Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 4, 2019

တရုတ်ပြည်မှ လူသား ကလေး ကလီစာ ဈေးကွက် အကြောင်း


၁၉၉၅ ဝန္းက်င္ေလာက္မွစကာ တ႐ုတ္ျပည္တြင္ လူသားမ်ားအတြင္းကလီစာမ်ားျဖစ္ေသာ ေက်ာက္ကပ္၊ အသဲ ၊ အဆုပ္၊ႏွလုံး၊ မ်က္ၾကည္လြာမ်ား(corneas),အေတာ္ႀကီးပင္ က်ယ္က်ယ္ျပန႔္ျပန႔္ အစားထိုးကုသမႈမ်ား ျပဳလုပ္လာၾကသည္။

တ႐ုတ္ျပည္၏ ဒုတိယ က်န္းမာေရးဝန္ႀကီးျဖစ္သူ ဟြန္ခ်ီဖူက ၎တို႔၏ လူသားကလီစာမ်ား အစားထိုးမႈမ်ားအား ႏွစ္ကာလေတာ္ေတာ္ၾကာစမ္းသပ္ခဲ့ၿပီးေနာက္ ယခု လုံးလုံးစိတ္ခ်ရေသာ အေျခေနသို႔ ေရာက္ရွိေအာင္ျမင္သြားၿပီဟုလဲ ရွန္ဟိုင္းေဆး႐ုံအုပ္ႀကီးမွ ၂၀၁၂ က်န္းမာေရး ဆိုင္ရာ စီမီနာတခုတြင္ အတိလင္း ထုတ္ေဖၚေျပာဆိုခဲ့သည္။

ပထမအစတြင္ တ႐ုတ္ျပည္တြင္းမွ ရာဇဝတ္မႈမ်ားျဖင့္ ေသဒဏ္ေပးခံရေသာ အက်ဥ္းသားမ်ားအား ေသဒဏ္အမိန႔္ျဖင့္ သတ္ျဖတ္ၿပီးၿပီးခ်င္းမွာပင္ ၎အက်ဥ္းသား႐ုပ္ကလပ္မွ ကလီစာမ်ားကို ခ်က္ျခင္း က်န္းမာေရးဌာနမွ ထုတ္ယူကာ လိုအပ္ေနေသာ လူနာဆီသို႔ အလၽွင္ျမန္ကူးေျပာင္း အစားထိုး ကုသခဲ့ၾကသည္။

သို႔ရာတြင္ ေသဒဏ္ေပးခံခဲ့ရေသာ ရာဇဝတ္အက်ဥ္းသားမ်ား၏ အတြင္းကလီစာမ်ားမွာ ၎တို႔၏ က်န္းမာေရး ဆိုင္ရာ လိုက္စား လိုက္နာမႈမ်ား အားနည္းေသာေၾကာင့္ တဖက္တြင္ ေငြေၾကးအေျမာက္မ်ားျဖင့္ အတြင္းကလီစာအား ေပးဝယ္ထားေသာ လူနာမ်ား၏ အတြင္းသို႔ ေရာက္ရွိသြားေသာအခါ အဆိုပါ ကလီစာမ်ားသည္ သန႔္ရွင္းသန္စြမ္းေသာ ကလီစာမ်ားမဟုတ္ေသာေၾကာင့္

‌ေငြကုန္ေၾကးက်ခံကာ ေစာင့္ဆိုင္းဝယ္ယူၿပီး အစားထိုးခဲ့ေသာ လူနာမ်ားအဖို႔ ထပ္မံဒုကၡခံစားၿပီး ကုသၾကရေသာေၾကာင့္ လြန္ခဲ့ေသာ ၂၀၁၀ ခုႏွစ္မွ စတင္ေတြ႕ရွိကာ ၂၀၁၂ ခုႏွစ္ေမလမွစၿပီး ေသဒဏ္ေပးခံရေသာ အက်ဥ္းသားမ်ား၏ ကလီစာမ်ားအား အစားထိုးကုသျခင္းမျပဳလုပ္ရန္ က်န္းမာေရးဒုဝန္ႀကီး ဟြန္ ကပင္ တားျမစ္ထုတ္ျပန္ခဲ့ေလသည္။

