝန်တစ်ယောက် မနေ့က ရေးထားတာ ဖတ်စေချင်လို့ ဘာသာပြန်ပေးလိုက်ပါတယ်။ သူ့နာမယ်က Daniele Macchini တဲ့။ အီတာလျံကနေ အင်္ဂလိပ်ကို ပြန်တဲ့လူက Silvia Stringhini တဲ့။ မူရင်းစာက ecodibergamo.it မှာ ရှိပါတယ်။
--
ပြောပြီးသားတွေ ထပ်ပြောနေတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ရောဂါကျနေတဲ့နေရာတွေရဲ့ အပြင်မှာ ဒါငါတို့နေရာတွေမှာ ဖြစ်မှာမဟုတ်ပါဘူးလို့ မာနေကြတယ်။ ဘေးကင်းနေတဲ့နေရာမှာ ရောက်နေသလိုနေကြတာကို ထောက်ပြချင်တာ။ ဥရောပမှာက မီဒီယာကလဲ ကောင်းသွားမှာပါတဲ့။ နိုင်ငံရေးသမားတွေကလဲ ဒီအတိုင်းပဲ။ တကယ်တော့ ဘာမှ စိတ်ချစရာ၊ စိတ်အေးစရာ မရှိဘူး။

ဖြစ်နေတာကို ရေးသင့်မရေးသင့်၊ ဘာကို ရေးရမလဲ စဉ်းစားကြည့်တော့ တိတ်တိတ်လေးနေရင် ငါတာဝန်ကျေမှာမဟုတ်ဘူးဆိုတဲ့ အသိနဲ့ ဒီစာကို ရေးပါတယ်။

အခုတလော ကိုဗစ်၁၉ကပ်ကျနေတဲ့ ကျနော်တို့ Bergamo မြို့မှာ ဘာတွေဖြစ်နေသလဲဆိုတာကို အဝေးကလူတွေ မြင်နိုင်အောင် ရေးပါ့မယ်။ မလိုအပ်ဘဲ လူတွေကြောက်အောင် မလုပ်ဖို့ ကျနော်သိတယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့အန္တရာယ်သတင်း လူတွေဆီ မရောက်မှာကိုလဲ ကျနော်ကြောက်မိတယ်။

ကျနော်တို့အခုရင်ဆိုင်နေရတဲ့ရန်သူ အမှောင်ကြားထဲက ကောင်းကောင်းတောင် မထွက်လာနိုင်သေးတဲ့ ပြီးခဲ့တဲ့အပတ်မှာပဲ ဆေးရုံမှာ အစီအစဉ်တွေ စပြောင်းတယ်။ လူနာဆောင်ထဲက လူနာတွေကို ရှင်းထုတ်ပစ်တယ်။ မလိုအပ်တဲ့ ကုသခွဲစိတ်မှုတွေ ရပ်ထားတယ်။ ကြပ်မတ်ဆောင်တွေကိုလဲ ရှင်းပစ်လိုက်ပြီး ခုတင်တွေအများကြီးဆန့်အောင် လုပ်ပစ်လိုက်တယ်။

အရာအားလုံး မြန်မြန်ကြီးပြောင်းသွားတာနဲ့အတူ ဆေးရုံကော်ရစ်ဒါတွေ တိတ်ဆိတ်ကုန်တယ်။ ဟာတာတာနဲ့။ တကယ်မဟုတ်သလိုမျိုး။ ဒီလိုခံစားချက်ဘာ့ကြောင့်ဖြစ်သလဲဆိုတာ ဘယ်သူမှ နားမလည်ကြဘူး။ မစသေးတဲ့စစ်ပွဲကို စောင့်နေသလိုမျိုး။ အထိနာမယ့်စစ်မျိုးဖြစ်မယ်လို့လဲ ကျနော်အပါအဝင် တော်တော်များများက မထင်ခဲ့ကြဘူး။

လွန်ခဲ့တဲ့တစ်ပတ် night ဂျူတီကျတုန်း swab အဖြေတစ်ခု စောင့်နေတာကို မှတ်မိသေးတယ်။ အခုလက်ရှိမှာဖြစ်နေတာတွေနဲ့ ယှဉ်ကြည့်လိုက်ရင် အဲဒီတုန်းက case တစ်ခုဖြစ်များဖြစ်လာရင်ဆိုတဲ့ စိတ်ပူမှုဟာ ရယ်စရာတောင်ကောင်းနေတယ်။ အခုဖြစ်နေတာကတော့ ရုပ်ရှင်ထဲက အတိုင်းပဲ။

