Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, March 31, 2020
မတ်လ ၃၁ ရက်နေ့နဲ့ ဧပြီလ ၁ ရက်နေ့ covic-19 အဆိုးဆုံးဖြစ်မယ် အဆိုးဆုံးဖြစ်မယ်
၁၄ နှစ်အရွယ်ရှိ အာနန်း ( AbighyaAnand) လို့ အမည်ရတဲ့ နက္ခဗေဒ ပညာရှင် ကလေးဟာ သူရဲ့ youtube channel မှာ လွန်ခဲ့တဲ့ ရှစ်လကတည်းက ( ဩဂုတ်လ ၂၂ရက်နေ့) က ကြိုတင်ခန့်မှန်းချက်တစ်ခုတင်ခဲ့ပါတယ်။
ထိုခန့်မှန်းချက်ထဲမှာ သူပြောထားတာက နိုဝင်ဘာ ၂၀၁၉ မှ ဧပြီ ၂၀၂၀ အထိ ခြောက်လအချိန်အတွင်းမှာ ဒီကမ္ဘာကြီးဟာ အင်မတန်ခက်ခဲတဲ့ အခြေအနေ တစ်ရပ်ကို ရောက်ရှိမှာဖြစ်ပြီး ကမ္ဘာစစ် ဒါမှမဟုတ် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်မျိုးနဲ့ ကြုံတွေ့ရပြီး တကမ္ဘာလုံး အင်မတန်စိတ်ညစ်ရလိမ့်မယ်လို့ ဟောထားပါတယ်။
သို့ပေသိ မေလ ၂၉ မှ စပြီးတော့ 🌍 ကြီးဟာ ခက်ခဲမူလမ်းကြောင်းပေါ်ကနေ အဝေးကို လှည့်ပတ်သွားမှာဖြစ်ပြီး ဒီကပ်ရောဂါရဲ့ အရှိန်ကျဆင်းသွားမှာဖြစ်ပြီး ထိန်းသိမ်းလို့ရတဲ့ အနေအထားကိုရောက်သွားလိမ့်မယ်လို့ လည်းသူကဆိုပါတယ်။
ဒီပညာရှင် ကလေးငယ် အာနန်းဆိုတာ အိန္ဒိယနိုင်ငံသား နက္ခဗေဒ ပညာရှင်ဖြစ်ပြီး သတင်းများမှာပါလေ့ ရှိသူတစ်ဦးပဲဖြစ်ပါတယ်။ ၂၀၁၃ မှာတော့ India Times က အင်တာဗျုးလုပ်ပြီး ပညာစမ်းတာမျိုးလုပ်ခဲ့ပါသေးတယ်။ သူ့ရဲ့ ပညာနဲ့ လူအများကို အံ့အားသင့်စေခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ သူဟာရွှေစျေးငွေစျေးတွေနဲ့ အခြားသော အိန္ဒိယနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ အမြဲမှန်ကန်စွာခန့်မှန်းချက်ထုတ်နိုင်ခဲ့သူပဲဖြစ်ပါတယ်။
ကပ်ရောဂါနဲ့ ပတ်သက်ပြီး ဒါဟာ လူသားမျိုးနွယ်နဲ့ ရောဂါပိုးတို့ ရင်ဆိုင်တိုက်ခိုက်ရမဲ့စစ်ပွဲလို့ သူကဆိုပါတယ်။ သူ့ရဲ့ပညာနဲ့ကြည့်ပြီး အာနန်းက မတ်လ ၃၁ ဟာ ကူးစက်မူ အပြင်းထန်ဆုံးဖြစ်မယ်လို့လည်းခန့်မှန်းထားပါသေးတယ်။
ဘာကြောင့်လဲဆိုရင် အင်္ဂါဂြိုလ်ဟာ စနေ နဲ့ ကြာသပတေး ဂြိုလ်တို့နဲ့ သွားပူးပေါင်းမှာဖြစ်ပြီး ရာဟုဂြိုလ်နဲ့ လကမ္ဘာတို့ကလည်း တဖက်ကနေပူးပေါင်းမိမှာဖြစ်ပါတယ်။