တ႐ုတ္ျပည္တြင္ လူသားကလီစာမ်ား အစားထိုးကုသရန္ ေငြေၾကးျပည့္စုံၿပီး ေစာင့္ဆိုင္းေနေသာ ဝယ္လိုအားျမင့္တက္လာသည္မွာ လူနာဦးေရ တစ္သန္းခြဲ နီးပါးမၽွျဖစ္လာေလသည္။ထိုေၾကာင့္ လူသားကလီစာမ်ား အျမန္ရရွိရန္ တ႐ုတ္ျပည္ တနံတလ်ားတြင္ လူေမွာင္ခို ဂိုင္းမ်ား တိုးပြါးလာေတာ့သည္။

တ႐ုတ္ျပည္၏ တည္ဆဲဥပေဒအရ တ႐ုတ္ျပည္အတြင္း လူေမွာင္ခိုးကူးသန္းသည္ကို ႀကီးမားေသာ ရာဇဝတ္မႈအျဖစ္ ႀကီးမားေသာ ျပစ္ဒဏ္ႏွင့္ ေသဒဏ္ထိခ်မွတ္ရန္ ျပဌာန္းထားေသာေၾကာင့္ တ႐ုတ္ျပည္သားအခ်င္းခ်င္းေရာင္းဝယ္ေဖါက္ကားေရးဖက္သို႔ ဦးမလွည့္ေတာ့ပဲ ဆင္းရဲေသာ တိုင္းျပည္မ်ားျဖစ္သည့္ တ႐ုတ္ျပည္ႏွင့္ နယ္ခ်င္းထိစပ္လၽွက္ရွိေနၾကေသာ ျမန္မာ ၊လာအို၊ ကမ္ေဘာဒီးယားတို႔သည္ တ႐ုတ္ျပည္၏ လူေမွာင္ခိုဂိုဏ္မ်ား၏ ပစ္မွတ္ျဖစ္လာရေတာ့သည္။

တ႐ုတ္ျပည္၏ ေအာ္ဂင္ထရန္စ္ပလန႔္(Organ Transplant) ေဈးကြက္ မွ လိုအပ္ခ်က္ႀကီးမားေသာေၾကာင့္ ျမန္မာျပည္မွ ဆင္းရဲေသာ ေဒသမွ လူငယ္မ်ား မိန္းမငယ္မ်ားက သားေကာင္ျဖစ္လာၾကေတာ့သည္။ တ႐ုတ္ျပည္တြင္ ေက်ာက္ကပ္တခုအား အေရာင္းဝယ္လုပ္ရာတြင္ အေမရိကန္ ေဒၚလာ ၃၅၀၀မွ ၅၅၀၀ ထိေဈးေပါက္ေၾကာင္း (Xinhua News Agency)ဆင္ဟြာ သတင္းက တရားဝင္ တင္ျပသြားေသာ မတ္လ ၂၅ ရက္ ၂၀၁၂ခုႏွစ္ သတင္းစာက လူေမွာင္ခိုဂိုင္းသားမ်ားအတြက္ သတင္းေကာင္းေဈးႏုံန္းျဖစ္ခဲ့သည္။

လူသား ႏွံလုံးသားတခုသည္ အေမရိကန္ေဒၚလာ ၁၅၀၀၀ ထိ ေပါက္ၿပီး မ်က္ၾကည္လႊာသည္ အေမရိကန္ေဒၚလာ ၄၀၀၀မွ ၆၀၀၀ ထိေဈးရၿပီး သန႔္ရွင္းေသာ အဆုပ္အတြက္ ေဒၚလာ ၂၀၀၀၀ ထိေပါက္ေၾကာင္း သိရသည္။ယခု ျမန္မာျပည္ထဲတြင္ အသက္ ၇ ႏွစ္မွ အသက္ ၃၀ ေအာက္ရွိေသာ လူေျပာက္မႈျဖင့္ ေဒသဆိုင္ရာ ရဲစခန္း ႏွင့္ အာဏာပိုင္မ်ားအား တိုင္ၾကားထားေသာ အမႈေပါင္း ၃၆၂၀ ခန႔္ရွိၿပီဟု ျပည္ထဲေရးႏွင့္ ပတ္သက္ေသာ ဌာနတခုက လက္သိပ္တို႔ေျပာဆိုထားသည္။