စစ်ကတော့ ဖြစ်နေပြီ။ တိုက်ပွဲတွေကလဲ နေ့ညဆက်နေပြီ။ ပြောင်သလင်းခါနေတဲ့ ဌာနတွေထဲ လူနာတွေက တစ်ယောက်ပြီးတစ်ယောက်၀င်လာနေပြီ။

လူနာရဲ့ အခြေအနေကိုလိုက်ပြီး အရောင်အမျိုးမျိုးပြတဲ့ ဘုတ်ပြားမှာလဲ အခုရဲပဒေါင်းခတ်နေပြီ။ လူနာတိုင်းရဲ့ ဘေးမှာ ရောဂါအဖြေက တစ်ခုထဲ။ အဆုတ်နှစ်ဘက်လုံးယောင်ခြင်း (bilateral interstitial pneumonia) တဲ့။

ကျနော့်ကို ပြောစမ်းပါ။ ဘယ်တုပ်ကွေး ဒီလိုမြန်မြန်ဆန်ဆန်ချည်း ဆိုးသွားလဲ။ ညွှန်ကြားချက်တွေကို မလိုက်နာဘဲ မကြောက်ပါဘူးချည်းပြောနေတဲ့လူတွေ၊ လက်ရှိလုပ်နေတဲ့အလုပ်တွေရပ်ထားရမှာကို ငြင်းနေတဲ့လူတွေ ပြောကြစမ်းပါ။

ကပ်ရောဂါကဆိုက်နေပြီ။ ခွဲစိတ်ဆရာဝန်၊ ဆီးလမ်းကြောင်းအထူးကု၊ အရိုးအထူးကဆိုပြီး မရှိတော့ဘူး။ အာလုံးဟာ ဒီဆူနာမီကို ရင်ဆိုင်ဖို့ အဖွဲ့တစ်ဖွဲ့ထဲက ဆရာဝန်တွေဖြစ်သွားကြပြီ။

Case တွေ တိုးတိုးလာနေပြီ။ တစ်ရက်ကို ၁၅ယောက်ကနေ အယောက်၂၀လက်ခံနေရပြီ။ အားလုံးရဲ့အဖြေက positive တဲ့။ အရေးပေါ်ဌာနလဲ ရပ်ရလုနီးနီး။

အရေးပေါ်ကိုလာတဲ့ လူတွေအားလုံးရဲ့ လက္ခဏာက တစ်ပုံစံထဲပဲ။ ဖျားမယ်။ အသက်ရှူကျပ်မယ်။ ချောင်းဆိုးမယ်။ အမောဖောက်မယ်။ ဓာတ်မှန်ဌာနက အဖြေကလဲ သစ်ခုထဲ။ အဆုတ်နှစ်ဘက်လုံးယောင်ခြင်း။

Tube နဲ့ အသက်ရှုရမယ်။ ကြပ်မတ်ဆောင်ကို သွားရမယ်။ တချို့အတွက်တော့ ဒါတွေဟာ မမီတော့ဘူး။ ဒီအချိန်မှာတော့ အသက်ရှူစက်ဟာ ရွှေပဲ။

ဝန်ထမ်းတွေလဲ ခြေကုန်လက်ပမ်းကျပြီ။ ဆရာဝန်တွေကိုယ်တိုင် ခုတင်တွေ၊ လူနာတွေရွှေ့၊ ဆေးပေး၊ သူနာပြုတွေလဲ လူနာတွေအားလုံးကို မကယ်နိုင်လို့ မျက်ရည်စို့ရ။ လူနာတော်တော်များများရဲ့ နိဂုံးကလဲ သေချာနေပြီ။

