Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 4, 2019

ကားေမာင္း အယူအဆေလးေတြ **ေခြးေခါင္း ႏြားဖင္**

ေခြးဆိုေခါင္းဘက္ကျဖတ္ရင္ သူကျပန္လွည့္ေျပးမွာျဖစ္တယ္။ ႏြားကေတာ့ ေခါင္းဘက္ကျဖတ္ရင္ ျပန္လွည့္ေျပးမွာမဟုတ္ဘဲ ေရွ႕ဆက္တိုးလာမွာျဖစ္လို့ သတိထားပါ လို့ေျပာတာပါ။ ႏြားဆိုဖင္ဘက္ကျဖတ္ပါ ေခြးဆိုဖင္ဘက္ကျဖတ္ရင္ သတိထားပါ ျပန္လွည့္ေျပးလာတတ္လို့ပါ။

**ဘယ္တက္ ညာပန္း**

ေရွ႕ကကုန္ကားကို ဟြန္းတီးေက်ာ္တဲ့ခါ ကုန္ကားက ဘယ္ေၾကာကိုေခါင္းတက္လာလို့ အရွိန္သပ္လိုက္ရတာမ်ိဳး ၾကဳံဖူးမွာပါ။ ဘယ္မတက္ခင္ ညာဘက္ကေနပန္းၿပီး ကုန္ကားေရွ႕မွာ လူ ဆိုက္ကား ဆိုင္ကယ္ ရွိမရွိ လမ္းေကာင္းမေကာင္း အရင္ၾကည့္ရပါတယ္။ ၿပီးမွလမ္းေတာင္းတက္ရပါတယ္။

**ကပ္ေကြ႕ျဖတ္ေကြ႕**

ေတာင္အဆင္းအတက္ေတြ ျမင္ကြင္းကြယ္ေကြ႕ေတြမွာ ကိုယ့္လမ္းဘက္ကို အတတ္နိုင္ဆုံး ကပ္ေကြ႕ရပါမယ္။ ေျမျပန္႔ၿပီး တဘက္ယာဥ္ေၾကာကို ေကာင္းေကာင္းျမင္ရ လမ္းရွင္းတဲ့အခါမွာေတာ့ အရွိန္နဲ႔တဘက္ပါမသြားေအာင္ ဒါမွမဟုတ္ ေကြ႕နည္းနည္းေျပသြားေအာင္ လမ္းလယ္ကိုျဖတ္ေကြ႕လို့ရပါတယ္။

**ကာထြက္ကာေကြ႕**

ကိုယ္ေဘးကားက ကိုယ္ရဲ့တဘက္ျမင္ကြင္းကို ကြယ္ထားတဲ့အခါ သူထြက္တဲ့အခါ သူ႔ကိုကာဗာယူၿပီး လိုက္ထြက္လို့ရပါတယ္။ သူကဘယ္ေကြ႕ဖို့ထြက္တဲ့အခါ တဘက္ျမင္ကြင္းကို ကိုယ္မျမင္ရေပမဲ့ သူကိုကာဗာယူၿပီး ကိုယ္ကညာေကြ႕လို့ရပါတယ္။

( ကားေမာင္း ေလ့လာေနေသာ ညီ/ကို မ်ားအတြက္ မၽွေဝေပးလိုက္ပါတယ္ 🙂
ကၽြမ္းက်င္ဆရာမ်ား ေက်ာ္သြားေပးပါ ခင္ဗ် )

(ျပန္လည္မၽွေဝျခင္းသာ)

.........
ခွေးဆိုခေါင်းဘက်ကဖြတ်ရင် သူကပြန်လှည့်ပြေးမှာဖြစ်တယ်။ နွားကတော့ ခေါင်းဘက်ကဖြတ်ရင် ပြန်လှည့်ပြေးမှာမဟုတ်ဘဲ ရှေ့ဆက်တိုးလာမှာဖြစ်လို့ သတိထားပါ လို့ပြောတာပါ။ နွားဆိုဖင်ဘက်ကဖြတ်ပါ ခွေးဆိုဖင်ဘက်ကဖြတ်ရင် သတိထားပါ ပြန်လှည့်ပြေးလာတတ်လို့ပါ။
**ဘယ်တက် ညာပန်း**
ရှေ့ကကုန်ကားကို ဟွန်းတီးကျော်တဲ့ခါ ကုန်ကားက ဘယ်ကြောကိုခေါင်းတက်လာလို့ အရှိန်သပ်လိုက်ရတာမျိုး ကြုံဖူးမှာပါ။ ဘယ်မတက်ခင် ညာဘက်ကနေပန်းပြီး ကုန်ကားရှေ့မှာ လူ ဆိုက်ကား ဆိုင်ကယ် ရှိမရှိ လမ်းကောင်းမကောင်း အရင်ကြည့်ရပါတယ်။ ပြီးမှလမ်းတောင်းတက်ရပါတယ်။
**ကပ်ကွေ့ဖြတ်ကွေ့**
တောင်အဆင်းအတက်တွေ မြင်ကွင်းကွယ်ကွေ့တွေမှာ ကိုယ့်လမ်းဘက်ကို အတတ်နိုင်ဆုံး ကပ်ကွေ့ရပါမယ်။ မြေပြန့်ပြီး တဘက်ယာဉ်ကြောကို ကောင်းကောင်းမြင်ရ လမ်းရှင်းတဲ့အခါမှာတော့ အရှိန်နဲ့တဘက်ပါမသွားအောင် ဒါမှမဟုတ် ကွေ့နည်းနည်းပြေသွားအောင် လမ်းလယ်ကိုဖြတ်ကွေ့လို့ရပါတယ်။
**ကာထွက်ကာကွေ့**
ကိုယ်ဘေးကားက ကိုယ်ရဲ့တဘက်မြင်ကွင်းကို ကွယ်ထားတဲ့အခါ သူထွက်တဲ့အခါ သူ့ကိုကာဗာယူပြီး လိုက်ထွက်လို့ရပါတယ်။ သူကဘယ်ကွေ့ဖို့ထွက်တဲ့အခါ တဘက်မြင်ကွင်းကို ကိုယ်မမြင်ရပေမဲ့ သူကိုကာဗာယူပြီး ကိုယ်ကညာကွေ့လို့ရပါတယ်။
( ကားမောင်း လေ့လာနေသော ညီ/ကို များအတွက် မျှဝေပေးလိုက်ပါတယ် 🙂
ကျွမ်းကျင်ဆရာများ ကျော်သွားပေးပါ ခင်ဗျ )
(ပြန်လည်မျှဝေခြင်းသာ)

No comments:

Post a Comment