အဆိုပါလူေျပာက္မႈမ်ားအား ျမန္မာျပည္တြင္ထုတ္ေဝေသာ အစိုးရ သတင္းစာ ႏွစ္ေစာင္တြင္ ေန႔စဥ္ မဟုတ္ရင္ေတာင္ ရက္ျခားအေနျဖင့္ သတင္းစာတြင္ ေဖၚျပေနသည္ကို ၂၀၁၀မွ ယခု ၂၀၁၃ ခုႏွစ္ထိ မွတ္တမ္းျပဳစုခဲ့ရာတြင္ လူေျပာက္ေၾကျငာခ်က္ေပါင္း ၅၂၁ ေယာက္မၽွရွိတာကိုေတြ႕ရၿပီျဖစ္သည္။

ျမန္မာျပည္မွ ဆင္းရဲသား ျပည္သူမ်ားအဖို႔ ယခု အစိုးရလက္ထက္တြင္ ျပည္သူမ်ား၏ လုံျခဳံေရး ေဘးအႏၲရယ္ကင္းရွင္းေရးအတြက္ တိက်ခိုင္မာေသာ အသုံးစရိတ္ အကာကြယ္ အစီမံမ်ား တိတိက်က် ျပဌာန္းသတ္မွတ္ေဖၚျပထားျခင္းမရွိသည္မွာ ေျပာင္းလဲၿပီဟုေျပာေနေသာ အစိုးရတရပ္အတြက္ ေထာက္ျပစရာသက္ေသသက္ကာရျဖစ္ေနသည္။ျမန္မာျပည္သားမ်ားအဖို႔ က်ားေၾကာက္ၿပီး ဆင္ႀကီးကိုးမိေသာ သူမ်ားအတြက္ ေနျပည္ေတာ္ လြတ္ေတာ္ႏွင့္ ၎အစိုးရအဖြဲ႕သည္ ဆင္ႀကီးက က်ားထက္ဆိုးေသာ အေျခေနသို႔ တည့္တည့္မတ္မတ္ ေရာက္ရွိေနၿပီျဖစ္သည္။

လူကုန္ကူးမႈ တိုက္ဖ်က္ေရးႏွင့္ပတ္သက္ေသာ ထင္သာျမင္သာေအာင္ ျမန္မာ အစိုးရသတင္းစာမ်ားက ၂၀၁၁ ခုမွ စတင္ ေဆာင္ရြက္လာေသာ္လည္း ပူးေပါင္းေဆာင္ရြက္မႈ တာဝန္ေပးအပ္မႈ တာဝန္ခံရမႈမ်ားသည္ တိတိက်က် မရွိေၾကာင္း ေတြ႕ရွိရသည္၊ ဥပမာ မိမိ၏မိသားစုမွ တဦးဦးေျပာက္ဆုံးေၾကာင္း

သြားေရာက္တိုင္ၾကားလၽွင္ တိုင္ၾကားသူမ်ားကိုပင္ ေၾကာက္ရြံ့ေအာင္ အမ်ိဳးမ်ိဳး ေျပာဆိုေမးျမန္းေနေသာ ရဲစခန္းမ်ား ရဲဝန္ထမ္းမ်ား၏ စရိုက္က ပိုၿပီး ေၾကာက္မက္ဖြယ္ရာ ေကာင္းေနသည့္အျပင္ အဆိုပါ ရဲဝန္ထမ္းမ်ားအား မိမိ၏ အပူေသာက မ်ားအၾကားမွ ထိထိေရာက္ေရာက္ ေဆာင္ရြက္ေပးရန္ ထပ္မံ ပိုက္ဆံမ်ား ေပးေနၾကရသည္။