အဆိုင်းတွေ၊ ဂျူတီတွေ မရှိတော့ဘူး။ နာရီတွေလဲ မသိတော့ဘူး။ မိသားစုဘဝ တခြားသာရေးနာရေးဆိုတာ ကျနော်တို့အတွက် မရှိတော့ဘူး။ ကူးမှာစိုးလို့ မိသားစုတွေကိုတောင် မတွေ့တော့ဘူး။ ညွှန်ကြားချက်တွေကို လိုက်နာတဲ့ကြားက ကျနော်တို့ထဲမှာတောင် ကူးတဲ့လူရှိနေပြီ။ အဲဒီလိုကူးတဲ့လူဆီက ဆွေမျိုးသားချင်းတွေပြန်ကူး၊ တချို့ဆို သေမင်းနဲ့လွန်ဆွဲနေရပြီ။ ပွဲမသွားရတာ၊ အားကစားရုံမသွားရတာ၊ ပြတိုက်မသွားရတာကို သည်းခံပါ။ ကိုယ့်ကြောင့် သေကုန်မယ့် သက်ကြီးရွယ်အိုတွေကို သနားကြပါ။

ကျနော်တို့ တခြားလူတွေကို ကူပေးနေကြတယ်။ မိတ်ဆွေလဲ ဝင်ကူလို့ရတယ်။ ကိုယ့်ကြောင့် တခြားလူတွေ သေနိုင်တယ်။ ဒီမှာဖြစ်တာမျိုး တခြားနေရာတွေမှာ မဖြစ်ရလေအောင် ကျနော်ပြောတာတွေကို ထပ်ဆင့်ပြောပေးကြပါ။
Tharaphi Than
.......
ကၽြန္ေတာ္ ဆရာဝန္တစ္ေယာက္ပါ

အီတလီေျမာက္ပိုင္း ကိုရိုနာျဖစ္ေနတဲ့ လုံဘာဒီနယ္ မီလန္အေနာက္ေျမာက္ပိုင္းက ေဆး႐ုံဆရာဝန္တစ္ေယာက္ မေန႔က ေရးထားတာ ဖတ္ေစခ်င္လို႔ ဘာသာျပန္ေပးလိုက္ပါတယ္။ သူ႔နာမယ္က Daniele Macchini တဲ့။ အီတာလ်ံကေန အဂၤလိပ္ကို ျပန္တဲ့လူက Silvia Stringhini တဲ့။ မူရင္းစာက ecodibergamo.it မွာ ရွိပါတယ္။
--
ေျပာၿပီးသားေတြ ထပ္ေျပာေနတာ ျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမယ့္ ေရာဂါက်ေနတဲ့ေနရာေတြရဲ့ အျပင္မွာ ဒါငါတို႔ေနရာေတြမွာ ျဖစ္မွာမဟုတ္ပါဘူးလို႔ မာေနၾကတယ္။ ေဘးကင္းေနတဲ့ေနရာမွာ ေရာက္ေနသလိုေနၾကတာကို ေထာက္ျပခ်င္တာ။ ဥေရာပမွာက မီဒီယာကလဲ ေကာင္းသြားမွာပါတဲ့။ နိုင္ငံေရးသမားေတြကလဲ ဒီအတိုင္းပဲ။ တကယ္ေတာ့ ဘာမွ စိတ္ခ်စရာ၊ စိတ္ေအးစရာ မရွိဘူး။

ျဖစ္ေနတာကို ေရးသင့္မေရးသင့္၊ ဘာကို ေရးရမလဲ စဥ္းစားၾကည့္ေတာ့ တိတ္တိတ္ေလးေနရင္ ငါတာဝန္ေက်မွာမဟုတ္ဘူးဆိုတဲ့ အသိနဲ႔ ဒီစာကို ေရးပါတယ္။

အခုတေလာ ကိုဗစ္၁၉ကပ္က်ေနတဲ့ က်ေနာ္တို႔ Bergamo ၿမိဳ႕မွာ ဘာေတြျဖစ္ေနသလဲဆိုတာကို အေဝးကလူေတြ ျမင္နိုင္ေအာင္ ေရးပါ့မယ္။ မလိုအပ္ဘဲ လူေတြေၾကာက္ေအာင္ မလုပ္ဖို႔ က်ေနာ္သိတယ္။ ဒါေပမယ့္ အခုျဖစ္ေနတဲ့အႏၲရာယ္သတင္း လူေတြဆီ မေရာက္မွာကိုလဲ က်ေနာ္ေၾကာက္မိတယ္။