ဒါဟာ အင်မတန် ဖြစ်ခဲလှတဲ့ အခြေအနေဖြစ်ပါတယ်။ နက္ခဗေဒ သဘောအရ စနေ၊ ကြာသပတေး နဲ့ အင်္ဂါဂြိုလ်တို့ဟာ ဆိုလာ စနစ်ရဲ့ အပြင်ဘက်ဆုံး လမ်းကြောင်းမှာ ရှိပြီးအားအကောင်းဆုံး ဂြိုလ်တွေဖြစ်ကြတယ်လို့ဆိုပါတယ်။ ဒါကြောင်းသူတို့အားလုံးပေါင်းဆုံနေရာကြသွားတယ်ဆိုရင် သူတို့ရဲ့ ကမ္ဘာမြေကြီးအပေါ် သက်ရောက်မူဟာ အင်မတန် ကြီးမားအားကောင်းလာတတ်ပါတယ်။ တဖက်မှာလည်း လကမ္ဘာဟာ အရည်ပြန့်စေတဲ့ ဂြိုလ်လို့ထင်ရှားပြီး ရာဟုဂြိုလ်ကတော့ အခြင်းခြင်းဆက်သွယ်ပေးတဲ့ဂြိုလ်လို့ သတ်မှတ်ထားပါတယ်။
သူတို့နှစ်ဦး ရဲ့ပူးပေါင်းမူကြောင့် မတ်လ ၃၁ ရက်နေ့နဲ့ ဧပြီလ ၁ ရက်နေ့တို့မှာ နှာချေ 🤧 ချောင်းဆိုး 😷 ခြင်းအများဆုံးဖြစ်လာနိုင်ပြီး ရောဂါ အလွန်ပြန့်လွယ်နိုင်ပါတယ်။ ဒါကြောင့်ထိုရက်တွေမှာတော့ Social Distancing ကို လုံးဝ မဖြစ်မနေ ကို လုပ်ရမယ်လို့ဆိုပါတယ်။
သူရဲ့ ပညာအရ မေလ ၂၉ရက်နေ့မှာ ယခုပုံစံအတိုင်းလည်နေတဲ့ ဝင်ရိုးကျိုးမှာဖြစ်ပြီး ကမ္ဘာမြေအတွက် ကောင်းတဲ့ အကျိုးပြုအချိန်ပြန်ရောက်လာမှာပါ။ ရောဂါတွေ ကူးစက်မူနှုန်းလျော့ကျတဲ့ အကြောင်းတွေကိုကြားရမှာဖြစ်ပါတယ်။ ဒီ ကပ်နဲ့ ဆက်စပ်ပြီး ကျသွားတဲ့ စီးပွားရေးကတော့ နိုဝင်ဘာ ၂၀၂၁ မှသာပြန်လည်ဦးမော့လာပါလိမ့်မယ်လို့သူကဆိုပါတယ်။
ဒါဟာ မတ်လ ၂၇ က တင်တဲ့ ဆောင်းပါးကို ဖတ်ပြီးဘာသာပြန်ထားတာပါ ။ ချက်ချင်းဖတ်ပြီး ချက်ချင်းပြန်ထားတာဖြစ်တဲ့ အတွက် အဆင်မချောရင်ခွင့်လွတ်ပါ။ မူရင်းကို ဖတ်ချင်ရင်တော့ အပေါ်ကပိုစ့်မှာ link share ထားပေးပါတယ်။
ပုံမှန်အတိုင်းဆိုဒါမျိုးတွေ ကို သိပ်စိတ်မဝင်စားပေမဲ့ ဒါလေးကိုတော့မှန်စေခြင်မိတယ်။ 🙏🏻
Nisha Signhခရက်ဒစ်.. . ဦးနိုင်လင်း
သူဟာ သူဟာရွှေဈေးငွေဈေးတွေနဲ့ အခြားသော အိန္ဒိယနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ အမြဲမှန်ကန်စွာခန့်မှန်းချက်ထုတ်နိုင်ခဲ့သူပဲဖြစ်ပါတယ်။
Nisha Signh
ခရက်ဒစ်.. . ဦးနိုင်လင်း
No comments:
Post a Comment