ထိုကဲ့သို႔ အမ်ိဳးသားေရးအျမင္၊ လုံျခဳံေရးအျမင္ ႏွင္ ဥပေဒ အကာကြယ္ အားနည္းမႈမ်ားေၾကာင့္ ျမန္ျပည္မွ လူသားမ်ားသည္ ကလီစာထုတ္ခံရေသာ ေနရာသို႔ ပုံစံမ်ိဳးစုံ အေၾကာင္းေပါင္းစုံျဖင့္ အႀကီးအက်ယ္ေရာက္ရွိကာ လူေမွာင္ခိုဂိုဏ္းသားမ်ား၏ ေရာင္းဝယ္ေဖါက္ကားခံရေသာ ဘဝသို႔ သက္ဆင္းေနၾကရမည္ ျဖစ္ပါေၾကာင္း ေက်းဇူးတင္ပါသည္။
uni
၁၉၉၅ ဝန်းကျင်လောက်မှစကာ တရုတ်ပြည်တွင် လူသားများအတွင်းကလီစာများဖြစ်သော ကျောက်ကပ်၊ အသဲ ၊ အဆုပ်၊နှလုံး၊ မျက်ကြည်လွာများ(corneas),အတော်ကြီးပင် ကျယ်ကျယ်ပြန့်ပြန့် အစားထိုးကုသမှုများ ပြုလုပ်လာကြသည်။



တရုတ်ပြည်၏ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဟွန်ချီဖူက ၎င်းတို့၏ လူသားကလီစာများ အစားထိုးမှုများအား နှစ်ကာလတော်တော်ကြာစမ်းသပ်ခဲ့ပြီးနောက် ယခု လုံးလုံးစိတ်ချရသော အခြေနေသို့ ရောက်ရှိအောင်မြင်သွားပြီဟုလဲ ရှန်ဟိုင်းဆေးရုံအုပ်ကြီးမှ ၂၀၁၂ ကျန်းမာရေး ဆိုင်ရာ စီမီနာတခုတွင် အတိလင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။



ပထမအစတွင် တရုတ်ပြည်တွင်းမှ ရာဇဝတ်မှုများဖြင့် သေဒဏ်ပေးခံရသော အကျဉ်းသားများအား သေဒဏ်အမိန့်ဖြင့် သတ်ဖြတ်ပြီးပြီးချင်းမှာပင် ၎င်းအကျဉ်းသားရုပ်ကလပ်မှ ကလီစာများကို ချက်ခြင်း ကျန်းမာရေးဌာနမှ ထုတ်ယူကာ လိုအပ်နေသော လူနာဆီသို့ အလျှင်မြန်ကူးပြောင်း အစားထိုး ကုသခဲ့ကြသည်။



သို့ရာတွင် သေဒဏ်ပေးခံခဲ့ရသော ရာဇဝတ်အကျဉ်းသားများ၏ အတွင်းကလီစာများမှာ ၎င်းတို့၏ ကျန်းမာရေး ဆိုင်ရာ လိုက်စား လိုက်နာမှုများ အားနည်းသောကြောင့် တဖက်တွင် ငွေကြေးအမြောက်များဖြင့် အတွင်းကလီစာအား ပေးဝယ်ထားသော လူနာများ၏ အတွင်းသို့ ရောက်ရှိသွားသောအခါ အဆိုပါ ကလီစာများသည် သန့်ရှင်းသန်စွမ်းသော ကလီစာများမဟုတ်သောကြောင့်



