Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 1, 2019

အမျိုးသမီးတိုင်းမှာ အတိတ် တစ်ခုစီ ရှိကြပါတယ်


အမျိုးသမီးတိုင်းမှာ
အတိတ် တစ်ခုစီ ရှိကြပါတယ်။
သူတို့ မလိုချင်တဲ့ အတိတ် ကိုယ်စီပေါ့။

တချို့က ရှုပ်ထွေးပွေလီခဲ့တဲ့ အချစ်
ဇာတ်လမ်းတွေ ရှိခဲ့မယ်၊
တချို့က ကြိုးပျက်နေတဲ့ မိသားစုမျိုး ပိုင်ဆိုင်ခဲ့ရတာ ရှိမယ်၊ တချို့က အိမ်ထောင်ကွဲ
ခဲ့တာမျိုး ရှိမယ်၊ ကိုယ့်ကို နိုင်ထက်စီးနင်းပြုတတ်တဲ့
ပတ်သက်ဆက်ယှက်မှုကို မလွန်ဆန်
နိုင်ခဲ့တာမျိုး ရှိမယ်၊

တချို့က ဆေးခပ်ပြီး ယုတ်မာခံ ခဲ့ရတာမျိုး ရှိမယ်၊ တချို့က ညစ်ညမ်းပုံတွေ အရိုက်ခံခဲ့ရတာမျိုး ရှိမယ်၊ တချို့က ရည်းစားဟောင်းရဲ့ ခြိမ်းခြောက် အကျပ်ကိုင်ခြင်း ခံခဲ့ရတာမျိုး ရှိမယ်၊
တချို့က အဝလွန်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ လှောင်ပြောင်ခံရပါများလို့ ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့တာမျိုး ရှိမယ်၊

တချို့ကတော့ ငွေရေးကြေးရေး
အဆင်မပြေလို့ စိတ်ဆင်းရဲခဲ့တာမျိုး ရှိမယ်၊
တချို့က မူးယစ်ဆေးစွဲတာ ဒါမှမဟုတ်
အရက်စွဲခဲ့တာမျိုး ရှိမယ်၊ တချို့က
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့
အကြိမ်ကြိမ် အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့
တာမျိုးတွေ အမျိုးမျိုး ရှိကြပါတယ်။

🌹အမျိုးသမီးတစ်ယောက်ကို သင်တွေ့ပြီဆိုရင်
သူတို့ဟာ ဒီလို စိတ်ဒဏ်ရာတွေထဲက
တစ်ခုမဟုတ် တစ်ခုတော့ ခံစားခဲ့ရတာ
များပါတယ်။ ဒါပေမယ့် သူတို့ဟာ
မျက်ရည်တွေကို သုတ်ပစ်ခဲ့ပြီးပြီ၊ သူတို့ရဲ့
ဆံပင်တွေကို သေသပ်စွာ စည်းနှောင်ရင်း
နတ်သက်ကြွေတဲ့ အပြုံးတွေနဲ့ သူတို့ရဲ့
နာကျင်ဝမ်းနည်းမှုတွေကို ဖုံးအပ်ထားကြပါတယ်၊

ခေါင်းကိုမော့ပြီး ကြံ့ခိုင်စွာ ရပ်တည်ဖို့
ကြိုးစားရင်း သူတို့ဘဝကို ရှေ့ဆက်
လျှောက်လှမ်း နေကြပါတယ်။ ဘာလို့လဲဆိုရင်
သူတို့မှာ မျှော်လင့်ချက်ဆိုတာလေး
ရှိနေသေးလို့ပါ၊ ဒီလောကကြီးမှာ ရှိနေသေးတဲ့
သူတို့ရဲ့ အတိတ်ဆိုးတွေကို မထိုးနှက်မယ့်
သန့်ရှင်းစင်ကြယ်ပြီး စာနာရိုင်းပင်းတတ်တဲ့
မေတ္တာတရားအပေါ်မှာ လက်လွှတ်
အရှုံးမပေးကြသေးလို့ပါ။

အမျိုးသမီးတွေကို ရန်မလုပ်ပါနဲ့၊ အမျိုးမျိုးသော
စော်ကားမှုတွေနဲ့ ထပ်ပြီး မပုတ်ခတ်ပါနဲ့။
သူတို့ကို တတ်နိုင်သမျှ လိုက်လျောစာနာပြီး
ဖေးမကူညီပေးပါ။ ကိုယ်နဲ့ ပတ်သက်တဲ့
အမျိုးသမီးတိုင်းကို နွေးထွေးပျုငှာစွာ
လက်ချင်းဆုပ်ကိုင်လို့ အတူတကွ လျှောက်လှမ်း
သွားနိုင်မယ် ဆိုရင် သူတို့ရဲ့ စိတ်ဝိဉာဉ်တွေဟာ
ဘယ်လောက် နူးညံ့ပြီး သူတို့ရဲ့ မျှော်လင့်ချက်
ရောင်ခြည်တွေဟာ ဘယ်လောက် ပိုမို
တောက်ပနေမလဲဆိုတာ သိသာ ခံစားလို့
ရလာပါလိမ့်မယ်။

သူတို့ရဲ့ စွမ်းအားတွေကို ဘယ်လောက်တောင်
စက်စုပ်စရာကောင်းနေတဲ့ အခြေအနေ
တွေကြားထဲက သယ်ပိုးထားရသလဲဆိုတာကို
အံ့သြစွာ သင်တွေ့မြင်ရမှာပါ။

အဲဒီလိုတွေ ခံစားနေရတဲ့ အမျိုးသမီး
တစ်ယောက်ဟာ သင့်ဘေးအိမ်က
ဒါမှမဟုတ် တခြားအိမ်တစ်အိမ်က မှရယ်လို့
မဟုတ်ပါဘူး သင့်ရဲ့ သူငယ်ချင်းအမျိုးသမီး
တစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။
သင့်ရဲ့ အစ်မ/ညီမ၊ သင့်ရဲ့ ချစ်သူကောင်မလေး၊
သင့်ရဲ့ အမျိုးသမီး၊ သင့်ရဲ့ မွေးမိခင်
ကိုယ်တိုင်ကို ဖြစ်နေနိုင်ပါတယ်။

သူတို့ရဲ့ အတိတ်တွေကို ကြည့်ပြီး သူတို့ကို
ဘယ်တော့မှ မဝေဖန်ပါနဲ့။ သူတို့နဲ့
ထိုက်တန်တဲ့ ငြိမ်းချမ်းသာယာတဲ့ အနာဂတ်
တစ်ခုကိုသာ ဖန်တီးပေးပါ။

သူတို့ရဲ့ လက်ကိုသာ မြဲမြဲ ဆုပ်ကိုင်ထားပြီး
ဝေဖန်အပြစ်တင်ဖို့ပဲ သိတဲ့ ဒီတစ်လောက
လုံးကို ဆန့်ကျင့်ပေးပါ။ အမျိုးသမီးတိုင်း
အမြဲတစေ တောင့်တနေတဲ့ ချစ်ခြင်းမေတ္တာနဲ့
စာနာဖေးမမှုဆိုတာကို မေတ္တာတရားနဲ့ အကောင်းဆုံး
ပေးနိုင်အောင်သာ အတတ်နိုင်ဆုံး ကြိုးစားပါ။ ♥️

Credit Words & Photo - Original Uploader

No comments:

Post a Comment