က်ေနာ္တို႔အခုရင္ဆိုင္ေနရတဲ့ရန္သူ အေမွာင္ၾကားထဲက ေကာင္းေကာင္းေတာင္ မထြက္လာနိုင္ေသးတဲ့ ၿပီးခဲ့တဲ့အပတ္မွာပဲ ေဆး႐ုံမွာ အစီအစဥ္ေတြ စေျပာင္းတယ္။ လူနာေဆာင္ထဲက လူနာေတြကို ရွင္းထုတ္ပစ္တယ္။ မလိုအပ္တဲ့ ကုသခြဲစိတ္မႈေတြ ရပ္ထားတယ္။ ၾကပ္မတ္ေဆာင္ေတြကိုလဲ ရွင္းပစ္လိုက္ၿပီး ခုတင္ေတြအမ်ားႀကီးဆန္႔ေအာင္ လုပ္ပစ္လိုက္တယ္။

အရာအားလုံး ျမန္ျမန္ႀကီးေျပာင္းသြားတာနဲ႔အတူ ေဆး႐ုံေကာ္ရစ္ဒါေတြ တိတ္ဆိတ္ကုန္တယ္။ ဟာတာတာနဲ႔။ တကယ္မဟုတ္သလိုမ်ိဳး။ ဒီလိုခံစားခ်က္ဘာ့ေၾကာင့္ျဖစ္သလဲဆိုတာ ဘယ္သူမွ နားမလည္ၾကဘူး။ မစေသးတဲ့စစ္ပြဲကို ေစာင့္ေနသလိုမ်ိဳး။ အထိနာမယ့္စစ္မ်ိဳးျဖစ္မယ္လို႔လဲ က်ေနာ္အပါအဝင္ ေတာ္ေတာ္မ်ားမ်ားက မထင္ခဲ့ၾကဘူး။
လြန္ခဲ့တဲ့တစ္ပတ္ night ဂ်ဴတီက်တုန္း swab အေျဖတစ္ခု ေစာင့္ေနတာကို မွတ္မိေသးတယ္။ အခုလက္ရွိမွာျဖစ္ေနတာေတြနဲ႔ ယွဥ္ၾကည့္လိုက္ရင္ အဲဒီတုန္းက case တစ္ခုျဖစ္မ်ားျဖစ္လာရင္ဆိုတဲ့ စိတ္ပူမႈဟာ ရယ္စရာေတာင္ေကာင္းေနတယ္။ အခုျဖစ္ေနတာကေတာ့ ႐ုပ္ရွင္ထဲက အတိုင္းပဲ။

စစ္ကေတာ့ ျဖစ္ေနၿပီ။ တိုက္ပြဲေတြကလဲ ေန႔ညဆက္ေနၿပီ။ ေျပာင္သလင္းခါေနတဲ့ ဌာနေတြထဲ လူနာေတြက တစ္ေယာက္ၿပီးတစ္ေယာက္၀င္လာေနၿပီ။

လူနာရဲ့ အေျခအေနကိုလိုက္ၿပီး အေရာင္အမ်ိဳးမ်ိဳးျပတဲ့ ဘုတ္ျပားမွာလဲ အခုရဲပေဒါင္းခတ္ေနၿပီ။ လူနာတိုင္းရဲ့ ေဘးမွာ ေရာဂါအေျဖက တစ္ခုထဲ။ အဆုတ္ႏွစ္ဘက္လုံးေယာင္ျခင္း (bilateral interstitial pneumonia) တဲ့။

က်ေနာ့္ကို ေျပာစမ္းပါ။ ဘယ္တုပ္ေကြး ဒီလိုျမန္ျမန္ဆန္ဆန္ခ်ည္း ဆိုးသြားလဲ။ ညႊန္ၾကားခ်က္ေတြကို မလိုက္နာဘဲ မေၾကာက္ပါဘူးခ်ည္းေျပာေနတဲ့လူေတြ၊ လက္ရွိလုပ္ေနတဲ့အလုပ္ေတြရပ္ထားရမွာကို ျငင္းေနတဲ့လူေတြ ေျပာၾကစမ္းပါ။