‌ငွေကုန်ကြေးကျခံကာ စောင့်ဆိုင်းဝယ်ယူပြီး အစားထိုးခဲ့သော လူနာများအဖို့ ထပ်မံဒုက္ခခံစားပြီး ကုသကြရသောကြောင့် လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှ စတင်တွေ့ရှိကာ ၂၀၁၂ ခုနှစ်မေလမှစပြီး သေဒဏ်ပေးခံရသော အကျဉ်းသားများ၏ ကလီစာများအား အစားထိုးကုသခြင်းမပြုလုပ်ရန် ကျန်းမာရေးဒုဝန်ကြီး ဟွန် ကပင် တားမြစ်ထုတ်ပြန်ခဲ့လေသည်။



တရုတ်ပြည်တွင် လူသားကလီစာများ အစားထိုးကုသရန် ငွေကြေးပြည့်စုံပြီး စောင့်ဆိုင်းနေသော ဝယ်လိုအားမြင့်တက်လာသည်မှာ လူနာဦးရေ တစ်သန်းခွဲ နီးပါးမျှဖြစ်လာလေသည်။ထိုကြောင့် လူသားကလီစာများ အမြန်ရရှိရန် တရုတ်ပြည် တနံတလျားတွင် လူမှောင်ခို ဂိုင်းများ တိုးပွါးလာတော့သည်။



တရုတ်ပြည်၏ တည်ဆဲဥပဒေအရ တရုတ်ပြည်အတွင်း လူမှောင်ခိုးကူးသန်းသည်ကို ကြီးမားသော ရာဇဝတ်မှုအဖြစ် ကြီးမားသော ပြစ်ဒဏ်နှင့် သေဒဏ်ထိချမှတ်ရန် ပြဌာန်းထားသောကြောင့် တရုတ်ပြည်သားအချင်းချင်းရောင်းဝယ်ဖေါက်ကားရေးဖက်သို့ ဦးမလှည့်တော့ပဲ ဆင်းရဲသော တိုင်းပြည်များဖြစ်သည့် တရုတ်ပြည်နှင့် နယ်ချင်းထိစပ်လျှက်ရှိနေကြသော မြန်မာ ၊လာအို၊ ကမ်ဘောဒီးယားတို့သည် တရုတ်ပြည်၏ လူမှောင်ခိုဂိုဏ်များ၏ ပစ်မှတ်ဖြစ်လာရတော့သည်။



တရုတ်ပြည်၏ အော်ဂင်ထရန်စ်ပလန့်(Organ Transplant) ဈေးကွက် မှ လိုအပ်ချက်ကြီးမားသောကြောင့် မြန်မာပြည်မှ ဆင်းရဲသော ဒေသမှ လူငယ်များ မိန်းမငယ်များက သားကောင်ဖြစ်လာကြတော့သည်။ တရုတ်ပြည်တွင် ကျောက်ကပ်တခုအား အရောင်းဝယ်လုပ်ရာတွင် အမေရိကန် ဒေါ်လာ ၃၅ဝဝမှ ၅၅၀၀ ထိဈေးပေါက်ကြောင်း (Xinhua News Agency)ဆင်ဟွာ သတင်းက တရားဝင် တင်ပြသွားသော မတ်လ ၂၅ ရက် ၂၀၁၂ခုနှစ် သတင်းစာက လူမှောင်ခိုဂိုင်းသားများအတွက် သတင်းကောင်းဈေးနုံန်းဖြစ်ခဲ့သည်။



လူသား နှံလုံးသားတခုသည် အမေရိကန်ဒေါ်လာ ၁၅၀၀၀ ထိ ပေါက်ပြီး မျက်ကြည်လွှာသည် အမေရိကန်ဒေါ်လာ ၄ဝဝဝမှ ၆၀၀၀ ထိဈေးရပြီး သန့်ရှင်းသော အဆုပ်အတွက် ဒေါ်လာ ၂၀၀၀၀ ထိပေါက်ကြောင်း သိရသည်။ယခု မြန်မာပြည်ထဲတွင် အသက် ၇ နှစ်မှ အသက် ၃၀ အောက်ရှိသော လူပြောက်မှုဖြင့် ဒေသဆိုင်ရာ ရဲစခန်း နှင့် အာဏာပိုင်များအား တိုင်ကြားထားသော အမှုပေါင်း ၃၆၂၀ ခန့်ရှိပြီဟု ပြည်ထဲရေးနှင့် ပတ်သက်သော ဌာနတခုက လက်သိပ်တို့ပြောဆိုထားသည်။



အဆိုပါလူပြောက်မှုများအား မြန်မာပြည်တွင်ထုတ်ဝေသော အစိုးရ သတင်းစာ နှစ်စောင်တွင် နေ့စဉ် မဟုတ်ရင်တောင် ရက်ခြားအနေဖြင့် သတင်းစာတွင် ဖေါ်ပြနေသည်ကို ၂၀၁ဝမှ ယခု ၂၀၁၃ ခုနှစ်ထိ မှတ်တမ်းပြုစုခဲ့ရာတွင် လူပြောက်ကြေငြာချက်ပေါင်း ၅၂၁ ယောက်မျှရှိတာကိုတွေ့ရပြီဖြစ်သည်။



မြန်မာပြည်မှ ဆင်းရဲသား ပြည်သူများအဖို့ ယခု အစိုးရလက်ထက်တွင် ပြည်သူများ၏ လုံခြုံရေး ဘေးအန္တရယ်ကင်းရှင်းရေးအတွက် တိကျခိုင်မာသော အသုံးစရိတ် အကာကွယ် အစီမံများ တိတိကျကျ ပြဌာန်းသတ်မှတ်ဖေါ်ပြထားခြင်းမရှိသည်မှာ ပြောင်းလဲပြီဟုပြောနေသော အစိုးရတရပ်အတွက် ထောက်ပြစရာသက်သေသက်ကာရဖြစ်နေသည်။မြန်မာပြည်သားများအဖို့ ကျားကြောက်ပြီး ဆင်ကြီးကိုးမိသော သူများအတွက် နေပြည်တော် လွတ်တော်နှင့် ၎င်းအစိုးရအဖွဲ့သည် ဆင်ကြီးက ကျားထက်ဆိုးသော အခြေနေသို့ တည့်တည့်မတ်မတ် ရောက်ရှိနေပြီဖြစ်သည်။



လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့်ပတ်သက်သော ထင်သာမြင်သာအောင် မြန်မာ အစိုးရသတင်းစာများက ၂၀၁၁ ခုမှ စတင် ဆောင်ရွက်လာသော်လည်း ပူးပေါင်းဆောင်ရွက်မှု တာဝန်ပေးအပ်မှု တာဝန်ခံရမှုများသည် တိတိကျကျ မရှိကြောင်း တွေ့ရှိရသည်၊ ဥပမာ မိမိ၏မိသားစုမှ တဦးဦးပြောက်ဆုံးကြောင်း



သွားရောက်တိုင်ကြားလျှင် တိုင်ကြားသူများကိုပင် ကြောက်ရွံ့အောင် အမျိုးမျိုး ပြောဆိုမေးမြန်းနေသော ရဲစခန်းများ ရဲဝန်ထမ်းများ၏ စရိုက်က ပိုပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေသည့်အပြင် အဆိုပါ ရဲဝန်ထမ်းများအား မိမိ၏ အပူသောက များအကြားမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် ထပ်မံ ပိုက်ဆံများ ပေးနေကြရသည်။



ထိုကဲ့သို့ အမျိုးသားရေးအမြင်၊ လုံခြုံရေးအမြင် နှင် ဥပဒေ အကာကွယ် အားနည်းမှုများကြောင့် မြန်ပြည်မှ လူသားများသည် ကလီစာထုတ်ခံရသော နေရာသို့ ပုံစံမျိုးစုံ အကြောင်းပေါင်းစုံဖြင့် အကြီးအကျယ်ရောက်ရှိကာ လူမှောင်ခိုဂိုဏ်းသားများ၏ ရောင်းဝယ်ဖေါက်ကားခံရသော ဘဝသို့ သက်ဆင်းနေကြရမည် ဖြစ်ပါကြောင်း ကျေးဇူးတင်ပါသည်။




No comments:

Post a Comment