ကပ္ေရာဂါကဆိုက္ေနၿပီ။ ခြဲစိတ္ဆရာဝန္၊ ဆီးလမ္းေၾကာင္းအထူးကု၊ အရိုးအထူးကဆိုၿပီး မရွိေတာ့ဘူး။ အာလုံးဟာ ဒီဆူနာမီကို ရင္ဆိုင္ဖို႔ အဖြဲ႕တစ္ဖြဲ႕ထဲက ဆရာဝန္ေတြျဖစ္သြားၾကၿပီ။

Case ေတြ တိုးတိုးလာေနၿပီ။ တစ္ရက္ကို ၁၅ေယာက္ကေန အေယာက္၂၀လက္ခံေနရၿပီ။ အားလုံးရဲ့အေျဖက positive တဲ့။ အေရးေပၚဌာနလဲ ရပ္ရလုနီးနီး။

အေရးေပၚကိုလာတဲ့ လူေတြအားလုံးရဲ့ လကၡဏာက တစ္ပုံစံထဲပဲ။ ဖ်ားမယ္။ အသက္ရႉက်ပ္မယ္။ ေခ်ာင္းဆိုးမယ္။ အေမာေဖာက္မယ္။ ဓာတ္မွန္ဌာနက အေျဖကလဲ သစ္ခုထဲ။ အဆုတ္ႏွစ္ဘက္လုံးေယာင္ျခင္း။
Tube နဲ႔ အသက္ရႈရမယ္။ ၾကပ္မတ္ေဆာင္ကို သြားရမယ္။ တခ်ိဳ႕အတြက္ေတာ့ ဒါေတြဟာ မမီေတာ့ဘူး။ ဒီအခ်ိန္မွာေတာ့ အသက္ရႉစက္ဟာ ေရႊပဲ။

ဝန္ထမ္းေတြလဲ ေျခကုန္လက္ပမ္းက်ၿပီ။ ဆရာဝန္ေတြကိုယ္တိုင္ ခုတင္ေတြ၊ လူနာေတြေရႊ႕၊ ေဆးေပး၊ သူနာျပဳေတြလဲ လူနာေတြအားလုံးကို မကယ္နိုင္လို႔ မ်က္ရည္စို႔ရ။ လူနာေတာ္ေတာ္မ်ားမ်ားရဲ့ နိဂုံးကလဲ ေသခ်ာေနၿပီ။

အဆိုင္းေတြ၊ ဂ်ဴတီေတြ မရွိေတာ့ဘူး။ နာရီေတြလဲ မသိေတာ့ဘူး။ မိသားစုဘဝ တျခားသာေရးနာေရးဆိုတာ က်ေနာ္တို႔အတြက္ မရွိေတာ့ဘူး။ ကူးမွာစိုးလို႔ မိသားစုေတြကိုေတာင္ မေတြ႕ေတာ့ဘူး။ ညႊန္ၾကားခ်က္ေတြကို လိုက္နာတဲ့ၾကားက က်ေနာ္တို႔ထဲမွာေတာင္ ကူးတဲ့လူရွိေနၿပီ။ အဲဒီလိုကူးတဲ့လူဆီက ေဆြမ်ိဳးသားခ်င္းေတြျပန္ကူး၊ တခ်ိဳ႕ဆို ေသမင္းနဲ႔လြန္ဆြဲေနရၿပီ။ ပြဲမသြားရတာ၊ အားကစား႐ုံမသြားရတာ၊ ျပတိုက္မသြားရတာကို သည္းခံပါ။ ကိုယ့္ေၾကာင့္ ေသကုန္မယ့္ သက္ႀကီးရြယ္အိုေတြကို သနားၾကပါ။
က်ေနာ္တို႔ တျခားလူေတြကို ကူေပးေနၾကတယ္။ မိတ္ေဆြလဲ ဝင္ကူလို႔ရတယ္။ ကိုယ့္ေၾကာင့္ တျခားလူေတြ ေသနိုင္တယ္။ ဒီမွာျဖစ္တာမ်ိဳး တျခားေနရာေတြမွာ မျဖစ္ရေလေအာင္ က်ေနာ္ေျပာတာေတြကို ထပ္ဆင့္ေျပာေပးၾကပါ။

Tharaphi Than

No comments:

Post a Comment